မိုးဗြဲ
ရှမ်း-ကယားနယ်စပ်ရှိဒေသ From Wikipedia, the free encyclopedia
Remove ads
မိုးဗြဲမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်တွင်တည်ရှိသည်။ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် နယ်နမိတ်ဖြစ်သော ဘီလူးချောင်းပေါ်တွင်တည်ရှိပြီး အချက်အချာကျသော၊ စီးပွားရေး စည်ပင်ထွန်းကားသောမြို့ဖြစ်သည်။ ကယားပြည်နယ် လောပိတရေအားလျှပ်စစ်စက်ရုံအတွက် နွေရာသီရေနည်းချိန်တွင် ရေဖြည့်တင်းပေးနိုင်ရန် တည်ဆောက်ထားသော မိုးဗြဲဆည် ကြောင့်လည်းထင်ရှားသည်။


ကယန်း(ပဒေါင်)၊ ပအိုဝ်း၊ ရှမ်း၊ အင်းသားစသော တိုင်းရင်းသားပေါင်းစုံ အေးချမ်းစွာ နေထိုင်ကြသည်။ လောပိတရေအားလျှပ်စစ်စက်ရုံတည်ဆောက်ချိန်က အလုပ်သမားများအဖြစ်လာရောက်လုပ်ကိုင်ကြပြီး၊ ဆက်လက်နေထိုင်လျက်ရှိကြသည့် ပြည်မမှ ဗမာလူမျိုးများ၊ တရုတ်လူမျိုးများနှင့် ဂေါ်ရခါးလူမျိုးများကိုလည်းတွေ့ရ၏။
နှစ်စဉ် တပို့တွဲလတွင်ကျင်းပသော မိုးဗြဲမွေတော်ဓာတ်စစ်ဘုရားပွဲတော်မှာလည်း လွန်စွာစည်ကားလှ၏။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads