မိတ္ထီလာစီးပွားရေးတက္ကသိုလ်
From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံအတွင်း စီးပွားရေးတက္ကသိုလ် သုံးခုရှိသည့်အနက် နောက်ဆုံးဖွင့်လှစ်ခဲ့သည့် တက္ကသိုလ်ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့ နှင့် ၁၀မိုင်ခန့်အကွာ သပြေ၀ကျေးရွာအနီးတွင် တည်ရှိသည်။ ၂၀၀၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၈တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသားများကို စတင်လက်ခံသင်ကြားပေးခဲ့ပြီး ပထမဆုံး ပါမောက္ခချုပ်မှာ ဦးသန်းဆွေဖြစ်သည်။
Remove ads
နယ်မြေခွဲများ
မိတ္ထီလာ စီးပွားရေးတက္ကသိုလ်သည် မိတ္ထီလာမြို့တွင် တည်ရှိသော်လည်း မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် တက္ကသိုလ်နယ်မြေခွဲများ တည်ထောင်ထားရှိသည်။[၁]
မန္တလေးနယ်မြေခွဲသည် မန္တလေးတက္ကသိုလ်အတွင်းတွင် တည်ရှိပြီး နေပြည်တော်နယ်မြေခွဲသည် နေပြည်တော် အမှတ် (၁၈) အထက်တန်းကျောင်းတွင် တည်ရှိသည်။
ပါမောက္ခချုပ်များ
မိတ္ထီလာစီးပွားရေးတက္ကသိုလ် စတင်တည်ထောင်ချိန်မှစ၍ ယခုအချိန်အထိ တာဝန်ထမ်းဆောင်ခဲ့ကြသော ပါမောက္ခချုပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဦးသန်းဆွေ (၂၀၀၁ - ၂၀၀၅)
- ဒေါက်တာ ဆန်းလွင် (၂၀၀၅ - ၂၀၁၂)
- ဒေါက်တာ တင်ဝင်း (၂၀၁၂ - ၂၀၁၈)
- ဒေါက်တာ ထွန်းအောင် (၂၀၁၈ - ၂၀၂၂)
- ဒေါက်တာ ဖြူဖြူအိ (၂၀၂၂- ယနေ့အထိ)
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads