မန်နာဘောလုံးကွင်း

From Wikipedia, the free encyclopedia

မန်နာဘောလုံးကွင်း
Remove ads

မန်နာဘောလုံးကွင်းမှာ အင်္ဂလန်၊ လန်ဒန်မြို့၏ အရှေ့တောင်ဘက်ရှိ ပလန်းစတတ်ဒေသတွင် ရှိခဲ့သောဘောလုံးကွင်း ဖြစ်သည်။ တော်ဝင်အာဆင်နယ် (နောက်ပိုင်းဝူးဝစ်အာဆင်နယ်) အသင်း၏ အိမ်ကွင်း ဖြစ်သည်။

အချက်တိုများ အမည်, တည်နေရာ ...
Remove ads

သမိုင်းကြောင်း

ဒိုင်ယာစကွဲအဖြစ် စတင်ဖွဲ့စည်းအပြီး ပထမဆုံးပွဲကို အိုင်ဆဲအော့ဖ်ဒေါ့ရှိ ကွင်းတွင် ၁၈၈၆ ဒီဇင်ဘာလတွင် ကန်ခဲ့သည်။ စက်တင်ဘာ ၁၈၈၇ တွင် တော်ဝင်အာဆင်နယ်အဖြစ် အမည်ပြောင်းအပြီးတွင် ပလန်းစတတ်ရှိ စပေါ့မန်းကွင်းတွင် ၆လကန်ခဲ့သည်။

၁၈၈၈ တွင် ထိုကွင်းရေမြုပ်အပြီးတွင် မန်နာကွင်းသို့ ပြောင်းခဲ့သည်။ ထိုကွင်းသည် ပွဲကြည့်စင်မရှိဘဲ ကွင်းသက်သက်သာ ဖြစ်သည်။

၁၈၉၀ တွင် အင်ဗီတာကွင်းသို့ အသင်းပြောင်းသွားသည်။ ထိုကွင်းတွင် ပွဲကြည့်စင်မှာ ပို၍အဆင်ပြေစေသည်။ ထိုစဉ် သူတို့၏အမည်ကို ဝူးဝစ်အာဆင်နယ်ဟု ပြောင်းလဲခဲ့သည်။ ပရော်ဖက်ရှင်နယ်အသင်းဖြစ်လာပြီးနောက် မန်နာကွင်းကို ဝယ်ယူခဲ့ပြီး ပွဲကြည့်စင်တစ်ခု ဆောက်လုပ်ခဲ့သည်။ ၁၈၉၃-၉၄ ရာသီ မစမီတွင် မန်နာကွင်းသို့ ပြန်ပြောင်းခဲ့သည်။ လိဂ်ပြိုင်ပွဲ၏ ပထမဆုံးပွဲကို ကစားခဲ့သည်။ ထိုရာသီအတွက် ပရိသတ် ၆၀၀၀ လာကြည့်ခဲ့သည်။

ထိုကွင်းကို အိမ်ကွင်းအဖြစ် နှစ် ၂၀ ကြာအောင် အသုံးပြုခဲ့သည်။ ၁၉၈၅ ခုနှစ် ဇန်နဝါရီလတွင် လူပြည့်မှုပြဿနာကြောင့် မန်နာကွင်းကို ၅ ပတ်မျှ ခေတ္တပိတ်သိမ်းခဲ့သည်။

Thumb
မန်နာကွင်း

၁၉၀၄ ခုနှစ်တွင် ဒုတိယမြောက်ပွဲကြည့်စင်ကို ဆောက်လုပ်ခဲ့သည်။ အချို့ပွဲများတွင် ပရိသတ် ၂၀၀၀၀ ကျော် လာရောက်အားပေးခဲ့သည်။

၁၉၁၀ တွင် အခြေအနေအရပ်ရပ်အရ ဟိုက်ဘူရီကွင်းအသစ်သို့ ပြောင်းခဲ့ရသည်။

မန်နာကွင်းတွင် နောက်ဆုံးပွဲအဖြစ် ၁၉၁၃ ခုနှစ် ဧပြီ ၂၆ ရက်တွင် မစ်ဒယ်ဘရော့နှင့် တစ်ဖက်တစ်ဂိုးစီ သရေကျကာ ကန်ခဲ့သည်။ ထို့နောက် မန်နာကွင်းကို ဖြိုဖျက်ခဲ့သည်။ ယခုအခါ ထိုနေရာသည် စက်မှုဇုန်နေရာ ဖြစ်သည်။

Thumb
၂၀၁၆ ခုနှစ်၌ မန်နာကွင်းနေရာ
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads