တောင်ကြီးခရိုင်
ရှမ်းပြည်နယ်တောင်ပိုင်းတွင်ရှိ၍ ရှမ်းပြည်နယ်၏မြို့တော်လဲဖြစ်သော ခရိုင် From Wikipedia, the free encyclopedia
Remove ads
တောင်ကြီးခရိုင် ( ရှမ်း: ၸႄႈတွၼ်ႈတူၼ်ႈတီး၊ အင်္ဂလိပ်: Taunggyi District ) သည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ခရိုင်တစ်ခု ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၆၀၆ ပေ (၁၄၀၄ မီတာ) တွင် တည်ရှိသည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ တောင်ကြီးမြို့ဖြစ်သည်။ တောင်ကြီးခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁,၆၉၉,၀၈၆ ယောက်[၁] ဖြစ်သည်။
နာမည်ကျော် အင်းလေးကန် နှင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည် တောင်ကြီးခရိုင်တွင် တည်ရှိသည်။ ပင်းတယရွှေဥမင်လှိုဏ်ဂူ၊ ထမ်ဆမ်းဂူ၊ မွေတော်ကက္ကူ၊ ကလောနှီးဘုရား၊ မြင်းမထိသဘာဝလှိုဏ်ဂူ၊ မြသပိတ်ရေပြာအိုင် စသည် အထင်ကရ နေရာများစွာရှိသည်။
Remove ads
မြို့နယ်နှင့်မြို့များ
တောင်ကြီးခရိုင်တွင် ယခင်က မြို့နယ် (၁၀)မြို့နယ်၊ မြို့ (၁၈)မြို့ ပါဝင်ခဲ့သော်လည်း ယခုအခါတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ခရိုင်အသစ်များ ဖွဲ့စည်းခဲ့သဖြင့် တောင်ကြီးခရိုင်တွင် မြို့နယ် (၂)မြို့နယ်၊ မြို့ (၆)မြို့သာ ကျန်ရှိတော့သည်။
တောင်ကြီးခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
ယခင် ဖွဲ့စည်းပုံ

ရွာငံမြို့နယ်
တောင်ကြီးမြို့နယ်
ပင်လောင်းမြို့နယ်
ပင်းတယမြို့နယ်
ဖယ်ခုံမြို့နယ်
ညောင်ရွှေမြို့နယ်
ရပ်စောက်မြို့နယ်
ကလောမြို့နယ်
ဆီဆိုင်မြို့နယ်
ဟိုပုံးမြို့နယ်
- တောင်ကြီးမြို့နယ်
- တောင်ကြီးမြို့
- အေးသာယာမြို့ (တောင်ကြီးမြို့သစ်)
- ကျောက်တလုံးကြီးမြို့
- ရွှေညောင်မြို့
- ညောင်ရွှေမြို့နယ်
- ကလောမြို့နယ်
- ကလောမြို့
- အောင်ပန်းမြို့ (ရှမ်းမြေလတ်တွင် အဓိက စီးပွားရေးမြို့)
- ရပ်စောက်မြို့နယ်
- ဖယ်ခုံမြို့နယ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads