မာရီယာ ကော်ရီနာ မာချာဒို
ငြိမ်းချမ်းရေး နိုဘယ်ဆုရ ဗင်နီဇွဲလားနိုင်ငံရေးသမား From Wikipedia, the free encyclopedia
Remove ads
မာရီယာ ကိုရီနာ မာချာဒို (စပိန်: María Corina Machado)သည် ငြိမ်းချမ်းရေး နိုဘယ်ဆုရ ဗင်နီဇွဲလားနိုင်ငံ ရေးသမား ဖြစ်သည်။သူသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေးအတွက် ငြိမ်းချမ်းစွာ အားထုတ်ကြိုးပမ်းခဲ့သူအဖြစ် ထင်ရှားသည်။သူသည် ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) ၏ အဓိက အတိုက်အခံနိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်သည်။
Remove ads
ပညာရေး
မာချာဒိုသည် ဗင်နီဇွဲလားနိုင်ငံ တွင် မွေးဖွားခဲ့ပြီး[၁]၊ အင်ဂျင်နီယာဘွဲ့ရ တစ်ဦးဖြစ်သည်။
နိုင်ငံရေးဘဝ
၂၀၀၂ ခုနှစ်တွင် ဗင်နီဇွဲလားနိုင်ငံ၏ရွေးကောက်ခံ ပြည်သူ့အစိုးရအပေါ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း Súmate အဖွဲ့ကို တည်ထောင်ခဲ့သည်။ထို အဖွဲ့သည် နိုင်ငံ၏ရွေးကောက်ပွဲအဖြစ်အပျက်များကို စောင့်ကြည့်သည့် ပြည်သူ့အဖွဲ့အစည်းတစ်ခုဖြစ်သည်။[၂]၂၀၀၉ ခုနှစ်တွင် သူသည် နိုင်ငံရေးသို့ တိုက်ရိုက်ဝင်ရောက်ပြီး၊နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Vente Venezuela ပါတီကို တည်ထောင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ဗင်နီဇွဲလားအမတ် အဖြစ် ရွေးကောက်ခံခဲ့ရပြီး၊နီကိုးလပ်စ် မာဒူရို၏ အုပ်ချုပ်ရေးကို တော်လှန်သူအဖြစ် လူသိများလာခဲ့သည်။
Remove ads
၂၀၂၄ သမ္မတရွေးကောက်ပွဲနှင့် ပိတ်ပင်ခံရမှု
မာချာဒိုသည် ဗင်နီဇွဲလားနိုင်ငံ၏ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် အဓိကပြိုင်ဆိုင်သူတစ်ဦးအဖြစ် ထင်ရှားလာခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံအတွင်း ဒီမိုကရေစီပြန်လည်ထွန်းကားရေး နှင့် မဒူရိုအစိုးရဖယ်ရှားရေးကို ဦးဆောင်ခဲ့သည့်အတွက် ပြည်သူများစွာတို့၏ ထောက်ခံမှုကိုရရှိခဲ့သည်။သို့သော် မဒူရိုအစိုးရက ၎င်းအား နိုင်ငံရေးလုပ်ကိုင်ခွင့်ကို ပိတ်ပင်ခဲ့သည်။
၂၀၂၅ ခုနှစ်အခြေအနေ
၂၀၂၅ ခုနှစ်တွင် မာချာဒိုသည် မဒူရိုအစိုးရ၏ အတိုက်အခံ ဖြစ်လာခဲ့သည်။သူသည် နိုင်ငံခြားအဖွဲ့အစည်းများ (ဥပမာ – အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ နှင့် အနောက်ဥရောပနိုင်ငံများ) နှင့် ဆက်သွယ်ကာ ဗင်နီဇွဲလားအတွင်း ဒီမိုကရေစီထွန်းကားရေးအား အပြင်းအထန်လုပ်ဆောင်ခဲ့သည်။
၂၀၂၅ခုနှစ်၊အောက်တိုဘာ ၁၀ ရက် တွင် ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီက ကြေညာပေးအပ်ခဲ့သည်။
ဤဆုကို တဖြည်းဖြည်းကြီးစိုးလာသည့် အမှောင်ထုကြားထဲမှ ဒီမိုကရေစီ မီးရှူးတန်ဆောင်ကို မငြိမ်းသေအောင် ထိန်းသိမ်းပေးထားသည့်အပြင်၊ ဗင်နီဇွဲလားပြည်သူများအတွက် ဒီမိုကရေစီအခွင့်အရေးများ ရရှိစေရေး မမောမပန်း ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။[၃]
Remove ads
နိုင်ငံတကာအမြင်
အမေရိကန်ပြည်ထောင်စု၊ အီးယူ နှင့် လက်တင်အမေရိကန်ရှိ ဒီမိုကရေစီအဖွဲ့အစည်းများသည် မာချာဒိုကို “ဗင်နီဇွဲလား ဒီမိုကရေစီ၏ သင်္ကေတတစ်ဦး” ဟု ခေါ်ဆိုကြသည်။သို့သော် မာဒူရိုအစိုးရက သူ့ကို “နိုင်ငံခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းသည့် သာမန်ပြည်သူမဟုတ်သူ” ဟု ရှုတ်ချတုံ့ပြန်ထားခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads