မာန်အောင်ကျွန်း
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ကျွန်း From Wikipedia, the free encyclopedia
Remove ads
မာန်အောင်ကျွန်း (အင်္ဂလိပ်: Cheduba Island) သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ကျွန်းတစ်ခုဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်းတွင် ရမ်းဗြဲကျွန်းနှင့် ကပ်လျက် တည်ရှိသည်။ ကျွန်း၏ အရှည်ဆုံးအလျားမှာ ၃၃ km (၂၁ mi) ဖြစ်ပြီး ဧရိယာမှာ ၅၂၃ km2 (၂၀၂ sq mi) ဖြစ်သည်။ မာန်အောင်ကျွန်းကို "စတုဗန်ကျွန်း" (Cheduba) ဟုလည်း ရှေးကခေါ်သည်။ အငူစွန်း လေးခုရှိသဖြင့် "စတုဘာ"ဟု အမည်တွင်ခဲ့သော ကျွန်းဖြစ်သည်။ [၁] ကျွန်းရှိ လူဦးရေမှာ ၁၉၈၃ ခုနှစ် စာရင်းများအရ ၆၃,၇၆၁ ဖြစ်ကာ အများစုမှာ ဗမာလူမျိုးများနှင့် ရခိုင်လူမျိုးများ ဖြစ်ကြသည်။ အဓိက အသက်မွေးဝမ်းကြောင်းမှာ လယ်စိုက်ပျိုးခြင်းနှင့် ကျွဲနွားမွေးမြူခြင်းတို့ ဖြစ်ကြသည်။
Remove ads
ပထဝီဝင်
မာန်အောင်ကျွန်းသည် ရမ်းဗြဲကျွန်း၏ အနောက်တောင်ဘက် ၁၀ km (၆ mi) အကွာတွင် တည်ရှိသည်။ ကျွန်း၏မြေမျက်နှာပြင်မှာ ပြန့်ပြူးကာ အချို့နေရာများမှာ ကုန်းမြင့်များဖြစ်သည်။ ကျွန်း၏ အမြင့်ဆုံးအမှတ်မှာ ၂၀၅ မီတာ (၆၇၃ ft) ဖြစ်ပြီး ကျွန်း၏ အနောက်တောင်ဘက်ပိုင်းတွင် တည်ရှိသည်။
အခြားကြည့်ရန်
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads