ပြည်လမ်း
From Wikipedia, the free encyclopedia
Remove ads
Remove ads
ပြည်လမ်းသည် ရန်ကုန်မြို့ကို ဖြတ်သန်းသွားသော အဓိကလမ်းမကြီး တစ်ခုဖြစ်ပြီး မန္တလေးမြို့သို့ သွားနိုင်သော အမှတ် (၁) ပြည်ထောင်စု အဝေးပြေးလမ်းမကြီး၏ ပထမအဆင့်လည်းဖြစ်သည်။ ပြည်လမ်းသည် မြို့၏ အနောက်အလယ်ပိုင်းကို တောင်မှ မြောက်သို့ ဖြတ်သန်းသွားသည်။ ပြည်လမ်းပေါ်တွင် အရေးကြီးသော အဆောက်အဦများဖြစ်သော ဘဏ်များ၊ ဆေးရုံများ၊ များလှစွာသော အစိုးရရုံးများ၊ အသံလွှင်ရုံများ တည်ရှိသည်။ ထိုအထဲတွင် အမျိုးသားပြတိုက်၊ ယခင်အမျိုးသားပါလီမန် အဆောက်အဦဟောင်း၊ ပြည်သူ့ဥယျာဉ်၊ ရန်ကုန်တက္ကသိုလ်တို့ ပါဝင်သည်။ ပြည်လမ်းမကြီးသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့တွင်လမ်းခွဲကာ ရန်ကုန်-ပြည်လမ်းဟူ၍ ပြည်လမ်းမကြီး၏ အဆက်အနေဖြင့် ရန်ကုန်မြို့တော်မှ ၁၇၉ မိုင်ခန့်ဝေးသော ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့သွားရန် အဝေးပြေးလမ်းတစ်ခုအနေဖြင့် ခွဲထွက်သွားသည်။ ရန်ကုန်-ပြည်လမ်းမကြီးအနေနှင့် ခွဲထုတ်ရာ လမ်းအတိုင်းမဟုတ်ဘဲ တန်းတန်းဆက်သွားပါက အမှတ် (၁) မြို့ဝင်လမ်းမကြီးအနေဖြင့် ဆက်လက်ကာ လှည်းကူးမြို့နယ်အရောက်တွင်ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးအဖြစ်၎င်း၊ ရန်ကုန်- ပဲခူး ခြောက်လမ်းသွားအဝေးပြေးလမ်းမကြီးအဖြစ်၎င်း၊ မြန်မာပြည်၏ ဒုတိယမြို့တော် မန္တလေး သို့ တိုက်ရိုက်ဆက်သွယ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အဖြစ်၎င်း ခွဲထွက်ကာ မြန်မာပြည်အနှံ့အပြားကိုသွားနိုင်သည့် လမ်းမကြီးတစ်စင်းအဖြစ် ပါဝင်နေသည်။

![]() | ဤ မြန်မာနိုင်ငံရှိ လမ်းမများ၊ လမ်းများနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads