မိုင်ဒင်း အမျိုးသားအားကစားကွင်း
From Wikipedia, the free encyclopedia
Remove ads
မိုင်ဒင်း အမျိုးသားအားကစားကွင်း (အင်္ဂလိပ်: Mỹ Đình National Stadium၊ ဗီယက်နမ်: Sân vận động Quốc gia Mỹ Đình)သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ ဘက်စုံသုံးအားကစားကွင်းဖြစ်သည်။၄၀၁၉၂ဦး ဝင်ဆံ့ပြီး တိုင်းပြည်၏ ဒုတိယမြောက် အကြီးဆုံးကွင်းဖြစ်သည် ။ ၂၀၀၃ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အဓိက ကျင်းပရာနေရာဖြစ်သည်။ ဗီယက်နမ်ဘောလုံးအသင်းများ၏ အိမ်ကွင်းဖြစ်ပြီး နိုင်ငံတကာ ချစ်ကြည်ရေးပွဲများကို လက်ခံကျင်းပလေ့ရှိသည်။ ကွင်း၏ အရှေ့နှင့်အနောက်ဘက် ပွဲကြည့်စင်များကို အမိုးမိုးထားပြီး ဝင်ဆံ့ဦးရေ၏ တစ်ဝက်ကို အမိုး မိုးပေးထားနိုင်ခြင်းဖြစ်သည်။
Remove ads
သမိုင်းကြောင်း
ဗီယက်နမ်နိုင်ငံအတွက် အမျိုးသားအားကစားကွင်းအသစ် ဆောက်လုပ်ရန် အကြံကို ၁၉၉၈တွင် စတင်ခဲ့ကြသည်။[၁]၂၀၀၀ပြည့်နှစ် ဇူလိုင်လတွင် ထိုစဉ်က ဗီယက်နမ်ဝန်ကြီးချုပ်က ကွင်းအသစ်တည်ဆောက်ရေးစီမံကိန်းကို အတည်ပြုခဲ့သည်။ဤသည်မှာ ၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လက်ခံကျင်းပရေးအတွက်လည်း ရည်ရွယ်သည်။ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၂ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၃ခုနှစ် ဇွန်လတွင် ပြီးစီးခဲ့ကာ ဩဂုတ်လတွင် မိုင်းဒင်း အမျိုးသားအားကစားကွင်းအဖြစ် အမည်ပေးခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ အမျိုးသားနေ့ဖြစ်သော စက်တင်ဘာလ ၂ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
Remove ads
အတွင်းပိုင်း

ပွဲကြည့်စင်များ
ပွဲကြည့်စင် ၄ခုရှိကာ ပွဲကြည့်စင် အေနှင့် ဘီမှာ အရှေ့ဘက်နှင့် အနောက်ဘက်ပွဲကြည့်စင်များဖြစ်သည်။ ထို ပွဲကြည့်စင် ၂ခုအား တန်ချိန် ၂၃၀၀လေးသော အမိုးဖြင့် မိုးထားကာ နှစ်ထပ်ပွဲကြည့်စင်များဖြစ်သည်။ အခြားပွဲကြည့်စင်နှစ်ခုဖြစ်သော စီနှင့် ဒီမှာ တစ်ထပ်ပွဲကြည့်စင်များဖြစ်သည်။ စုစုပေါင်း ၄၀၁၉၂ဦးဝင်ဆံ့ကာ အရေးကြီးပုဂ္ဂိုလ်များအတွက် ခုံပေါင်း ၄၅၀နှင့် သတင်းသမားများအတွက် ၁၆၀ ပါဝင်သည်။
ကွင်း
မြက်ခင်းပြင်မှာ ၁၅၀မီတာ × ၆၇မီတာရှိပြီး ၎င်းကို ပြေးလမ်း ၈လမ်းပါသော ပတ်လမ်းက ပတ်ထားသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads