အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
မန္တလေးမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ် From Wikipedia, the free encyclopedia
Remove ads
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် လပခ) သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ အဓိက တာဝန်မှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတောင်ပိုင်းနှင့် ၎င်းတို့နှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ တိုင်းစစ်ဌာနချုပ်ရုံးမှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် နန်းတွင်းတွင်တည်ရှိပြီး၊[၁] လက်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် တင်မင်းလတ် ဖြစ်သည်။
Remove ads
သမိုင်း
၁၉၆၁ခုနှစ်မတိုင်မီတွင် မြန်မာနိုင်ငံ၌ တောင်ပိုင်းတိုင်းနှင့် မြောက်ပိုင်းတိုင်းဟူ၍ တိုင်းစစ်ဌာနချုပ် နှစ်ခုသာရှိခဲ့ရာမှ ၁၉၆၁ခုနှစ် အောက်တိုဘာလတွင် အနောက်မြောက်၊အလယ်ပိုင်း၊အရှေ့တောင်၊အနောက်တောင်၊အရှေ့ပိုင်းဟူ၍ ၅ခုအထိ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မင်္ဂလာဒုံတွင် အခြေစိုက်သည်။ ပထမဆုံးတိုင်းမှူးမှာ ဗိုလ်မှူးချုပ်စိန်ဝင်းဖြစ်သည်။ နောက်ပိုင်းတွင် တောင်ငူသို့ ပြောင်း၍ အခြေစိုက်သည်။၁၉၈၈ခုနှစ်နောက်ပိုင်းတွင် မန္တလေးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ခွဲခြားကာ မုံရွာမြို့သို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းအား မန္တလေးသို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပျဉ်းမနားဒေသအား နေပြည်တော်တိုင်းစစ်ဌာနချုပ်ဟူ၍ ခွဲထုတ်ခဲ့သည်။[၂][၃][၄]
Remove ads
ဖွဲ့စည်းပုံ
စစ်ဗျူဟာများ
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မဌာနချုပ်များ
အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်
အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်
အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
အောက်ပါတို့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော စစ်တိုင်းမှူးများဖြစ်သည်။
- ဗိုလ်မှူးကြီး သောင်းကြည် (ကြည်း - ၃၅၂၃)
- ဗိုလ်မှူးချုပ် စိန်ဝင်း (ကြည်း - ၃၅၂၅)
- ဗိုလ်မှူးချုပ် တင်ဦး (ကြည်း - ၃၆၅၁) (၁၉-၉-၁၉၆၄ မှ ၂၀-၄-၁၉၇၂)
- ဗိုလ်မှူးကြီး ခင်အုန်း (ကြည်း - ၅၆၀၅) (၂၉-၄-၁၉၇၂ မှ ၈-၃-၁၉၇၄)
- ဗိုလ်မှူးကြီး မျိုးအောင် (ကြည်း - ၅၅၈၁)
- ဗိုလ်မှူးကြီး သန်းတင် (ကြည်း - ၅၆၀၃) (ဗသက - ၂)
- ဗိုလ်မှူးကြီး ရန်နောင်စိုး (ကြည်း - ၆၂၂၀) (၁၈-၃-၁၉၇၅ မှ ၃၀-၉-၁၉၇၇)
- ဗိုလ်မှူးကြီး ဝမ်းတင် (ကြည်း - ၆၁၃၈) (၃၀-၉-၁၉၇၇ မှ ၂၃-၃-၁၉၇၉)
- ဗိုလ်မှူးချုပ် ဂျီတောင်ဇာခိုင် (ကြည်း - ၅၈၄၁) (၂၃-၃-၁၉၇၉ မှ ၂၂-၇-၁၉၈၃)
- ဗိုလ်မှူးချုပ် ဘုန်းမြင့် (ကြည်း - ၆၆၆၂) (ဗသက - ၉) (၁၉၈၃ ခန့်အပ်) (၂၂-၇-၁၉၈၃ မှ ၄-၁၁-၁၉၈၅)
- ဗိုလ်ချုပ် အေးသောင် (ကြည်း - ၇၀၃၄) (ဗသက - ၁၃) (၄-၁၁-၁၉၈၅ မှ )
- ဗိုလ်မှူးချုပ် ထွန်းကြည် (ကြည်း - ၇၈၆၄) (စတသ - ၁)
- ဗိုလ်ချုပ် ကျော်သန်း (ကြည်း - ၈၄၅၈) (ဗသက - ၂၅)
- ဗိုလ်ချုပ် ရဲမြင့် (ကြီး) (ကြည်း - ၁၀၃၁၀) (ဗသက - ၃၁)
- ဗိုလ်ချုပ် ရဲမြင့် (လေး) (ကြည်း - ၁၂၆၀၇) (စတသ - ၁၅)
- ဗိုလ်ချုပ် ခင်ဇော် (ကြည်း - ၁၃၂၄၂) (စတသ - ၁၆)
- ဗိုလ်ချုပ် တင်ငွေ (ကြည်း - ၁၆၄၈၅) (စတသ - ၂၂)
- ဗိုလ်ချုပ် ရဲအောင် (ကြည်း - ၁၆၇၂၉) (စတသ - ၂၃)
- ဗိုလ်ချုပ် စိုးထွဋ် (ကြည်း - ၁၇၅၄၀) (ဗသက - ၆၄)
- ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန် (ကြည်း - ၁၈၂၉၆) (စတသ - ၂၅)
- ဗိုလ်ချုပ် ကျော်စွာလင်း (ကြည်း - ၂၅၀၇၄) (စတသ - ၃၅) (လက်ရှိ ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်ထောက်ချုပ်)
- ဗိုလ်ချုပ် ကိုကိုဦး (ကြည်း - ၂၈၁၁၉) (စတသ - ၃၈) (လက်ရှိ ဒုတိယဗိုလ်ချုပ်ကြီး၊ အမှတ်(၁)စစ်ဆင်ရေးအထူးအဖွဲ့မှူး)
- ဗိုလ်ချုပ် ကြည်ခိုင် [၅] [၆] (ကြည်း - ၂၇၁၄၀) (စတသ - ၃၇) (ယခင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ယခင် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး)
- ဗိုလ်ချုပ် အောင်ခိုင်ဝင်း (ကြည်း - ၂၅၉၅၇) (စတသ - ၃၆) (ယခင် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး)[၇]
- ဗိုလ်မှူးချုပ် ကျော်ကိုထိုက် (ကြည်း - ၂၈၁၂၅) [၈] (စတသ - ၃၈)[၉]
- ဗိုလ်မှူးချုပ် တင်မင်းလတ် (ယခင် ဗန်းမော်အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး )[၁၀]
Remove ads
ကိုးကား
နောက်ထပ်ကြည့်ရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads