မေသဉ္ဇာဦး

From Wikipedia, the free encyclopedia

Remove ads

မေသဉ္ဇာဦး (၁၇ ဖေဖော်ဝါရီ ၁၉၇၂ ဖွား) သည် မြန်မာလူမျိုး ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည်။နှလုံးလှလူမိုက် (၂၀၀၁)၊ပန်းပျိုးသူတို့ အင်္လကာ(၂၀၀၆)၊ရွှေမင်းသမီး(၂၀၂၀)[] ဇာတ်ကားတို့ဖြင့် ဇာတ်ပို့ဆု အကယ်ဒမီ ၃ ဆု ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

အချက်တိုများ မေသဉ္ဇာဦး, မွေးဖွား ...
Remove ads

အနုပညာခြေလှမ်းအစ

နာမည်အရင်း မှာ သူဇာထွေး ဖြစ်သည်။၁၉၈၆ ခုနှစ်ကစပြီး သူဇာ အမည်ဖြင့် တေးသီချင်းများ စတင်ဆိုသည်။ကျောင်းပျော်ပွဲရွှင်ပွဲများ မှတဆင့် ဘုံကျောင်း တရုတ်တီးဝိုင်း ဖြင့် ထိမ်းမြားမင်္ဂလာပွဲများ၊ Music Power တီးဝိုင်းဖြင့် စတိတ်ရှိုးပွဲများအထိ တက်လှမ်းသီဆိုသည်။

ထို့နောက် မြန်မာ့ရုပ်မြင်သံကြား ၌ တောင်ပေါ်မြေမှ အလှများ၊ချစ်နေမယ်၊ငြိမ်းချမ်းပါစေ နှင့် လွမ်းမျက်ရည် အစရှိသည့် ကိုယ်ပိုင်သီချင်း ၄ပုဒ် ထုတ်လွှင့်ခွင့် ရသည်အထိ တေးသီချင်းသီဆိုမှု၌ နာမည်တစ်ခုရလာသည်။

သူသည် တေးသီချင်းသီဆိုမှု အပြင် ဖက်ရှင်မဂ္ဂဇင်းအချို့တို့တွင်လည်း အဝတ်အစားဖက်ရှင်ပြ ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ဒါရိုက်တာ မောင်တင်ဦး က ၎င်း၏ ဖက်ရှင်ဓာတ်ပုံများကိုမြင်တွေ့ပြီးနောက် ဗွီဒီယိုရိုက်ကူးပေးလိုကြောင်း ကမ်းလှမ်းခဲ့ပြီး၊လက်ခံခဲ့ရာမှတဆင့် အနုပညာလောက ထဲသို့ မေသဉ္ဇာဦး အမည်ဖြင့် ၁၉၈၉ ခုနှစ် ဒီဇင်ဘာလတွင် စတင် ဝင်ရောက်လာသည်။

သူ၏ ပထမဦးဆုံး ဗီဒီယိုကားမှာ လေညှင်းကလေး ဇာတ်ကားဖြစ်သည်။ဘိုမကလေး ဆိုသည့် ဇာတ်ရုပ်ဖြင့် ဇာတ်ပို့နေရာမှ သရုပ်ဆောင်သည်။ယင်းနောက် ဒုတိယမြောက်ကားဖြစ်သည့် အရိပ်တစ်ထောင် ဇာတ်ကားတွင်လည်း ဇာတ်ပို့နေရာမှ သရုပ်ဆောင်သည်။နောက်ပိုင်းဇာတ်ကားများများကျမှ သူ့ကို လူသတိထားမိလာကြသည်။

၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် သူသည် ရုပ်ရှင်ဗီဒီယိုလောက၌ ခိုင်မာသည့်နေရာတစ်ခုရလာပြီး ပရိသတ်၏ အားပေးမှုကို လက်ခံရရှိလာသည်။[] သူသည် တပ်မတော် အကျိုးပြုဇာတ်ကားများ၌လည်း အထူးပါဝင်သရုပ်ဆေင်မှုဖြင့် လူသိများသည်။[]

Remove ads

ပုဂ္ဂိုလ်ရေးဘဝ

သူသည် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။၁၉၉၄ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ ဦးစံလင်းသိန်းနှင့် အိမ်ထောင်ကျသည်။သား ၂ဦးရှိပြီး[] သားအကြီးဆုံးမှာ ယာဉ်မတော်တဆမှုဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်က ကွယ်လွန်ခဲ့သည်။[]

အမ ဖြစ်သူမှာ ဗိုလ်ချုပ်ကြီး ညိုစော ၏ ဇနီး ကျွန်းဆွယ်အားကစားပြိုင်ပွဲဆုရ ဒေါ်စမ်းစမ်းအေး ဖြစ်သည်။[] [] နောက်ထပ် အမဖြစ်သူမှာ စိုးရီလွင် အမည်ဖြင့် ရုပ်မြင်သံကြားတွင် တေးသီချင်းများ သီဆိုသည်။

ရရှိခဲ့သော ဆုတံဆိပ်များ

မေသဉ္ဇာဦးသည် ၂၀၀၁ ခုနှစ်တွင် နှလုံးလှလူမိုက် ဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု) ကို ပထမဦးစွာဆွတ်ခူးရရှိခဲ့သည်။ ထို့နောက် ၂၀၀၆ ခုနှစ်တွင် ပန်းပျိုးသူတို့ အလင်္ကာ ဇာတ်ကားဖြင့်လည်းကောင်း၊ ၂၀၂၀ ခုနှစ်တွင် ရွှေမင်းသမီးဇာတ်ကားဖြင့်လည်းကောင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု)ကို သုံးကြိမ်တိုင်တိုင်ရရှိခဲ့သည်။

ယင်းအပြင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၂၅) ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော လူမှုထူးချွန်တံဆိပ် (ပထမအဆင့်)ကို ချီးမြှင့်ခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads