မိုင်တဲလ် မြန်မာ

မြန်မာဆက်သွယ်ရေးကုမ္ပဏီ From Wikipedia, the free encyclopedia

မိုင်တဲလ် မြန်မာ
Remove ads

မိုင်တဲလ်မြန်မာ (အင်္ဂလိပ်: Mytel Myanmar) သည် မြန်မာနိုင်ငံတွင် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ၊ Myanmar National Telecom Holding ကုမ္ပဏီ နှင့် Star High Public ကုမ္ပဏီ တို့ပူးပေါင်းတည်ထောင်ပြီး မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသည့် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည်။[][] မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှစတင်၍ ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ မိုင်တဲလ်သည် မြန်မာစစ်တပ်၏ အဓိကဝင်ငွေရရှိသည့်ရင်းမြစ်တစ်ခုအဖြစ် ဝေဖန်ခံရကာ စောင့်ကြပ်ကြည့်ရှုမှုများလည်း ခံရသည့်လုပ်ငန်းဖြစ်သည်။[]

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...

Vietel အနေဖြင့် မြန်မာ့ကျေးလက်ဒေသနေပြည်သူများကို ပစ်မှတ်ထား၍ ဖြန့်ချိရန် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မိုင်တဲလ် မြန်မာသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော E-SIMကိုပထမဦးဆုံး အသုံးပြုနိုင်သည့် မိုဘိုင်းအော်ပရေတာဖြစ်ပြီး E-SIM ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် စတင်အသုံးပြုနိုင်ခဲ့သည်။[][]

Remove ads

သမိုင်းကြောင်း

၂၀၁၇ ဇန်နဝါရီ ၁၂ တွင် မိုင်တဲလ်သည် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိခဲ့ကာ[] ဗိယက်နမ်စစ်တပ်ထိန်းချုပ်သည့် ဗိယက်တဲလ် (Viettel) က ရှယ်ယာ ၄၉% ၊ မြန်မာစစ်တပ်၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် Star High Public Company က ရှယ်ယာ ၂၈% ပါဝင်ထားကာ ကျန်သည့် ရှယ်ယာ ၂၃% သည် ဒေသတွင်းကုမ္ပဏီများအစုအဖွဲ့တစ်ခုဖြစ်သော Myanmar National Telecom Holding Public Co Ltd ကပိုင်ဆိုင်သည်။[] မိုင်တဲလ်သည် MEC ၏ MECtel ကပိုင်ဆိုင်သော အခြေခံအဆောက်အအုံများကို သုံးစွဲခဲ့၍[] ကွန်ရက်၏ ပထမဆုံးဆက်သွယ်မှုကို မြန်မာတပ်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် ဗိယက်နမ်ကာကွယ်ရေးဝန်ကြီး Ngo Xuan Lich တို့က ပြုလုပ်ခဲ့ကြသည်။[]

Remove ads

အငြင်းပွားမှုပြဿနာများ

ဆက်သွယ်ရေးလုပ်ငန်းတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံမှုများမှတဆင့် မြန်မာစစ်တပ်၏ ထိုနယ်ပယ်တွင် စိုးမိုးနိုင်မှုအခွင့်အာဏာပြသမှု၊ ဈေးကွက်ပြိုင်ဆိုင်နိုင်မှုကို လျော့ကျစေခြင်းများကြောင့် မိုင်တဲလ်သည် ဝေဖန်မှုများကြုံတွေ့ရသည်။[] ၂၀၁၇ ဇွန်တွင် အစိုးရက ဈေးနှုန်းသတ်မှတ်ခြင်းနှင့် စည်းကြပ်ခွန် ထိန်းညှိသည့် မူဘောင်များ၊ မိုဘိုင်းအခဈေးနှုန်းအတွက် ကြမ်းခင်းဈေးဥပဒေသများကို ထုတ်ပြန်ကြေညာခဲ့ရာ မိုင်တဲလ်သည် အော်ရီဒူးကဲ့သို့သော တန်ဖိုးနည်းပြိုင်ဖက်များထက် ဈေးကွက်အသာစီးရရှိခဲ့သည်။[] အခြားသောပြိုင်ဖက်များနှင့်မတူဘဲ ကြမ်းခင်းဈေးကင်းလွတ်ခွင့်ရရှိခဲ့၍ စတင်လုပ်ကိုင်ပြီးနောက်လည်း ၎င်းတို့၏ ဈေးနှုန်းများကို မူလတန်ဖိုးမှ လျှော့ပေါ့မှုပြုရန် ခွင့်ပြုခြင်းခံရသည်။[] လုပ်ငန်းစတင်ခဲ့ပြီး နှစ်လအကြာ၌ပင်လျှင် ဈေးနှုန်းလျှော့ပေါ့သည့်ဗျူဟာမှတဆင့် ဈေးကွက်၏ ရှယ်ယာ ၄% (၂.၄ သန်း သုံးစွဲသူ) ကို ရယူနိုင်ခဲ့သည်။[] သို့သော် ၎င်းတို့သည် ယခင်က မျှတသောဈေးနှုန်းဖြင့် ယှဉ်ပြိုင်ရန်ကို သဘောတူညီခဲ့ကြ၏ ။[] စစ်တပ်နှင့်ပက်သက်ဆက်နွယ်မှုများကြောင့် ပြည်တွင်းဝယ်ယူအသုံးပြုသူများကြား အကောင်းအဆိုးတုံ့ပြန်မှုများရရှိခဲ့ကြသည်။ လုပ်ငန်းစတင်ပြီးနောက် တပ်ထောက်ပံ့ပေးထားသော ဤကုမ္ပဏီက မွတ်စလင်ဆန့်ကျင်ရေး သင်္ကေတဖြစ်သည့် '၉၆၉' နံပါတ်အစများကို ချထားပေးရန်ဆုံးဖြတ်ခဲ့ကြသည့်အတွက် ပြည်တွင်းအင်တာနက်သုံးစွဲသူများက ဝယ်ယူသုံးစွဲမှုမပြုရန် စည်းရုံးလှုံ့ဆော်မှုများလည်းရှိခဲ့ကြသည်။[][၁၀][၁၁]

၂၀၁၈ တွင် ကရင်ပြည်နယ် ဘုရားသုံးဆူနယ်မြေရှိ ကိုယ်ပိုင်စိုက်ခင်းများကိုဖြတ်၍ ဖိုက်ဘာကြိုးဆက်သွယ်မှုကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်များတွင် တွေ့ရသည်။[] မိုင်တဲလ်ကုမ္ပဏီအနေဖြင့်လည်း တပ်၏ ဆက်သွယ်ရေးဖိုက်ဘာကွန်ရက်များအပါအဝင် မြန်မာစစ်တပ်၏ အခြေခံအဆောက်အဦများကို အဆင့်မြှင့်တင်ပေးခဲ့ပြီးဖြစ်သည်။[၁၂]

၂၀၁၉ မေလ၌ မိုင်တဲလ်၏ တစ်ဆင့်ခံကန်ထရိုက်ဖြစ်သော ဆန်းမျိုးအောင်ကုမ္ပဏီက စုစုပေါင်း မြန်မာကျပ်ငွေ သန်း (၄၀) ခန့်ရှိသော လုပ်ခလစာများကို အလုပ်သမား (၂၀) အား ပေးချေမှုမရှိခဲ့သည့်အတွက် ပုသိမ်မြို့တွင် ဆန္ဒပြဖော်ထုတ်ခဲ့ကြသည်။[၁၃] ၂၀၁၉ အောက်တိုဘာတွင် ရွှေတိဂုံစေတီတော်၌ တပ်ဆင်ထားသော ဆက်သွယ်ပစ္စည်းများကို ငှားရမ်းခပေးချေခြင်းမရှိသဖြင့် ဖယ်ရှားခံရသည်။[၁၄]

၂၀၂၀ ဖေဖေယ်ဝါရီလထဲ၌ လူမှုကွန်ရက်ပေါ်၌ အမေရိကန်ဒေါ်လာ ၁.၂ သန်းခန့်ရှိ သတင်းမှားတိုက်ဖျက်ရေး စည်းရုံးလှုပ်ရှားမှုတွင်ပါလည်း ပါဝင်ခဲ့ကာ[၁၅][၁၆] ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက မိုင်တဲလ်နှင့်ဆက်စပ်ကွန်ရက်များဖြစ်သည့် စာမျက်နှာ (page) နှစ်ဆယ့်လေးခုကို တားမြစ်ပိတ်ပင်ခဲ့၍ ပြိုင်ဖက်များဖြစ်သော အူရီဒူး၊ တယ်လီနောနှင့် အမ်ပီတီတို့ကို ဝေဖန်သောအကြောင်းအရာများနှင့် မိုင်တဲလ်တံဆိပ်ကို ဈေးကွက်မြှင့်တင်ခြင်းများမပြုမီ အဆိုပါဆက်စပ်ဖေ့စ်ဘွတ်ခ်စာမျက်နှာများသည် အမျိုးသားရေးဝါဒကို အလွန်တရာဖော်ပြရေးသားခြင်းများရှိခဲ့သည်ဟု ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ရှင်းလင်းပြောဆိုခဲ့လေသည်။[၁၇]

၂၀၂၀ ဒီဇင်ဘာတွင် Justice for Myanmar အဖွဲ့က မိုင်တဲလ်ကုမ္ပဏီအဝန်းအဝိုင်းအတွင်း အကျင့်ပျက်ချစားမှု၊ ခရိုနီကွန်ရက်များအကြောင်း အသေးစိတ်စုံစမ်းထားသော အချက်အလက်များထုတ်ဖော်ပြသခဲ့သည်။[၁၈][၁၉] ထိုအစီရင်ခံစာ၌ လူထုအားစုံစမ်းထောက်လှမ်းရာ၌ အသုံးပြုရန် မိုင်တဲလ်အသုံးပြုသူများထံမှ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို မြန်မာစစ်တပ်ကရယူနိုင်စွမ်းရှိသည်ဟုလည်း ဖော်ပြထားသည်။[၂၀] အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်မှာ HSBC နှင့် Standard Chartered စသည့်ဗြိတိသျှဘဏ်များက မိုင်တဲလ်နှင့်ပတ်သက်မှုရှိသော Viettel ကုမ္ပဏီကို ချေးငွေ ဒေါ်လာသန်း (၆၀) ချထားပေးမှုကိုလည်း ဖော်ထုတ်ပေးထားလေသည်။[၁၂]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခြင်းအဖြစ်ဆိုးကြီးပြီးနောက် စစ်တပ်ပိုင်ထုတ်ကုန်များကို ဝယ်ယူသုံးစွဲခြင်းမပြုရန် လှုပ်ရှားဆောင်ရွက်မှုတွင်လည်း မိုင်တဲလ်ကုမ္ပဏီသည် ထိပ်ဆုံးမှပါဝင်ပြန်လေ၏ ။[၂၁]

Remove ads

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads