မြန်မာအသင်း၏ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲရလဒ်
From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံသည် မသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲ (ပါရာလမ်းပစ်)တွင် ၆ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များ ဆွတ်ခူး ရရှိထားသည်။
Remove ads
သမိုင်းကြောင်း
ပထမဆုံးအနေဖြင့် ၁၉၇၆ တိရွန်တိုနွေရာသီပါရာလမ်းပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ဦးတင်ငွေမှာ ပထမဆုံး ရွှေတံဆိပ်ရရှိသူဖြစ်သည်။100 m C1 ပွဲစဉ်တွင် ရွှေတံဆိပ်ရရှိခဲ့သည်။ သူနှင့်အတူ ဦးအောင်သန်းက ငွေတံဆိပ်ရရှိခဲ့သည်။100 m Cပွဲစဉ်တွင် ဦးတင်ဝင်းမှ ကြေးတံဆိပ်ရရှိခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၈၀ပြိုင်ပွဲတွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ပေ။၁၉၈၄ပြိုင်ပွဲတွင် ဘော်လီဘောနှင့် ပြေးခုန်ပစ်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ဦးတင်ငွေက အမြင့်ခုန်တွင် ရွှေတံဆိပ်၊long jumpတွင် ငွေတံဆိပ်ရရှိကာ ဦးအောင်ကြီးမှ ငွေနှင့်ကြေးရရှိခဲ့သည်။
၁၉၈၈ နိုဝင်ဘာအရေးအခင်းကြောင့် အောက်တိုဘာလတွင်ကျင်းပသော ၁၉၈၈ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခြင်းမရှိခဲ့ပေ။ နိုင်ငံ၏ အင်္ဂလိပ်အမည်ကို "Burma"မှ "Myanmar"သို့ပြောင်းလဲခဲ့ပြီး နိုင်ငံကုဒ်ကိုလည်း ''BIR''မှ ''MYA''သို့ပြောင်းလဲခဲ့သည်။
၁၉၉၂ဘာစီလိုနာပါရာလမ်းပစ်တွင် ဦးကျော်ခိုင်တစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် ၃ကြိမ်ဆက်ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ ၂၀၀၈ပြိုင်ပွဲတွင်မှ နိုင်ဝင်း၊စစ်အောင်နိုင်၊စန်းအောင်ဝင်းတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် အောင်မြင်မှုများမရရှိခဲ့ပေ။ ၂၀၂၁ခုနှစ်တွင် ကျင်းပသည့် ၂၀၂၀တိုကျိုပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ပြိုင်ပွဲစတင်ချိန်တွင် နုတ်ထွက်ခဲ့သည်။
''Burma''အမည်ဖြင့် ယှဉ်ပြိုင်ခဲ့စဉ်က ရွှေတံဆိပ် ၂ခု၊ငွေတံဆိပ် ၃ခု၊ကြေးတံဆိပ် တခု၊စုစုပေါင်းဆုတံဆိပ် ၇ခုရရှိခဲ့သည်။''Myanmar''အမည်ဖြင့် ဆုတံဆိပ်တစ်ခုမျှမရရှိသေးပေ။ဆောင်းရာသီပါရာလမ်းပစ်တွင် တစ်ကြိမ်မျှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေ။
Remove ads
ဆုတံဆိပ်မှတ်တမ်း
Remove ads
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads