မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍
From Wikipedia, the free encyclopedia
Remove ads
မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍ ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၀၅ ခုနှစ်တွင် ပြသခဲ့ပြီး ဒါရိုက်တာ စံရွှေမောင်မှ ရိုက်ကူးခဲ့ပြီး ထိုဇာတ်ကားဖြင့် ရုပ်ရှင်ဓာတ်ပုံဆုကို နိုင်နုရှိန်(ဖထီး)မှ ရရှိခဲ့သည်။[၁]
Remove ads
ဇာတ်ကြောင်း
ရုပ်ရှင်သည် သူ၏အိပ်မက်များသည် အနာဂတ်၏ နိမိတ်များဖြစ်နေသော လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။
ဇာတ်လမ်းတွင် ဇာတ်ဆောင်သည် ထပ်ပြန်တလဲလဲမက်နေသော အိပ်မက်ဆိုးတို့၏ ခြောက်လှန့်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရသူဖြစ်သည်။ သူ၏အိပ်မက်တွင် မြစ်ထဲတွင်မျောနေသော အရာတစ်ခုသည် အမြဲတမ်း သူအနီးသို့ တဖြည်းဖြည်းရောက်လာသည်။ သူသည် စိတ်သက်သာမှုရစေရန် စိတ်ကျန်းမာရေးဆရာဝန်ထံသို့ သွားရောက်ခဲ့သည်။ အတိုချုံးရလျှင် စိတ်ဝေဒနာမှ လွတ်မြောက်ရာရှာသူ ထိုအမျိုးသားသည် အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ၍ ချစ်ခြင်းတွင် အဆုံးသတ်ခဲ့သည်။
Remove ads
ဇာတ်ဆောင်
- လွင်မိုး
- ရန်ကျော်
- ထွန်းအိန္ဒြာဗို
- ခိုင်သင်းကြည်
နိုင်ငံတကာ၌ပြသခြင်း
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ထုတ်လုပ်ခဲ့သော[၁] ထိုရုပ်ရှင်ဇာတ်ကားကို ၂၀၁၆ ခုနှစ် ဩဂုတ် ၇ ရက်မှ ၁၃ ရက်နေ့အထိ စင်္ကာပူနိုင်ငံ၌ ကျင်းပခဲ့သော အာဆီယံ ရုပ်ရှင်ပွဲတော်၌ ပြသားခဲ့သည်။ [၂]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads