မော်လမြိုင်ပညာရေးကောလိပ်

From Wikipedia, the free encyclopedia

Remove ads

မော်လမြိုင် ပညာရေးဒီဂရီကောလိပ် (အင်္ဂလိပ်: Mawlamyine Education Degree College) သည် မွန်ပြည်နယ်မော်လမြိုင်မြို့တွင် တည်ရှိသော ပညာရေး ဒီဂရီကောလိပ်တစ်ခု ဖြစ်သည်။

အချက်တိုများ ယခင်အမည်များ, ဆောင်ပုဒ် ...
Remove ads

သမိုင်းကြောင်း

၁၈၈၁ ခုတွင် ဆရာအတတ်သင်တန်းကို အမျိုးသမီးများအတွက် မော်တင်လိန်းကျောင်း (ယခု အထက(၆)မော်လမြိုင်) နှင့် အမျိုးသားများအတွက် မော်လမြိုင်အစိုးရအထက်တန်းကျောင်း (ယခု အထက(၁)မော်လမြိုင်) တို့တွင် ဖွင့်ခဲ့သည်။ ၁၉၄၂ ဂျပန်ဝင်သည်နောက် ကျောင်းများပိတ်သွားရာ ၁၉၅၃ ခု၊ ဇွန်လ ၁ ရက်တွင် အေဘီအမ်ကျောင်း (အထက(၃)မော်လမြိုင်) ၌ ပြန်စသည်။ ၁၉၅၄ ခုတွင် ဘတ္ထရီပွိုင့်၌ မီးလောင်ပြီးနောက် ၎င်းမီးလောင်ပြင်၌ ကျောင်းဆောက်သည်။ ၁၉၆၁ ခုတွင် အကျယ်အဝန်း ၁၅.၈၄၁ ကျယ်ဝန်းသော ယခုတည်နေရာ စဖွင့်သည်။[]၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့တွင် မော်လမြိုင်ပညာရေးကောလိပ်အပါအဝင် ပညာရေးကောလိပ် (၂၅) ကျောင်းအား ၄ နှစ်သင် ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။

  • ၁၉၅၃ − ဆရာအတတ်သင်ကျောင်း
  • ၁၉၆၇ − ဆရာအတတ်သင်သိပ္ပံ
  • ၁၉၉၈ နိုဝင်ဘာ ၂၇ − ပညာရေးကောလိပ်
  • ၂၀၂၀ ဩဂုတ် ၃၁ - ပညာရေးဒီဂရီကောလိပ်
Remove ads

သင်တန်းအမျိုးအစား

  1. လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ပထမနှစ်
  2. လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဒုတိယနှစ်
  3. လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း
  4. အလယ်တန်းဆရာအတတ်စာပေးစာယူ ၁ နှစ်သင်တန်း
  5. B.A(Education), B.Sc (Education) ၄နှစ်သင်တန်း
  6. ပညာရေးဘွဲ့စာပေးစာယူ နှစ်နှစ်သင်တန်း

ကျောင်းအုပ်များ

နောက်ထပ် အချက်အလက်များ အမည်, ကာလ ...

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads