မာလေမြို့

From Wikipedia, the free encyclopedia

မာလေမြို့map
Remove ads

မာလေမြို့(/ˈmɑːl/, locally [ˈmɑːlɛ]; တမ်းပလိတ်:Lang-dv)သည် မော်လဒိုက်သမ္မတနိုင်ငံ၏ မြို့တော်နှင့် လူဦးရေ အထူထပ်ဆုံးသော မြို့တစ်မြို့ဖြစ်သည်။ ဧရိယာ ၈.၃၀ စတုရန်း ကီလိုမီတာ (၃.၂၀ စတုရန်းမိုင်) တွင် လူဦးရေ ၂၂၇,၄၈၆ ဦး[]နေထိုင်ကြရာ ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံးသော မြို့ပြများထဲမှ တစ်ခုဖြစ်သည်။[][] မြို့သည် မြောက်မာလေသန္တာကျွန်းဝိုင်း(ကာဖူးသန္တာကျွန်းဝိုင်း)၏ တောင်ဘက်အစွန်းတွင် တည်ရှိသည်။[] အုပ်ချုပ်မှုအရ မာလေမြို့တော်ကောင်စီမှ အုပ်ချုပ်သော မြို့တော်တွင် ပင်မကျွန်း၊ လေဆိပ်ကျွန်းနှင့် အခြားကျွန်းလေးခုတို့ ပါဝင်သည်။

အချက်တိုများ မာလေမြို့ މާލެ, နိုင်ငံ ...

ရိုးရာအရာ ဤကျွန်းကို ဘုရင့်ကျွန်းဖြစ်ပြီး နန်းတော်တည်ရှိ၍ ရှေးခေတ်တော်ဝင်ဘုရင်မင်းဆက်သည် ဤကျွန်းမှနေ၍ အုပ်ချုပ်ခဲ့ကြသည်။ ထိုအချိန်က မြို့ကို မာဟာ(Mahal)ဟုခေါ်ဆိုခဲ့ကြသည်။[] ယခင်က မြို့သည် ခံတပ်များ၊ ဂိတ်များ(doroshi)ဖြင့် ကာရံ့ထားသော တံတိုင်းရှိသည့် မြို့ဖြစ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ဘုရင်စနစ်အား စွန့်လွတ်ခဲ့ပြီးနောက် သမ္မတ အီဘရာဟင် နာဆီရ်လက်ထက်တွင် မြို့အား ပြန်လည်တည်ဆောက်ရန် တော်ဝင်နန်းတော်(Gan'duvaru)နှင့် မျက်စိပသာဒဖြစ်ဖွယ် ခံတပ်များ(koshi)၊ ခံကတုတ်များ(buruzu) ကို ဖြိုဖျက်ခဲ့ကြသည်။ သို့ပေမယ့်လည်း မာလေ သောကြာနေ့ဗလီတော့ ကျန်ရှိခဲ့သည်။ မကြာသေးမီနှစ်များတွင် မြေဖြည့်ခြင်းလုပ်ငန်းများဖြင့် ကျွန်းအားချဲ့ရန် ကြံစည်ခဲ့ကြသည်။ နှစ်ကာလများအတွင်း မာလေမြို့သည် သမိုင်းဖြစ်ရပ်များနှင့် နိုင်ငံရေးဆန္နပြပွဲများ၏ ဗဟိုချက်ဖြစ်၍လာခဲ့သည်။

Remove ads

သယ်ယူပို့ဆောင်ရေး

လမ်း

မာလေကျွန်းများ၏ ကျွန်းတိုင်းတွင် magu (လမ်းမ သို့မဟုတ် လမ်း)၊ hingun နှင့် goalhi (လမ်းငယ် သို့မဟုတ် လမ်းကြား)ဟုခေါ်သော ချောမွေ့သောလမ်းများ ထူထပ်စွာခင်း၍ထားသည်။ ယာဉ်ကြောပိတ်ဆို့မှု ကြီးမားပြီး အထူးသဖြင့် မာလီကျွန်းတွင် ပို၍ကြီးမားသည်။

မာလီကျွန်းနှင့် ဟူဟူလေကျွန်းတို့ကို ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့သော စီနမာလေတံတားဖြစ်ဆက်သွယ်ထားပြီး ဟူဟူလေကျွန်းနှင့် ဟူဟူမာလေကျွန်းတို့ကို တာရိုးလမ်းဖြင့် ဆက်သွယ်ထားရာ ထိုကျွန်းသုံခုတွင် လမ်းကွန်ယက်မှာ ချိတ်ဆက်လျက်ရှိသည်။ အများပြည်သူသယ်ယူပိုဆောင်ရေးတွင် ကျွန်းအတွင်းနှင့် ထိုကျွန်းသုံးကျွန်းအား ချိတ်ဆက်ပေးသော ဘက်စ်ကားလိုင်းများ ပါဝင်သည်။

လေဆိပ်

ဗီလာနာ နိုင်ငံတကာလေဆိပ်သည် ဟူဟူလေကျွန်းအနီးတွင်တည်ရှိပြီး မြို့တော်၏ လေဆိပ်ဖြစ်သလို မော်လဒိုက်နိုင်ငံ၏ အဓိကလေဆိပ်လည်း ဖြစ်သည်။ စိနမာလေတံတားဖွင့်လှစ်သည်နှင့်အတူ လေဆိပ်မှ မာလေမြို့သို့ ကားလမ်းဖြင့် သွားနိုင်ပြီဖြစ်သည်။ တံတားမဖွင့်မှီက လေဆိပ်နှင့် မာလေကို ကူးတို့သင်္ဘောဖြင့် ကူးရသည်။ ဟူဟူမာလေကျွန်းအား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်နောက်တွင် ဟူဟူလေကျွန်းနှင့် ဟူဟူမာလေကျွန်းတို့အား တာရိုးလမ်းဖြင့်ဆက်သွယ်ခဲ့ပြီးနောက်တွင် လေဆိပ်အား ကုန်းလမ်းဖြင့် ဝင်ရောက်ခွင့်ပြုခဲ့သည်။

ကျွန်းအချင်းချင်း သယ်ယူပို့ဆောင်မှုလုပ်ငန်းများ

ယခုအခါတွင် မာလေ၊ ဟူဟူလေနှင့် ဟူဟူမာလေကျွန်းတို့အား ကုန်းလမ်းဖြင့် ချိတ်ဆက်ပြီးသဖြင့် ထိုကျွန်း ၃ ခုအကြား သွားလာမှုကို ကုန်းလမ်းဖြစ်ပြုလုပ်နိုင်ပြီ ဖြစ်သည်။ အခြားသောကျွန်းများအတွက် ကျွန်းအချင်းချင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ကူးတို့သင်္ဘောဖြင့် ပြုလုပ်သည်။

Remove ads

မြို့တော်ကောင်စီ

မာလေမြို့တော်ကောင်စီသည် မာလေမြို့အုပ်ချုပ်မှုအတွက် တာဝန်ရှိသော ဒေသဆိုင်ရာအစိုးရအဖွဲ့ဖြစ်သည်။ ကောင်စီကို ဗဟိုချုပ်ကိုင်မှုလျော့ချရေး ဥပဒေမှုကြမ်းနှင့်အတူ ၂၀၁၁ ခုနှစ်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြို့တော်အား ရပ်ကွက် ၁၁ ခုဖြင့် ပိုင်းခြားထားပြီး တစ်ခုစီ၌ ကောင်စီဝင်တစ်ဦးစီရှိသည်။ ကောင်စီဝင်အများစုကို ၂၀၁၄ ခုနှစ်၌ နိုင်ငံ၏ ဒုတိယမြောက်ကောင်စီရွေးကောတ်ပွဲတွင် မော်လဒိုက် ဒီမိုကရက်တစ်ပါတီမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


Remove ads

ဓာတ်ပုံပြခန်း


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads