မေခမြစ်
From Wikipedia, the free encyclopedia
Remove ads
မေခမြစ် သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ မြစ်တစ်စင်း ဖြစ်သည်။
လမ်းကြောင်း
မေခမြစ်သည် မြောက်လတ္တီကျူ့ ၂၈ ဒီဂရီခန့်၊ တိဗက်အရှေ့ပိုင်း ဟိမဝန္တာ တောင်တန်း ရေခဲပြင်များမှ မြစ်ဖျားခံကာ မေလိခမြစ်နှင့် အပြိုင် စီးဆင်းသည်။[၁] မေခမြစ်သည် မေလိခမြစ်နှင့် ကချင်ပြည်နယ်အတွင်းတွင် ပေါင်းဆုံပြီး ဧရာဝတီမြစ် ဖြစ်ပေါ်သည်။
မြစ်နှစ်စင်းဆုံရာ မြစ်ဆုံသည် ကချင်လူမျိုးများအတွက် ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် အရေးပါသလို မြန်မာနိုင်ငံ၏ အရေးပါသော အမှတ်သင်္ကေတစ်ခုလည်း ဖြစ်သည်။[၂] မြစ်ဆုံနေရာတွင် မြစ်ဆုံဆည်ကို တည်ဆောက်ရန် စတင်ခဲ့သည်။
Remove ads
သမိုင်းကြောင်း
ဗြိတိသျှ သစ်တောနှင့် သကုဏဗေဒ ပညာရှင်ဖြစ်သူ Bertram E. Smythies က ၁၉၄၀ ဆယ်စုနှစ်တွင် ယင်းဒေသကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။[၃] ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်းတွင် မြစ်ကြီးနားတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ လက်ထောက်ကထိကဖြစ်သူ ကလျာလု က ရေဝေကုန်းတန်းဒေသရှိ အပင်အမျိုးအစားများနှင့် ပတ်သက်သော စာတမ်းတစ်စောင် ပြုစုခဲ့ရာ ယင်းဒေသတွင် အမြင့် မီတာ ၈၀၀ မှ မီတာ ၄၆၀၀ ကျော်အတွင်း များစွာသော ဂေဟစနစ်များ တည်ရှိနေသလို ကမ္ဘာပေါ်ရှိ တရုတ်-ဟိမဝန္တာ ပန်းမန်အမျိုးအစား အများဆုံးရှိသော ဒေသတစ်ခုလည်း ဖြစ်သည်ဟု ဆိုသည်။[၁]
၂၀၀၇ ခုနှစ်တွင် ဧရာဝတီမြစ်၊ မေခနှင့် မေလိခမြစ်များတွင် ဆည်များ တည်ဆောက်ရန်အတွက် မြန်မာအစိုးရသည် တရုတ် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ မေခမြစ်တွင် ဆည် ငါးခု၊ မေလိခမြစ်တွင် ဆည် ၁ ခုနှင့် မြစ်ဆုံဒေသတွင် ဆည် ၁ ခု တည်ဆောက်ရန် အဆိုပြုခဲ့သည်။ မြစ်ဆုံဒေသရှိ ဆည်မှာ ဆည်ခုနစ်ခုအနက် အကြီးဆုံးဖြစ်ကာ မြစ်ဆုံဒေသကို ပျက်စီးစေနိုင်သည်။[၂] တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ပြီး[၄] ချီဖွေမြို့ရှိ ကန့်ကွက်ဆန္ဒပြသူ ဒေသခံများသည် အစိုးရ၏ နှိမ်နင်းခြင်းကို ခံခဲ့ရသည်။[၅]
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads