မလွန်ဈေးဆန်လှူအသင်းကြီး

From Wikipedia, the free encyclopedia

မလွန်ဈေးဆန်လှူအသင်းကြီး
Remove ads

မလွန်ဈေးဆန်လှူအသင်းကြီးသည် သီပေါမင်းတရား ပါတော်မူသည့်နှစ် (၁၈၈၅)ခုနှစ်အလွန် (၁၁)နှစ်အကြာမှာ စတင်တည်ထောင်ခဲ့သည်။ မန္တလေးမြို့ရှိ နှစ်ပေါင်း(၁၂၀)ကျော်ရှိပြီ ဖြစ်၍ ရှားရှားပါးပါး ပရဟိတအသင်းကြီး ဖြစ်သည်။ ထိုနှစ်တစ်ရာကျော် ခရီးအတွင်း လှုပ်ရှားမှုနှင့် တိုးတက်ရှင်သန်နေသော အဖွဲ့အစည်းကြီး ဖြစ်သည်။ မြန်မာသက္ကရာဇ်(၁၂၅၈)-ခုမှ စတင် ဖွဲ့စည်းခဲ့သည်။ အသင်းကြီး၏ ဖွဲ့စည်းခွင့်အမှတ်မှာ (၁၂၅၃) ဖြစ်သည်။

Thumb
မလွန်ဈေးဆန်လှူအသင်းကြီး၏ တံဆိပ်တော်
Remove ads

တည်နေရာ

မလွန်မြို့ကို အပိုင်စားရသော ဘိုးတော်ဘုရား၏ သားတော် သတိုးမင်းလှကျော်စွာ ဘွဲ့ခံ မလွန်မြို့စား မလွန်မင်းသားကြီး နေထိုင်သွားခဲ့ရာ မန္တလေးမြို့ရှိ မလွန်ဈေးရပ်မှာ အခြေတည်ပြီး ဘုရားဒါယကာကြီး ဦးကျောက်ခဲ အမှူးပြုသော မန္တလေးသူ မန္တလေးသား ရှေးမြန်မာကြီးများက အသင်းကို စတင်တည်ထောင်ခဲ့သည်။

အသင်းကြီး၏ တည်နေရာမှာ ၃၂-လမ်း၊ ၈၅-လမ်းနှင့် ၈၆-လမ်းကြား၊ မလွန်ရပ်၊ မန္တလေးမြို့ဖြစ်သည်။ ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ ၀၂-၄၀၃၉၂၄၀၊ ၀၂-၄၀၂၃၇၁၇ တို့ဖြစ်ပါသည်။

Remove ads

အသင်းတံဆိပ်၏ အဓိပ္ပာယ်

ယုန်ဖြူတံဆိပ်ကို အဝါရောင်၏ အလယ်ဗဟိုတွင် အနီရောင် ဝန်းရံလျက် စက်ဝိုင်းပုံသဏ္ဌာန် ခတ်နှိပ် ထားခြင်း ဖြစ်သည်။
အနီရောင် = ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ စွန့်စားခြင်း သဘောကို ဆိုလိုသည်။
အဝါရောင် = ဗုဒ္ဓသာသနာတော်၏ အရောင်၊ အလင်းသဘောကို ဆိုလိုသည်။
ယုန်ဖြူ = အသင်းကြီးသည် အလောင်းတော် ယုန်မင်း ထုံးနှလုံးမူ၍ သာသနာတော်အတွက် မည်မျှ ရဲရင့်ပြတ်သား စွန့်လွှတ်လှူဒါန်းသည့် စိတ်ဓာတ်ကို အထိမ်းအမှတ်ပြု ရည်ညွှန်းသော အားဖြင့် ယုန်ဖြူတံဆိပ် တပ်ခြင်းဖြစ်သည်။

ယုန်မင်း (ဘုရားအလောင်းတော်) ဘဝက အလှူခံ ပုဏ္ဏားကို ပေးလှူစရာ ပစ္စည်းမရှိသဖြင့် ရိပ်က္ခာအလှူပေးရာတွင် မိမိ၏ အသက်ခန္ဓာကိုယ်ပင် မငဲ့ကွက်ဘဲ သူ၏ ခန္ဓာကိုယ်ကို သုံးဆောင်ပါတော့ဟု မီးပုံအတွင်းခုံဆင်းကာ အသက်စွန့်လှူဒါန်းခဲ့သည်။ ထိုသို့ ကြီးမြတ်သည့် စိတ်ဓာတ်ကြောင့် ယုန်မင်းကို မီးမလောင်ခဲ့ပေ။ ထိုအဖြစ်အပျက်ကို ရှေးလူကြီးများက ဇီဝိတဒါနပါရမီဟု မော်ကွန်းထိုးကြသည်။

Remove ads

အသင်း၏ လုပ်ဆောင်မှု

မလွန်ဈေး ဆန်လှူအသင်းကြီးသည် မြန်မာပြည်အတွင်း အနယ်နယ်အရပ်ရပ်မှ အလှူခံရရှိသော ဆွမ်းဆန်များကို နှစ်စဉ် တော်သလင်း၌ စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံ တောင်ရိုးကြီး သုံးရပ်နှင့် မန္တလေး လေးပြင်လေးရပ်မှာ သီတင်းသုံးကြသည့် ရဟန်း သာမဏေ၊ သူတော်၊ သီလရှင်များကို ပေးလှူသော အသင်းကြီး ဖြစ်သည်။

တိုးချဲ့လှူဒါန်းမှု

အသင်းကြီးတည်ထောင်စဉ်က အလှူခံရရှိသော ဆွမ်းဆန်များကို စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံ တောင်ရိုးကြီး သုံးရပ်ရှိ သီတင်းသုံးကြသည့် ရဟန်း သာမဏေ၊ သူတော်၊ သီလရှင်များကိုသာ လှူဒါန်းခဲ့သည်။ မြန်မာသက္ကရာဇ်(၁၃၄၃)ခုတွင် မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဦးဝိစိတ္တသာရဘိဝံသနှင့် သဲကုန်းသီတဂူအရှင်ဉာဏိဿရ ဆရာတော်ကြီးများ၏ တိုက်တွန်းနှိုးဆော်မှုများကို အခြေခံပြီး မန္တလေးငါးမြို့နယ်ရှိ သီတင်းသုံးကြသည့် ရဟန်း သာမဏေ၊ သူတော်၊ သီလရှင်များကိုပါ ဆွမ်းဆန်တော် တိုးချဲ့လှူဒါန်းလာခဲ့သည်မှာ ယခုချိန်အထိ ဖြစ်သည်။

Remove ads

အသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ

  1. စစ်ကိုင်းတောင်ရိုး ဇေတဝန်ဟံသာဂီရိဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ​ဇောတိကဓဇ ဘဒ္ဒန္တနန္ဒဝံသ။
  2. စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မသီတဂူဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ​ဇောတိက ဘဒ္ဒန္တဉာဏိဿရ
  3. စစ်ကိုင်းတောင်ရိုး မဟာသုဗောဓာရုံဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မ​ဇောတိကဓဇ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ
  4. စစ်ကိုင်းတောင်ရိုး၊ ရတနာဓုဝံဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဇောတိက။
  5. စစ်ကိုင်းတောင်ရိုး၊ မဟာဂန္ဓာရုံဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇာနန္ဒာဘိဝံသ။
  6. စစ်ကိုင်းတောင်ရိုး၊ ဝေဇယန္တာဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တမဟောသဓပဏ္ဍိတ။
  7. စစ်ကိုင်းတောင်ရိုး၊ ရွှေဟင်္သာတိုက်ဟောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသိရိန္ဒ။
  8. စစ်ကိုင်းတောင်ရိုး၊ ပထမဂန္ဓာရုံဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဇဋိလ။
  9. စစ်ကိုင်းတောင်ရိုး၊ သာသနစံပြဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တအင်္ကုရ။
Remove ads

ဓမ္မကထိကဆရာတော်ကြီးများနှင့် နယ်လှည့်ဓမ္မကထိကဆရာတော်ကြီးများ

ဓမ္မကထိကဆရာတော်ကြီးများ

နယ်လှည့်ဓမ္မကထိကဆရာတော်ကြီးများ

  • မန္တလေးမြို့ ၊ သစ်ဆိမ့်တိုက်၊ ငြိမ်းချမ်းရွှေပြည် (သီတဂူကြယ်တစ်ပွင့်ဆရာတော်)၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တပညာနန္ဒ။
  • မန္တလေးမြို့ ၊ ညောင်ကန်တိုက် ၊ ဓမ္မမာမကဆရာတော် ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ ဘဒ္ဒန္တဣန္ဒက။
  • စစ်ကိုင်းတောင်ရိုး၊ အောင်မြေဘုံစံ ၊ ဘဒ္ဒန္တတေဇနိယ။
  • စစ်ကိုင်းတောင်ရိုး ၊ မဟာသန္တာအေးဆရာတော် ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ၊ ဘဒ္ဒန္တထေရဝံသ။
  • မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် ၊ စည်ရှင်ကျောင်း ၊ ဘဒ္ဒန္တဝဏ္ဍိတာလင်္ကာရာဘိဝံသ။
  • မန္တလေးမြို့ ၊ ဥသျှစ်ကုန်းတိုက် ၊ ရတနာလင်္ကာရဆရာတော် ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ၊ ဘဒ္ဒန္တတေဇာစာရ (ရှင်နေမင်း-ဥသျှစ်ကုန်း)။
  • စစ်ကိုင်းတောင်ရိုး ၊ ဝေဒဂူဆရာတော် ၊ သီတဂူဘဒ္ဒန္တဒေဝိန္ဒာလင်္ကာရာဘိဝံသ။
  • သန်လျင်မြို့ ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၊ ဒေါက်တာဘဒ္ဒန္တသီဟဉာဏာလင်္ကာရာဘိဝံသ။
  • စစ်ကိုင်းတောင်ရိုး ၊ မင်းရာဇာဆရာတော် ၊ ဘဒ္ဒန္တဇဝန။
  • မန္တလေးမြို့ ၊ သာယာရွှေဂူတိုက် ၊ သစ္စာရွှေပြည်ဆရာတော် ၊ ဘဒ္ဒန္တအာလောက။
  • မန္တလေးမြို့ ၊ ဘုံကျော်တိုက် ၊ ချမ်းမြေ့ဆရာတော် ၊ ဘဒ္ဒန္တကေသဝ။
  • ဝက်လက်မြို့နယ်၊ ညောင်ပင်သာကျေးရွာ၊ ‌ဗောဓိရွှေကျောင်းဆရာတော်၊ ဘဒ္ဒန္တဝိစာရ။
  • မန္တလေးမြို့ ၊ အာသောကာရာမတိုက် ၊ ဓမ္မရောင်ခြည်ဆရာတော် ၊ ဘဒ္ဒန္တကုသလဗုဒ္ဓိ။
  • မန္တလေးမြို့ ၊ မြောက်ခရေပင်တိုက် ၊ ခရေပင်ဆရာတော် ၊ ဘဒ္ဒန္တတိပိဋက။
  • မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် ၊ ဇမ္ဗူမော်ကျောင်းဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဓမ္မောသဓ။
  • စစ်ကိုင်းတောင်ရိုး ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ၊ ဒေါက်တာဘဒ္ဒန္တဣန္ဒာစရိယ။
  • စစ်ကိုင်းတောင်ရိုး ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၊ ဘဒ္ဒန္တကုသလ။
  • မင်းဝံတောင်ရိုး ၊ ပညာရိပ်မွန်ဆရာတော် ၊ ဘဒ္ဒန္တတိက္ခ။
  • ပုသိမ်ကြီးမြို့ ၊ သန္တာရုံကျောင်း ၊ ဘဒ္ဒန္တကုမုဒသိရီ။
  • မန္တလေးမြို့ ၊ တောင်စလင်းတိုက်သစ် ၊ ဘဒ္ဒန္တပညာသိရီ။
  • စစ်ကိုင်းတောင်ရိုး ၊ မြသုခတောင်ကြား ၊ ဘဒ္ဒန္တပညာသာမိ။
  • စစ်ကိုင်းတောင်ရိုး ၊ အောင်မြေဘုံစံဆရာတော် ၊ ဘဒ္ဒန္တဣဿရိယ။
  • စစ်ကိုင်းတောင်ရိုး ၊ ရွှေဟင်္သာတိုက်သစ် ၊ ဖြိုးရတနာရာပြည့်ဆရာတော် ၊ ဘဒ္ဒန္တသဒ္ဓမ္မ။
  • မင်းကွန်းတောင်ရိုး ၊ ဓမ္မနာဒတိုက်ကြပ်ဆရာတော် ၊ ဘဒ္ဒန္တစန္ဒိမာ။
  • စစ်ကိုင်းတောင်ရိုး ၊ မြသိန်းတန်ဆရာတော် ၊ ဘဒ္ဒန္တဇဝန။
  • စစ်ကိုင်းတောင်ရိုး ၊ အရှေ့ဣစ္ဆာသယကျောက်စိမ်းဆရာတော် ၊ ဘဒ္ဒန္တပဏ္ဍိတ။
Remove ads

အသင်း၏ ဌာနခွဲများ

  1. အမှတ်(၃၃၄)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
  2. အမှတ်(၈၃၂)၊ ဗိုလ်ချုပ်လမ်း၊ ဆံတော်ရပ်၊ ပြည်မြို့။

အသင်း၏ ဖွဲ့စည်းပုံ

အသင်း၏ အစဉ်အလာ လုပ်ငန်းဆောင်တာများကို နာယက၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(၂)ဦး၊ ငွေထိန်း၊ စာရင်းစစ်၊ အမှုဆောင်များ စုစုပေါင်း(၂၅)ဦးနှင့် စနစ်တကျ ဖွဲ့စည်းထားသည်။ ယခု အသင်းကြီး၏ ဥက္ကဋ္ဌကြီးမှာ ဦးစိန်ဝင်း ဖြစ်သည်။ တစ်ပြည်လုံးတွင် စေတနာ့ဝန်ထမ်း မလွန်ဆန်လှူ အသင်းထောက် (၄၀၀)ကျော်က ပရဟိတ စိတ်ရင်း အပြည့်နှင့် ပါဝင်လုပ်ဆောင်ပေးနေကြသည်။

ရေတစ်တန် ကုန်းတစ်တန်

ရှေးဦးစွာ မြန်မာပြည်ရှိ နေရာဒေသအနှံ့ကို မလွန်ဓမ္မကထိက ဆရာတော်များက နယ်လှည့်တရားပွဲများ ဆင်ယင်ကျင်းပ ဟောကြားကြသည်။ လုပ်ငန်းပေါင်းစုံ၊ လူတန်းစားအလွှာစုံ၊ အနယ်နယ်အရပ်ရပ် အလှူရှင်များက လှူဒါန်းကြသော ဆွမ်းဆန်များကို စက်လှေ၊ မော်တော်၊ သင်္ဘော၊ ကားများ၊ ထော်လာဂျီများ၊ လှည်းများဖြင့် မလွန်ဆန်လှူ အသင်းထောက်များက အမျိုးမျိုးအဖုံဖုံ သယ်ယူကာ မန္တလေးအသင်းတိုက်သို့ ပို့ဆောင်ရလေသည်။ ထိုမှတဆင့် မန္တလေးအသင်းတိုက်က စနစ်တကျ မှတ်တမ်းပြုစုကာ ထားရသည်။ ပြီးလျှင် ဆွမ်းဆန်တော်များကို အလှူခံပုဂ္ဂိုလ်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးရသည်။ စစ်ကိုင်းဘက်သို့ ရေလမ်းမှ စီဘီတွဲ၊ မော်တော်၊ သင်္ဘောများဖြင့် ပို့ဆောင်ဖြန့်ဝေ လှူဒါန်းပါသည်။

ဖြန့်ဝေလှူဒါန်းမှုနှုန်း

တောင်ရိုး(၃)ရပ်ရှိ ရဟန်းတော်တစ်ပါးလျှင် ဆွမ်းဆန် = ၃တင်း ၁စိတ်၊
သာမဏေတစ်ပါးလျှင် ဆွမ်းဆန် = ၂တင်းခွဲ ၁စိတ်
သူတော်တစ်ပါးလျှင် ဆွမ်းဆန် = ၂တင်းခွဲ ၁စိတ်
သီလရှင်တစ်ပါးလျှင် ဆွမ်းဆန် = ၂တင်း ၁စိတ်

မန္တလေး(၇)မြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သူတော်၊သီလရှင် တစ်ပါးလျှင် (၈)ပြည်ကျစီ ဖြန့်ဝေလှူဒါန်းပါသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads