ဒဂုံမြို့နယ်

ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင် From Wikipedia, the free encyclopedia

ဒဂုံမြို့နယ်map
Remove ads

ဒဂုံမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့လယ်နှင့်ကပ်လျက် မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း (၅)ခုရှိသည်။

အချက်တိုများ ဒဂုံမြို့နယ်, နိုင်ငံ ...
Remove ads

ရန်ကုန်မြို့တွင် အထင်ရှားဆုံးနေရာများဖြစ်သော ရွှေတိဂုံစေတီတော်မဟာဝိဇယစေတီတော်အမျိုးသားပြတိုက်အမျိုးသားပြဇာတ်ရုံနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့ သည် ဒဂုံမြို့နယ်တွင် တည်ရှိသည်။ ဤသို့ စည်ပင်ထွန်းကားသော အထင်ကရနေရာများကြောင့် ဒဂုံမြို့နယ်တွင် ဟိုတယ်များ၊ သံရုံးများနှင့် သံတမန်ဝန်ထမ်းအိမ်ရာများစွာ ပေါ်ပေါက်လာခဲ့သည်။ ဒဂုံမြို့နယ်တွင်ရှိသော အ.ထ.က(၁)ဒဂုံ နှင့် အ.ထ.က(၂)ဒဂုံတို့မှာ မြန်မာနိုင်ငံရှိ ထိပ်တန်းအထက်တန်းကျောင်းများ ဖြစ်သည်။

၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် အထပ် ၁၅ထပ်ရှိ တော်ဝင်ဈေးဝယ်စင်တာနှင့် လူနေတိုက်ခန်းကြီးကို ဒဂုံမြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

Remove ads

သမိုင်းကြောင်း

ဒဂုံဆိုသည်မှာ ရွှေတိဂုံစေတီတော်အနီးရှိ မွန်ငါးဖမ်းရွာလေးဖြစ်ပြီး မွန်ဘာသာဖြင့် လဂုင်ဟု အမည်တွင်ခဲ့သည်။ သမိုင်းကြောင်းအရ ဤရွာလေးသည် ရန်ကုန်မြစ်တလျှောက်တွင် တည်ရှိသော စီးပွားရေးအရ အချက်အချာကျသော သန်လျင်မြို့၏ အစွန်အဖျားတွင်သာ ရှိခဲ့သည်။ သို့သော်လည်း ဒဂုံရွာလေးသည် ရွှေတိဂုံစေတီတော်ကြောင့် ယဉ်ကျေးမှုအရ ထင်ရှားကျော်ကြားခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် အလောင်းမင်းတရားသည် ဒဂုံရွာကို သိမ်းပိုက်၍ ရန်အပေါင်းကို ကုန်စင်သော အထိမ်းအမှတ်အဖြစ် ရန်ကုန်ဟု သမုတ်ခဲ့သည်။ ထို့နောက် အခြားသော အလုံ၊ ပန်းဘဲတန်း၊ ကျောက်တံတားနှင့် ဗိုလ်တထောင်နယ်မြေများနှင့် ပေါင်း၍ မြို့ကြီးအဖြစ် တည်ထောင်ခဲ့သည်။

အင်္ဂလိပ်ကိုလိုနီလက်ထက်တွင် ဒဂုံမှာ မြို့လယ်ခေါင်နှင့် အနီးတဝိုက်တွင် ကျူးကျော်ရပ်ကွက်များဖြင့် ပြည့်နှက်နေသော်လည်း ဖွံ့ဖြိုးအတိုးတက်ဆုံးနယ်မြေဖြစ်ခဲ့သည်။ ၁၉၅၀နှစ်ပိုင်းတွင် ဗမာအစိုးရမှ မြို့နယ်တောင်ပိုင်းရှိ ကျူးကျော်ရပ်ကွက်များကို ရှင်းလင်းပြီး ဝါရင့်အစိုးရဝန်ထမ်းများအတွက် မင်းမနိုင်အိမ်ရာစီမံကိန်းကို တည်ဆောက်ခဲ့သည်။ ၁၉၈၀နှစ်ပိုင်းတွင် ထင်ရှားကျော်ကြားသော စေတီနောက်တစ်ဆူဖြစ်သော မဟာဝိဇယစေတီတော်ကို ဗိုလ်ချုပ်နေဝင်းမှ တည်ထားခဲ့သည်။

Remove ads

တည်နေရာနှင့် အကျယ်အဝန်း

ဒဂုံမြို့နယ်သည် ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ပါဝင်ပြီး ရန်ကုန်မြို့၏ မြောက်လတ္တီတွဒ် (၁၆ ဒီဂရီ ၄၆ မိနစ် ၅၁ စက္ကန့်) နှင့် အရှေ့လောင်ဂျီတွဒ် (၉၇ ဒီဂရီ ၈ မိနစ် ၅၉ စက္ကန့်) အကြားတွင် တည်ရှိသည်။ ဒဂုံမြို့နယ်၏ အရှေ့ဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ဘက်တွင် ပန်းဘဲတန်းလသာလမ်းမတော်မြို့နယ်နှင့် ထိစပ်လျက် ရှိသည်။ အနောက်ဘက်တွင် အလုံမြို့နယ်နှင့် ထိစပ်လျက် ရှိပြီး မြောက်ဘက်တွင် ဗဟန်းနှင့် စမ်းချောင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိသည်။[]

အရှေ့မှ အနောက်သို့ (၀.၉၆) မိုင်နှင့် တောင်မှ မြောက်သို့ (၀.၉၉) မိုင် ရှည်လျားသည်။ ဒဂုံမြို့နယ်၏ အကျယ်အဝန်းမှာ ၁.၉၅၉ စတုရန်းမိုင် (၁,၂၅၄ ဧက) ဖြစ်သည်။[]

Remove ads

ထင်ရှားသော အဆောက်အဦးများ

ဒဂုံမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

နောက်ထပ် အချက်အလက်များ အမည်, အမျိုးအစား ...


ကိုးကား

Loading content...

ပြင်ပလင့်ခ်များ

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads