ပညာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံ အစိုးရ၏ ပညာရေးနှင့် သက်ဆိုင်သော ဝန်ကြီးဌာန From Wikipedia, the free encyclopedia

ပညာရေးဝန်ကြီးဌာန
Remove ads

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ပညာရေး နှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန ( Ministry of Education )ထားရှိသည်။ လက်ရှိဝန်ကြီးမှာ စစ်အစိုးရမှ ခန့်အပ်ထားသော ​ဒေါက်တာညွန့်ဖေဖြစ်သည်။ အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကမူ ​​ဒေါက်တာ​ဇော်​ဝေစိုးအား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[][][]

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

မြန်မာ့ပညာရေးသမိုင်း

မြန်မာနိုင်ငံ၏ ပညာရေးသည် ရှေးမြန်မာမင်းများ လက်ထက်မှစ၍ ရပ်ရွာဒေသအလိုက် တည်ရှိသည့် ဘုန်းတော်ကြီးကျောင်းများတွင် တက်ရောက်သင်ယူခွင့် ရရှိခဲ့ကြသည်။ ဗြိတိသျှ အစိုးရက ၁၈၆၆ ခုနှစ် မှစ၍ မြန်မာနိုင်ငံ အောက်ပိုင်းတွင် ပညာရေးဌာနကို တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးသင်ကြားမှုပုံစံမှ အတန်းသင် ပညာရေး သင်ကြားမှု ပုံစံသို့ စတင် ပြောင်းလဲခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တား တက္ကသိုလ်၏ ပေါင်းစည်းကောလိပ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်းကောလိပ် အဖြစ် သတ်မှတ်ပေးခဲ့သည်။ ၁၈၇၆ခုနှစ်တွင် ဆရာအတတ်သင်ကျောင်း (နောမန်ကျောင်း)ကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပညာရေးဌာနမှ ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ် ပေးခဲ့သည်။ ၁၉၃၁ခုနှစ်တွင် ဆရာဖြစ်သင် ကောလိပ်ကို ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်း ကောလိပ်အဖြစ် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော် ဆရာအတတ်သင် သိပ္ပံကို ရန်ကုန်မြို့၌ ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ဘဝသစ်ဖန်တီးမှု ပညာရေး စီမံကိန်းကိုရေးဆွဲပြီး ၁၉၅၂ ခုနှစ် မှစ၍ ၄ နှစ်စီမံကိန်းများ ချမှတ် အကောင်အထည် ဖော်ခဲ့သည်။ လူထုပညာရေး စီမံကိန်းအရ အရေး၊ အဖတ်၊ အတွက် အခြေခံ တတ်မြောက်ရေးအတွက် "အ"သုံးလုံး သင်တန်းများကိုလည်း ဖွင့်လှစ်လေ့ကျင့် ပေးခဲ့သည်။ ၁၉၆၂ ခုနှစ် မတိုင်မီဆေးပညာ၊ အင်ဂျင်နီယာ၊ ပညာရေး၊ ဥပဒေ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ စိုက်ပျိုးရေး၊ လူမှုရေးသိပ္ပံ၊ သစ်တော စသည့် မဟာဌာနများကို တက္ကသိုလ်များတွင် ဖွဲ့စည်းပြီး အထူးပြုဘာသာရပ် သင်တန်းများ ဖွင့်လှစ် သင်ကြားခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ အချို့သော မဟာဌာနများကို သီးခြားတက္ကသိုလ်များ အဖြစ် ဖွင့်လှစ်ခဲ့သည်။

၁၉၇၁ ခုနှစ်မှစ၍ ပညာရေး ၄ နှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သည်။ အခြေခံပညာ ကဏ္ဍတွင် ပညာရေး နှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ဆက်လက် ဆောင်ရွက်နိုင်မည့် အစီအမံများကို ရေးဆွဲ ဆောင်ရွက်ခဲ့သည်။ ပညာရေး သုတေသန လုပ်ငန်းများ၊ ပညာရေး စစ်တမ်း ကောက်ယူလေ့လာမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၄-၁၉၆၅ ခုနှစ်မှစ၍ သက်ကြီး စာတတ်မြောက်ရေး "အ"သုံးလုံး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့သည်။

၂၀ဝ၀-၂၀ဝ၁ ဘဏ္ဍာ‌ရေးနှစ်မှ ၂၀ဝ၃-၂၀ဝ၄ ဘဏ္ဍာရေးနှစ် အထိ အမျိုးသား ပညာရည် မြင့်မားရေး အထူးလေးနှစ် စီမံကိန်းကို ဆောင်ရွက်ခဲ့သည်။ အမျိုးသား ပညာရည် မြင့်မားရေး အနှစ်(၃၀) နှစ်ရှည် စီမံကိန်းကို ၂၀ဝ၁-၂၀ဝ၂ ဘဏ္ဍာ‌ရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ သတ်မှတ်ခဲ့ကာ နှစ်တို(၅)နှစ် စီမံကိန်းကာလ(၆)ခု ပိုင်းခြား၍ အကောင်အထည်ဖော်လျက်ရှိသည်။ ယခုဆိုလျှင် ၂၀၁၆ခုနှစ်မှစတင်ကာ kg+12ဟူ​သော သင်ရိုးညွှန်းတမ်းသစ်ကိုပြင်ဆင်ရေးဆွဲလျက်ရှိသည်။ ၎င်းသည် က‌​​လေးဗဟိုပြု ccaအပေါ်တွင်အခြေခံထားသည်။ ယခုအချိန်တွင် kg မှစပြီး G12 အထိ အတန်းများအားသင်ကြားပို့ချနေပြီဖြစ်သည်။[]

Remove ads

ဖွဲ့စည်းပုံ

၂၀၁၆ခုနှစ်တွင် အစိုးရအသစ်တက်လာချိန်၌ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနကို ဖျက်သိမ်းကာ ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)အဖြစ် ထည့်သွင်းဖွဲ့စည်းခဲ့ကာ ယင်းဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများကို ပညာရေးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းကာဖွဲ့စည်းခဲ့သည်။၂၀၂၁ခုနှစ်တွင် ပညာ​ရေးဝန်ကြီးဌာနလက်​အောက်မှ ပြန်ခွဲထုတ်၍ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဖြစ် သီးခြားပြန်လည် ဖွဲ့စည်းခဲ့သည်။[]

ဦးစီးဌာန

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads