ချီဖွေမြို့
From Wikipedia, the free encyclopedia
Remove ads
ချီဖွေမြို့သည် ကချင်ပြည်နယ်၊ ချီဖွေခရိုင်တွင် ပါဝင်သော မြို့နယ်အဆင့်မြို့ဖြစ်ပြီး မြစ်ကြီးနားမြို့မှအရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ မေခမြစ်အရှေ့ဖက်ကမ်းပေါ်တွင် တည်ရှိသည်။ အရှေ့တောင်ဖက် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် ပန်ဝါမြို့နှင့် ၄၀ မိုင်ခန့်ကွာဝေးသည်။ မြောက်ဖက်တွင် လောခေါင်၊ ထော်ဂေါ့၊ ဆော့လော်မြို့များသို့ မော်တော်ကားလမ်းဖြင့် ဆက်သွယ်ထားသည်။
ထောင်ဖက်တွင် မြစ်ကြီးနားမြို့နှင့် မော်တော်ကားလမ်း ဆက်သွယ်ထားသည်။ ချီဖွေမြို့ တောင်ဖက် ၆ မိုင်ခန့်အကွာ နန်းဦးကျေးရွာအနီးတွင် တရုတ်စီပီအိုင်ကုမ္ပဏီပိုင် ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံ (စက်တပ်ဆင်အင်အား -၉၉ မဂ္ဂါဝပ်)နှင့် ချီဖွေမြို့မြောက်ဖက် မေခမြစ်ပေါ်တွင် ချီဖွေရေအားလျှပ်စစ်စီမံကိန်း (၃၄၀၀မဂ္ဂါဝပ်)တို့ တည်ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads