မဟာဝိဇယစေတီ

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ စေတီတော် From Wikipedia, the free encyclopedia

မဟာဝိဇယစေတီmap
Remove ads

မဟာဝိဇယစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ဓမ္မရက္ခိတကုန်းတော်ပေါ်တွင် တည်ရှိသော စေတီတစ်ဆူ ဖြစ်သည်။ ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုဒ်အနီး တည်ရှိသည်။

အချက်တိုများ မဟာဝိဇယစေတီ, အချက်အလက်များ ...
အချက်တိုများ
Remove ads

သမိုင်းကြောင်း

မဟာ=ကြီးမားသော၊ ဝိဇယ=ထူးကဲစွာ အောင်မြင်ခြင်း ဟူသည့် အနက်အဓိပ္ပာယ်ကိုဆောင်သော မဟာဝိဇယစေတီတော်ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဖွဲ့စည်းရေးအတွက် ပထမအကြိမ် ကျင်းပသော ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးပွဲကြီးအောင်မြင်သည့် အထိမ်းအမှတ်အဖြစ် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။[] မဟာဝိဇယစေတီကို ၁၉၈၀ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် စတင်တည်ထားခဲ့ပြီး ၁၉၈၆ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ပြီးစီးခဲ့ကာ ဉာဏ်တော်အမြင့် ၁၃၄ ပေ၊ ထီးတော်အမြင့် ၂၂ ပေ၊ စိန်ဖူးတော်အမြင့် ၁၃ ပေ၊ စုစုပေါင်း ဉာဏ်တော်အမြင့် ၁၆၉ ပေ၊ အောက်ခြေအချင်း ၁၆၅ ပေ ၈ လက်မရှိသော လိုဏ်ဂူပါစေတီပုံစံမျိုးဖြစ်သည်။

အာရုံခံလိုဏ်ဂူ၏ အလယ်တွင် စကျင်ကျောက်ဖြူ၊ အပရာဇိတပလ္လင်တော်ပေါ်၌ နီပေါနိုင်ငံဘုရင် ဗီရေန္ဒြဗီရဝိကရရှဟ်ဒေဝနှင့် မိဖုရားကြီး ဣဿွရယလက္ချမိဒေဝီရှဟ်တို့၏ ဓမ္မလက်ဆောင်ပဏ္ဏာတော် နာဂစီဝရာပဋပဋိမာဆင်းတုတော်နှင့် ပဉ္စဓာတုဝါဟန စေတီတော်တို့သည် ကိန်းဝပ်စံပယ်လျက်ရှိသည်။ ဘုရားထီးတော်ကို ထိုစဉ်နိုင်ငံအကြီးအကဲဖြစ်သူ မဆလပါတီဥက္ကဋ္ဌ ဦးနေဝင်းမှ လှူဒါန်းခဲ့သည်။[]

ရှစ်မြောင့်ပုံ အပရာဇိတပလ္လင်တော် ဘေးပတ်လည်တွင် အရပ်ရှစ်မျက်နှာအလိုက် စကျင်ကျောက်ဖြူပလ္လင်တော် ရှစ်ခန်းနှင့် မုဒြာကွဲပြားသော ရုပ်ပွားတော်ရှစ်ဆူတို့ကို ၄၅ တန်အလေးချိန်ရှိ စကျင်ကျောက်တုံးကြီး ၁ တုံးကိုပင် ထွင်းဖောက်ထုလုပ်ထားသည်။ စေတီတော်ကြီး၏ ထူးခြားမှုမှာ တစ်နှစ်လျှင်တစ်ကြိမ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တိုင်း တနင်္လာဂြိုဟ်တိုင်မှ နေအလင်းရောင်သည် အပရာဇိတပလ္လင်တော်ထိပ်ပိုင်း အရှေ့ဘက်မုခ်ပေါက်ငယ်တွင် သီတင်းသုံးစံပယ်တော်မူသော နာဂစီဝရပဋပဋိမာ ဗုဒ္ဓဆင်းတုတော်ကို ပူဇော်လေ့ရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads