မေနွဲ့

From Wikipedia, the free encyclopedia

မေနွဲ့
Remove ads

ဒေါ်မေနွဲ့ သည် မြန်မာ့ရုပ်ရှင်နယ်ပယ်မှ အမျိုးသမီးသရုပ်ဆောင် တစ်ဦး ဖြစ်သည်။ ငယ်စဉ်ကပင် အဆိုအကများဝါသနာပါခဲ့ပြီး ဇာတ်မင်းသမီးဘဝမှ ရုပ်ရှင်နယ်သို့ ပြောင်းလာခဲ့သည်။ ငယ်စဉ် ဇာတ်အဖွဲ့များ၌ ဝင်ရောက်ကပြစဉ် ပရိသတ်များ၏ အားပေးမှုကိုရရှိခဲ့ရုံသာမက ရုပ်ရှင်သရုပ်ဆောင်အဖြစ်လည်း အကယ်ဒမီဆုများကို ရရှိခဲ့ကာ တေးသီချင်းများကိုလည်း သီဆိုခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလမှ ဗီဒီယိုခေတ်ကာလအထိ မြောက်မြားစွာသော ရုပ်ရှင်၊ ဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[]

အချက်တိုများ ဒေါ်မေနွဲ့, မွေးဖွား ...
Remove ads

ကိုယ်ရေးအကျဉ်း

ဒေါ်မေနွဲ့ကို ဦးဖေလှနှင့် ဒေါ်သိန်းရှင်တို့က ၁၉၁၉ ဖေဖော်ဝါရီ ၁၃ ၌ မွေးဖွားခဲ့၍ မွေးချင်းငါးဦးရှိသည့်အနက် အငယ်ဆုံးသမီးဖြစ်ပြီး ငယ်နာမည်မှာ မဒီ ဖြစ်သည်။ သတ္တမတန်းအထိ ပညာသင်ယူခဲ့ပြီး အဆိုအကများကို စောင်းဆရာ ဆရာငြိမ်းကြီး၊ စန္ဒရားဆရာ ရွှေပြည်အေး၊ ဒေါ်ခင်မြင့်ကြီး၊ ဒေါ်စောမြအေးကြည်တို့ထံတွင် ဂီတပညာများဆည်းပူးခဲ့သည်။ ဒေါ်စိန်အုပ်၊ မင်းသမီးကြီး ဒေါ်သိန်းအုပ်၊ လက္ခဏဦးကျော်တို့ထံမှောက်၌ အကပညာများကို သင်ယူခဲ့လေသည်။ အသက် ၉ နှစ်မှစ၍ အောင်ကျော်လှိုင်နှင့်တွဲကာ ကလေးနှစ်ပါးသွားများကို ကပြခဲ့သည်။ ထို့နောက်ပိုင်း "ဟင်္သာစိန်"အမည်ခံ၍ ဇာတ်အဖွဲ့များတွင် မင်းသမီးအဖြစ် ဝင်ရောက်ကပြခဲ့ကာ ၁၉၃၆ အသက် (၁၇) ၌ "ရဲဘက်တော်" ဇာတ်ကားကို ဒါရိုက်တာ ဦးတုတ်ကြီးမှရိုက်ကူးခဲ့ပြီး ထိုဇာတ်ကားတွင် မင်းသား ဘတင့်နှင့်အတူ သရုပ်ဆောင်ရာမှ ရုပ်ရှင်လောကသို့ ရောက်ရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင် စစ်ရှောင်၍ ထို့နောက် ဆရာဒဂုန်တင် ဦးစီးသောဇာတ်နှင့်အတူ အောင်မင်္ဂလာပြဇာတ်ကို တည်ထောင်ပြီး အထက်မြန်မာပြည်တခွင်တွင် ကပြခဲ့၏။ ဦးဖိုးစိန်ကြီး၊ ဦးစိန်အောင်မင်း၊ ဗိုကေသန်းစိန်၊ အောင်လံတော်ခင်စိန် စသည့်ဇာတ်အဖွဲ့များနှင့်လည်း တွဲဖက်ကပြခဲ့လေသည် ။

၁၉၃၈ တွင် ကာလပေါ်သီချင်းများကို သီဆိုအသံသွင်းခဲ့၍ စန်းသီတာဂီတအဖွဲ့ကို တည်ထောင်ပြန်သည်။ ဇာတ်ထုပ်၊ ပြဇာတ်နှင့် ရုပ်ရှင်ဇာတ်ဝင်တေးများကို ပါဝင်သီဆို သရုပ်ဆောင်ခဲ့သည်။

၁၉၄၉ တွင် ရွှေဒုံးဘီအောင်ရိုက်ကူးသော ရန်ပြေမာန်ပြေဇာတ်ကားဖြင့် ရုပ်ရှင်နယ်သို့ တစ်ကျော့ပြန် ဝင်ရောက်ခဲ့ပြီး ခေါင်းဆောင်မင်းသမီအဖြစ် ရုပ်ရှင်များစွာကို ရိုက်ကူးခဲ့လေသည်။ ၁၉၆၂ ၌ ရွှေရင်သိမ်းသစ် ဇာတ်ကား၊ ၁၉၇၅ ၌ 'ရွှေချည်ငွေချည်တန်းပါလို့ ရုပ်ရှင်များဖြင့် အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့သည်။[]

၂၀၀၈ ဇန်နဝါရီ ၂၀ အသက် (၈၉) နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

Remove ads

ကိုယ်ရေးကိုယ်တာ

ဦးကြည်မောင်နှင့် အိမ်ထောင်ကျ၍ သားသုံးဦး၊ သမီးနှစ်ဦး ထွန်းကားခဲ့သည်။[]

ဆုရ ဇာတ်ကားများ

ဒေါ်မေနွဲ့သည် အောက်ဖော်ပြပါရုပ်ရှင်များဖြင့် အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့သည်။[]

နောက်ထပ် အချက်အလက်များ ခေါင်းစဉ်, ရုံတင်နှစ် ...

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads