အာဆင်နယ်

အင်္ဂလိပ်ဘောလုံးအသင်း From Wikipedia, the free encyclopedia

အာဆင်နယ်
Remove ads

အာဆင်နယ် ဘောလုံးကလပ် (Arsenal Football Club) ကို The Gunners ဟုလည်း ခေါ်ဝေါ်ကြပြီး လန်ဒန်မြောက်ပိုင်း ဟော်လိုဝေး(Holloway, North London) တွင် အခြေစိုက်သော အင်္ဂလိပ်ကြေးစား ဘောလုံးကလပ်တစ်ခု ဖြစ်သည်။ အာဆင်နယ်သည် ပရီးမီးယားလိဂ်တွင် ပါဝင်ကစားသော အသင်းတစ်သင်းဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောကတွင် အအောင်မြင်ဆုံး ဘောလုံးကလပ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ပထမတန်း နှင့် ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်ရရှိခဲ့ဖူးပြီး အက်ဖ်အေဖလားကို ၁၄ ကြိမ်ရရှိခဲ့ပြီး ကွန်မြူနတီဒိုင်း (Community Shield) ၁၇ကြိမ်ရရှိထားသည်။

အချက်တိုများ အသင်းအမည်, အခြားအမည် ...
Remove ads

သမိုင်းကြောင်း

အာဆင်နယ်ကို ၁၈၈၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော်လည်း ပထမဆုံး အရေးပါသော ဆုတံဆိပ်ကို ၁၉၃၀ နှစ်များတွင် မှရရှိခဲ့ပြီး လိဂ် ချန်ပီယံ ၅ ခါဖြစ်ခဲ့ကာ အက်ဖ်အေဖလား ၂ ခုရရှိခဲ့သည်။ စစ်ပြီးခေတ်၏ ဆုတ်ယုတ်သော နှစ်များအပြီးတွင် သူတို့သည် ၂၀ရာစုအတွင်း ဖလား ၂ခုတစ်ပြိုင်တည်းရသော ဒုတိယမြောက် ကလပ်အဖြစ် ၁၉၇၀-၇၁ တွင် မှတ်တမ်းတင်နိုင်ခဲ့သည်။ လွန်ခဲ့ပြီးသော အနှစ် ၂၀ အတွင်း အာဆင်နယ်သည် အင်္ဂလိပ်ဘောလုံးလောက၏ အအောင်မြင်ဆုံး ကလပ်များတွင်တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ဆုဖလား ၂ခုရခြင်း နောက်ထပ် ၂ကြိမ်၊ ၂၀၀၃-၂၀၀၄ ပရီးမီးယားလိဂ် ချန်ပီယံ ကို ရှုံးပွဲမရှိရရှိခြင်း နှင့် ၂၀၀၅-၀၆ တွင် လန်ဒန်ရှိကလပ်များထဲမှ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်၏ ဖိုင်နယ်ပွဲကို ပထမဆုံးတက်ရောက်နိုင်သော အသင်းစသည့် မှတ်တမ်းများကို တင်ခဲ့သည်။

Thumb
၃၈ပွဲဆက်ရှုံးပွဲမရှိခြင်းအတွက်ရရှိသည့် ရွှေဖလား

ကလပ်၏ အရောင်မှာ ပုံမှန်အားဖြင့် အနီနှင့် အဖြူဖြစ်သော်လည်း ဤအရောင်များမှာ သမိုင်းကြောင်းတလျှောက် ပြောင်းလဲလာခြင်းဖြစ်သည်။ ထို့အတူပင် ကလပ်၏ တည်နေရာကိုလည်း အချိန်နှင့်အမျှ ရွှေ့ပြောင်းလာခဲ့သည်။ ပထမဆုံးအနေဖြင့် လန်ဒန် အရှေ့တောင်ပိုင်း ဝူးလ်ဝစ်ချ်(Woolwich) တွင်စတင်တည်ထောင်ခဲ့သော်လည်း ၁၉၁၃ ခုနှစ်တွင် မြောက်ဘက်ပိုင်းသို့ ရွှေ့ပြောင်းပြီး ဟိုက်ဘူရီ(Highbury) ရှိ အာဆင်နယ် အားကစားရုံသို့ ရွှေ့ပြောင်းခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် သူတို့၏ လက်ရှိ နေရာဖြစ်သော ဟောလိုဝေး(Emirates) အနီးရှိ အဲမရိတ် အားကစားရုံသို့ ရွှေ့ပြောင်းခဲ့သည်။

Remove ads

တံဆိပ်

၁၉၈၈၊ ၁၉၂၂၊ ၁၉၂၅၊ ၁၉၄၉၊ ၂၀၀၁၊ ၂၀၀၂ ခုနှစ်များတွင် တံဆိပ်များ ပြောင်းလဲခဲ့သော်လည်း အာဆင်နယ်၏ အဓိကတံဆိပ်မှာ အမြောက်ပင် ဖြစ်သည်။ ၂၀၁၁ တွင် အသင်း၏ ၁၂၅ နှစ်ပြည့်အတွက် တံဆိပ်ကို တပ်ဆင်ကြသည်။ ၁၈၈၆ ခုနှစ်မှ ယနေ့အထိ တံဆိပ် ၁၀ ခုရှိသည်။ လက်ရှိသုံးနေသော တံဆိပ်မှာ ၂၀၀၂ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။[]

Thumb
၁၈၈၈ခုနှစ်စတင်ကတံဆိပ်

Thumb

Thumb

Thumb
၂၀၀၂မတိုင်ခင်အထိအသုံးပြုခဲ့သောတံဆိပ်
Thumb
လက်ရှိတံဆိပ်

အရောင်

အာဆင်နယ်၏ အဓိကအရောင်မှာ အနီရောင်ပင် ဖြစ်သည်။

ဘောလုံးကွင်းများ

ပထမဆုံး မန်နာကွင်းကို သုံးခဲ့သည်။ ထို့နောက် ၁၈၉၀ မှ ၁၈၉၃ အထိ အင်ဗစ်တာကွင်းကို အသုံးပြုခဲ့သည်။ ဘောလုံးအဖွဲ့ချုပ်သို့ ဝင်ပြီးနောက် ၁၈၉၃ တွင် မန်နာကွင်းသို့ ပြန်လာကာ ကွင်းသာသာရှိသောကွင်းကို ပွဲကြည့်စင်များဖြင့် အဆင့်မြှင့်တင်ခဲ့သည်။ ထိုကွင်းကို မြောက်လန်ဒန်သို့ မပြောင်းမီ ၁၉၁၃ အထိ နှစ်၂၀ ကြာအသုံးပြုခဲ့သည်။

Thumb
မန်နာဂရောင်း

အာဆင်နယ်၏ ဂန္ထဝင်အားကစားကွင်းဖြစ်လာမည့် ဟိုက်ဘူရီကွင်းတွင် ၁၉၁၃ ခုနှစ်မှ၂၀၀၆ ခုနှစ်အထိ ကစားခဲ့သည်။ ၁၉၉၀ အစောပိုင်းကာလများသည် ပရိသတ် ၅၇၀၀၀ အထိဆံ့ကာ နောက်ပိုင်းတွင် အများဆုံး ၆၀၀၀၀ အထိဆံ့သည်။ ပရိသတ်များအတွက် နေရာများနှင့် ကြေညာဘုတ်များအတွက် ကွင်းကို တိုးချဲ့ရန် ပြင်ဆင်ကြသော်လည်း မဖြစ်နိုင်တော့၍ ဟိုက်ဘူရီ၏ အနောက်တောင်ဘက်တွင် ကွင်းအသစ်ဆောက်ရန် ပြင်ကြရသည်။

Thumb
ဟိုက်ဘူရီကွင်း

လက်ရှိကွင်းအသစ်ဖြစ်သော အီးမရိတ် ဘောလုံးကွင်းကို ၂၀၀၆ ခုနှစ်တွင် ပြီးစီးကာ ၂၀၀၆-၂၀၀၇ ရာသီတွင် စတင်အသုံးပြုခဲ့သည်။

Thumb
အီးမရိတ်ကွင်း

လေ့ကျင့်ရေးကွင်းအဖြစ် ၁၉၉၉ ခုနှစ်က တည်ဆောက်ခဲ့သော ရှန်လေလေ့ကျင့်ရေးကွင်းကို အသုံးပြုသည်။

Remove ads

ပရိသတ်

အာဆင်နယ်အသင်းပရိသတ်များသည် ၎င်းတို့ကို "Gooners"၊ "Gunners" အမြောက်တပ်သားများဟု ဆိုကြသည်။ ပရိသတ်များသည် သစ္စာရှိကြပြီး ၂၀၀၇-၂၀၀၈ ရာသီတွင် ပရီးမီးယားလိဂ်၏ ဒုတိယအများဆုံး လက်မှတ်ရောင်းရသောအသင်း ဖြစ်လာသည်။ လက်မှတ်ပေါင်း ၆၀၀၇၀ စောင်မှာ ကွင်း၏ ဝင်ဆံ့ဦးရေ ၉၉.၅% ဖြစ်သည်။ အာဆင်နယ်မှာ ပြည်တွင်းသာမက ပြည်ပတွင်ပါ ပရိသတ်များစွာ ရှိသည်။

Thumb
အာဆင်နယ်ပရိသတ်များ

အောင်မြင်မှုများ

အာဆင်နယ်သည် လိဂ်ချန်ပီယံ ၁၀ ကြိမ်အဖြစ် မန်ယူနှင့် လစ်ပါပူးနောက်၊ ပရီးမီးယားလိဂ်အဖြစ် ပြောင်းပြီးချန်ပီယံ ၃ ကြိမ်အဖြစ် မန်ယူနှင့် ချဲဆီးနောက်တွင် တတိယအအောင်မြင်ဆုံးအသင်း ဖြစ်သည်။ အက်အေဖလား ၁၄ ကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်း ဖြစ်သည်။ လန်ဒန်အသင်းများတွင် ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ တက်နိုင်သော ပထမဆုံးအသင်းဖြစ်ကာ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့သည်။ ပရီးမီးယားလိဂ်တွင် အနိမ့်ဆုံးအဆင့် ၁၄ ဖြင့်သာ ရာသီသိမ်းဖူး၍ အကောင်းဆုံးအသင်းများထဲမှ တစ်သင်းဖြစ်သည်။ ၂၀၀၃ ခုနှစ် မေလမှ ၂၀၀၄ ခုနှစ် အောက်တိုဘာလအထိ ၄၉ ပွဲရှုံးပွဲမရှိ စံချိန်တင်ခဲ့သည်။


၀၃-၂၀၀၄ ခုနှစ် ပရီးမီးယားလိဂ်ရာသီအတွက် ၃၈ ပွဲလုံး ရှုံးပွဲမရှိဘဲ အနိုင်ရဗိုလ်စွဲခဲ့သည်။ ဤသည်မှာ ၁၈၈၈-၁၈၈၉ ခုနှစ်လိဂ်ပွဲတွင် ပရယ်စတွန်နော့အန့်၏ ၂၂ ပွဲရှုံးပွဲမရှိ အနိုင်ရဗိုလ်စွဲအပြီးနောက် တစ်ခုတည်းသော ဘောလုံးအသင်းဖြစ်သည်။ ထို့အတွက် ပရီးမီးယားလိဂ်၏ ရွှေဖလား ကိုရရှိခဲ့သည်။

Thumb
ပရီးမီးယားလိဂ်၏တစ်ခုတည်းသောရွှေဖလား

သီယာရီ ဟင်နရီမှာအသင်းအတွက် ၁၉၉၉ မှ၂၀၁၂ အထိ ၂၂၈ ဂိုး သွင်းယူပေးခဲ့သည်။

Thumb
ဟင်နရီ
Thumb
၁၈၉၃ခုနှစ်လိဂ်ပြိုင်ပွဲဝင်ခွင့်ရချိန်မှ ၂၀၁၅ခုနှစ်အထိအာဆင်နယ်အသင်း၏အခြေအနေ

အာဆင်နယ်အသင်း၏အောင်မြင်မှုများ

  • အမှတ်ပေးချန်ပီယံ − (၁၃) ကြိမ် (၁၉၃၀-၃၁၊ ၁၉၃၂-၃၃၊ ၁၉၃၃-၃၄၊ ၁၉၃၄-၃၅၊ ၁၉၃၇-၃၈၊ ၁၉၄၆-၄၇၊ ၁၉၅၂-၅၃၊ ၁၉၇၀-၇၁၊ ၁၉၈၈-၈၉၊ ၁၉၉၉၀-၉၁၊ ၁၉၉၇-၉၈၊ ၂၀၀၁-၀၂၊ ၂၀၀၃-၀၄)
  • အက်ဖ်အေ ဖလားချန်ပီယံ − (၁၄) ကြိမ် (၁၉၃၀၊ ၁၉၃၆၊ ၁၉၅၀၊ ၁၉၇၁၊ ၁၉၇၉၊ ၁၉၉၃၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၃၊ ၂၀၀၅၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၇ ၊ ၂၀၂၀ )
  • ကားလင်းဖလား − (၂) ကြိမ် (၁၉၈၇၊ ၁၉၉၃)
  • ကွန်မြူနတီဒိုင်းချန်ပီယံ − (၁၇) ကြိမ် (၁၉၃၀၊ ၁၉၃၁၊ ၁၉၃၃၊ ၁၉၃၄၊၁၉၃၈၊ ၁၉၄၈၊ ၁၉၅၃၊ ၁၉၉၁၊ ၁၉၉၈၊ ၁၉၉၉၊ ၂၀၀၂၊ ၂၀၀၄၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၂၀၊ ၂၀၂၃)
  • ဥရောပချန်ပီယံလိဂ် - (၀)ကြိမ်
  • ယူရိုပါလိဂ် - (၀)ကြိမ်
  • ယူရိုပါကွန်းဖရန့်လိဂ် - (၀)ကြိမ်
Remove ads

ကစားသမားများ

ပထမအသင်းလူစာရင်း

၂၀၂၅

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

နောက်ထပ် အချက်အလက်များ No., နေရာ ...
Remove ads

နည်းပြများ

၁၉၈၇ မှယနေ့ထိ နည်းပြ ၁၈ ဦး၊ ယာယီနည်းပြ ၆ ဦးရှိသည်။ ယာယီနည်းပြ ဖရက်ဒီယွန်းဘတ်မှာ ၂၀၁၉ ခုနှစ်​နိုဝင်ဘာလ၂၉ရက်​နေ့မှစ၍ ယာယီကိုင်တွယ်နေသည်။ ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှစ၍ မန်ချက်စတာစီးတီးအသင်းမှ လက်ထောက်နည်းပြ စပိန်လူမျိုး မီခေးလ်အာတီတာကို နည်းပြချုပ် အဖြစ်ခန့်အပ်တာဝန်ပေးခဲ့သည်

Thumb
မီခဲလ် အာတီတာ (လက်ရှိနည်းပြ)
Thumb
၁၉၉၆မှ၂၀၁၈ထိကိုင်တွယ်ခဲ့​သောအာဆင်ဝင်းဂါး

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads