မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ
မန္တလေးမြို့၏ အုပ်ချုပ်ရေးအဖွဲ့အစည်း From Wikipedia, the free encyclopedia
Remove ads
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (အင်္ဂလိပ်: Mandalay City Development Committee; အတိုကောက် MCDC) သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့၏ မြို့ပြဆိုင်ရာ မြူနီစပါယ် အုပ်ချုပ်ရေးအဖွဲ့အစည်း ဖြစ်သည်။[၁] မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် မြို့တော်စီမံကိန်းများ၊ မြေနေရာ စီမံခြင်း၊ အခွန်ကောက်ခံခြင်းနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်သည်။[၁] စည်ပင်သာယာရေး ကော်မတီ၏ ဥက္ကဋ္ဌသည် မြို့တော်ဝန်အဖြစ် တာဝန်ယူသကဲ့သို့ ၂၀၁၁မှ လက်ရှိအချိန်အထိ အစိုးရအဖွဲ့များတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စည်ပင်သာယာရေးဝန်ကြီးအဖြစ်ပါ ဆောင်ရွက်သည်။[၁][၂]လက်ရှိမြို့တော်ဝန်မှာ ဦးကျော်ဆန်းဖြစ်သည်။
Remove ads
သမိုင်းကြောင်း
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကို ၁၉၉၂ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ ဥပဒေအမှတ် ၁၀/၉၂ဖြင့် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးသန်းရွှေက လက်မှတ်ရေးထိုးထုတ်ပြန်သော မန္တလေးမြို့ စည်ပင်သာယာရေး ဥပဒေအရ စတင်ဖွဲ့စည်းခဲ့သည်။[၃] စတင်ဖွဲ့စည်းစဉ်က အမည်မှာ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီဖြစ်သည်။ဥပဒေထုတ်ပြန်ခဲ့ပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးထွန်းကြည်မှ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကော်မတီသည် ထိုစဉ်က နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲဖြစ်သူ နိုင်ငံတော်ဝန်ကြီးချုပ်အား တိုက်ရိုက်အစီရင်ခံရသည်။

၂၀၀၂ ခုနှစ်တွင် ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ရုပ်သိမ်းပြီး ၂၀၀၂ ခုနှစ် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေနှင့် အစားထိုးခဲ့သည်။[၄] အဖွဲ့ဝင် ၅ ဦးမှ ၉ ဦးအထိ ပါဝင်ပြီး ဥက္ကဋ္ဌက မြို့တော်ဝန်အဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌက ဒုတိယမြို့တော်ဝန်အဖြစ်လည်းကောင်း တာဝန်ယူသည်။[၄]ကော်မတီဝင်များကို ဗဟိုဦးစီးစနစ်ဖြင့် တိုက်ရိုက်ခန့်အပ်သည်။
၂၀၁၅ခုနှစ်မှစတင်ကာ မြို့တော်စည်ပင် နယ်နိမိတ် (၆)မြို့နယ်တွင် ရွေးကောက်ပွဲများ ကျင်းပကာ ကော်မတီဝင်များ တင်မြောက်ခဲ့ကြသည်။ကော်မတီတစ်ခု၏ သက်တမ်းမှာ ၎င်းကိုခန့်အပ်သည့် အစိုးရ၏ သက်တမ်းအတိုင်းဖြစ်သည်။[၅]
Remove ads
ဌာနများ
- စီမံရေးရာဌာန
- မော်တော်ယဉ်နှင့် စက်ပြင်ဌာန
- ဈေးနှင့် သားသတ်ရုံဌာန
- ဘဏ္ဍာရေးဌာန
- အခွန်ဌာန
- သန့်ရှင်းရေးဌာန
- ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန
- အဆောက်အဦနှင့် ဗဟိုစတိုဌာန
- လမ်းတံတားဌာန
- ရေနှင့်သန့်ရှင်းမှု ဌာန
- မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
- ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန
- စစ်ဆေးရေးဌာန
- စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန
- ရတနာပုံဘဏ်လီမိတက်

ပြခန်း
- ညဘက်မြင်ကွင်း
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads