မသန်စွမ်းအိုလံပစ် အားကစားပွဲတော်
From Wikipedia, the free encyclopedia
Remove ads
မသန်စွမ်းအိုလံပစ် အားကစားပွဲတော် (အင်္ဂလိပ်: Paralympic Games) သည် နိုင်ငံတကာမသန်စွမ်းအားကစားပြိုင်ပွဲဖြစ်သည်။အိုလံပစ်ကဲ့သို့ပင် နွေရာသီနှင့် ဆောင်းရာသီအားကစားပွဲတော်၂ခုကျင်းပသည်။အားကစားပွဲတော်ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ အားကစားကော်မတီ (International Paralympic Committee)မှ ကြီးကြပ်သည်။

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ အားကစားကော်မတီ (IPC)



အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ အားကစားကော်မတီ(International Paralympic Committee)သည် အဖွဲ့ဝင် ၁၇၆နိုင်ငံပါဝင်သော နိုင်ငံတကာမသန်စွမ်းအားကစားအဖွဲ့ချုပ်ဖြစ်သည်။ဌာနချုပ်မှာ ဂျာမနီတွင်ရှိသည်။
အမည်နှင့် အမှတ်အသားများ

မူလက ကျောရိုးဒဏ်ရာ ရရှိထားသူများအတွက်ရည်ရွယ်သော အားကစားပွဲဖြစ်၍ "paraplegic"ဟု အမည်ပေးခဲ့သည်။သို့သော် အိုလံပစ်နှင့်အပြိုင်ကျင်းပသဖြင့် ၁၉၈၈ဆိုလ်းနွေရာသီမသန်စွမ်းအိုလံပစ် အားကစားပွဲတော်မှစ၍ "Paralympic"ဟုတရားဝင်အမည်ပေးခဲ့သည်။
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads