မွန်ပြည်နယ်
မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခု From Wikipedia, the free encyclopedia
Remove ads
မွန်ပြည်နယ် (မွန်: တွဵုရးဍုၚ်မန်) သည် မြန်မာနိုင်ငံရှိ ပြည်နယ်တစ်ခု ဖြစ်သည်။ အရှေ့ဘက်တွင် ကရင်ပြည်နယ်၊ အနောက်ဘက်တွင် မုတ္တမပင်လယ်ကွေ့၊ မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် တောင်ဘက်တွင် တနင်္သာရီတိုင်းဒေသကြီးတို့ဖြင့် ဝန်းရံလျက်ရှိသည်။ ပြည်နယ်၏ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်အနည်းငယ် ထိစပ်လျက်ရှိသည်။ ပြည်နယ်၏ မြို့တော်မှာ မော်လမြိုင်မြို့ ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
မွန်ပြည်နယ် ဟု ဖြစ်ပေါ်ခြင်း မရှိမီက မွန်ပြည်နယ်အဖြစ် ဖွဲ့စည်းထားသော နယ်မြေသည် တနင်္သာရီတိုင်းအတွင်း ပါဝင်ခဲ့သည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင် မြိတ်ခရိုင်ကို မြို့နယ် ၆ မြို့နယ်ဖြင့် လည်းကောင်း၊ ထားဝယ်ခရိုင်ကို မြို့နယ် ၄ မြို့နယ်ဖြင့် လည်းကောင်း တနင်္သာရီတိုင်းအဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေး ကောင်စီလက်ထက်တွင် တနင်္သာရီတိုင်းတွင် ပါဝင်သော မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် ၁ အဖြစ် လည်းကောင်း၊ ထားဝယ်ခရိုင် နှင့် မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် ၂ အဖြစ်လည်းကောင်း သတ်မှတ် ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်ကောင်စီ ကာလ ၁၉၇၄ ခုနှစ်တွင် တနင်္သာရီတိုင်းအမှတ် ၁ ကို မွန်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။[၂]
Remove ads
တည်နေရာ နှင့် အကျယ်အဝန်း
မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်လျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ အနောက်ဘက်တွင် မုတ္တမကွေ့ ဖြင့် ထိစပ်နေသည်။ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၂မိနစ် နှင့် ၁၇ ဒီဂရီ ၃၂မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၁မိနစ် နှင့် ၉၈ ဒီဂရီ ၁၃မိနစ်ကြားတွင် တည်ရှိသည်။[၃] အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း (၄၇၄၇.၇၆)၊ ဧကအားဖြင့် (၃၀၃၈၅၆၄) ကျယ်ဝန်းသည်။ အရှေ့အနောက် (၁၂၇)မိုင် ကျယ်ဝန်းပြီး တောင်မြောက်(၁၄၁.၈၈)မိုင်ရှည်လျားသည်။[၄]
မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း ပြည်နယ်တစ်ခုဖြစ်သော မွန်ပြည်နယ်၏ အနောက်ဘက် နယ်နိမိတ်ကို ကပ္ပလီပင်လယ်၊ မြောက်ဘက်ကို ပဲခူး၊ အရှေ့ဘက်ကို ကရင် နှင့် တောင်ဘက်ကို တနင်္သာရီတို့က ဝိုင်းရံလျက်ရှိသည်။ မွန်ပြည်နယ်သည် စတုရန်းကီလိုမီတာ ၁၂၂၉ ကျယ်ဝန်းပြီး၊ မြို့နယ် ၁ဝ မြို့နယ်ပါဝင်ကာ၊ မော်လမြိုင်သည် မြို့တော်ဖြစ်သည်။ လူဦးရေမှာ ၂.၁၂ သန်း (၂ဝ၁၁ HMIS အချက်အလက် များအရ) ရှိပြီး၊ စတုရန်း ၁ ကီလိုမီတာလျှင် လူဦးရေ သိပ်သည်းမှုနှုန်း ၁၇၂ ဦးရှိသည်။ လူဦးရေ၏ ၂၃% သည် မြို့ပြ ဒေသများတွင် နေထိုင်ကြပြီး၊ ကျန်ရှိသော ၇၇% မှာ ကျေးလက် ဒေသများတွင် နေထိုင်ကြသည်။ [၅]
Remove ads
အုပ်ချုပ်ရေး
မြို့တော်
မွန်ပြည်နယ်၏မြို့တော်မှာ မော်လမြိုင်မြို့ဖြစ်သည်။ကားလမ်း ရေကြောင်းလမ်း လေကြောင်းလမ်း မီးရထားလမ်းများဆုံရာမြိူ့ ဖြစ်သည်။
အုပ်ချုပ်ရေး
၂၀၁၁ခုနှစ်မှစတင်ကာ ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့က မွန်ပြည်နယ်အား အုပ်ချုပ်သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။
ဥပဒေပြုရေး
၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။
တရားစီရင်ရေး
မွန်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၁၀)ရုံးရှိသည်။
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ
ခရိုင်များ

မွန်ပြည်နယ်တွင် ခရိုင် (၄)ခု ရှိသည်။
မြို့နယ်များ
မြို့များ
ရေးမြို့နယ်တွင် ရေးမြို့၊ လမိုင်းမြို့နှင့် ခေါဇာမြို့ တို့ပါဝင်
ပေါင်မြို့နယ်တွင် ပေါင်မြို့နှင့် ဇင်းကျိုက်မြို့တို့ ပါဝင်
မွန်ပြည်နယ်တွင် ခရိုင် (၄)ခု၊မြို့နယ် (၁၀) ခု၊ မြို့ပေါင်း (၁၆) မြို့၊ ရပ်ကွက်ပေါင်း (၁၀၀)၊ ကျေးရွာအုပ်စု (၃၆၈) အုပ်စုနှင့် ရွာပေါင်း (၁၁၅၂) ရှိသည်။
[၆]
လူဦးရေ
၂၀၁၄ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်တွင် လူဦးရေ ၂သန်း နေထိုင်ကြသည်။မွန်လူမျိုး၃၈.၆%၊မြန်မာလူမျိုး၃၅.၇%၊ကရင်လူမျိုး၁၄.၂%၊အခြား၇.၂%အသီးသီးနေထိုင်ကြပါသည်။မော်လမြိုင်ခရိုင်သည်မွန်လူမျိုးအများဆုံးနေထိုင်ပြီး၊သထုံခရိုင်သည် မြန်မာလူမျိုးအများဆုံးနေထိုင်သည်ကိုတွေ့ရသည်။မွန်ပြည်နယ်မြောက်ပိုင်းသည် မြန်မာလူမျိုးအများဆုံးနေထိုင်ကြသည်။ဘီးလင်းမြို့နယ်သည် မြန်မာလူမျိုးအများဆုံးမြို့နယ်ဖြစ်ပြီးရေးမြို့နယ်သည်လည်း မွန်လူမျိုးအများဆုံးဖြစ်သည်။မွန်ပြည်နယ်တွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၁၆၇ဦးဖြစ်သည်။ ရန်ကုန်၊မန္တလေးနှင့် ဧရာဝတီတိုင်းတို့ပြီးလျှင် စတုတ္ထမြောက် လူဦးရေ အသိပ်သည်းဆုံးဖြစ်သည်။ မွန်ပြည်နယ်တွင် လူ၁၀၀လျှင် ၇၂ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။
Remove ads
ပညာရေး
- မော်လမြိုင်တက္ကသိုလ်
- နည်းပညာတက္ကသိုလ်(မော်လမြိုင်)
- မော်လမြိုင်ပညာရေးကောလိပ်
- ကွန်ပျူတာတက္ကသိုလ်(သထုံ)
- အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)
- စိုက်ပျိုးရေးသိပ္ပံ(သထုံ)
ဆက်သွယ်ရေး
နာမည်ကျော် စစ်တောင်းတံတားမှ ကားလမ်းခရီးဖြင့် လည်းကောင်း၊ သံလွင်တံတား(မော်လမြိုင်)မှ ရထားခရီးဖြင့်လည်းကောင်း မြန်မာနိုင်ငံအနှံ့အပြားသို့ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ပြီဖြစ်သည်။

မော်လမြိုင်တွင် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် ဌာနခွဲတစ်ခုရှိကာ GSM ဖုန်းများကိုလည်း သုံးစွဲနိုင်ပြီဖြစ်သည်။ မွန်ပြည်နယ်တစ်ဝန်း တွင် မိုက်ခရိုဝေ့ဖ် စခန်း ၉ ခုတိတိ ရှိသည်။ မွန်ပြည်နယ်တွင် ဆက်သွယ်ရေးအတွက် မိုဘိုင်းအသုံးပြုနိုင်သော ကွန်ရက်များမှာ MPT, Telenor, Ooredoo, Mytel, MEC တို့ဖြစ်ကြသည်။ ထို့အပြင် အင်တာနက်ဆက်သွယ်ရေးအတွက် MPT, Telenor နှင့် Ooredoo တို့မှလည်း အင်တာနက်ဆက်သွယ်ရေးကို FTTH လိုင်းသာမက Wireless Broadband များဖြင့်လည်း အသုံးပြုနိုင်ပြီဖြစ်သည်။
Remove ads
စီးပွားရေး
ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်း၊ ပင်လယ်ပြင်ငါးဖမ်းခြင်း၊ နေလှန်းဆားလုပ်ငန်း၊ငါးပိငါးခြောက်လုပ်ငန်းများ နှင့် နှစ်ရှည်သစ်တောထွက် သီးနှံပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းတို့ဖြင့် စီးပွားဖြစ်ထွန်းပါသည်။ ထို့ပြင် နိုင်ငံပိုင် စစ်တောင်းစက္ကူစက်၊ ဘီးလင်းသကြားစက်၊ ဘီးလင်း တာယာစက်ရုံ၊ သံဖြူဇရပ်ရာဘာစက်ရုံ၊ သထုံ တာယာစက်ရုံ တို့လည်း ရှိသည်။
တွင်းထွက်များ
ပေါင်မြို့နယ်ရှိ ကာဒိုက်သတ္တုမိုင်း နှင့် မုဒုံရှိ နတ်စိမ်းသတ္တုမိုင်း တို့မှ ခဲမဖြူ ကိုလည်းကောင်း မုပ္ပလင်နှင့် ဇင်းကျိုက်တို့မှ ဂရက်နိုက် ကိုလည်းကောင်း တူးဖော်ရရှိသည်။
Remove ads
စိတ်ဝင်စားဖွယ်နေရာများ
- ကျိုက်ထီးရိုးဘုရား ကျိုက်ထို
- ကျိုက္ခမီရေလယ်ဘုရား သံဖြူဇရပ်
- ကျိုက်သံလန်စေတီတော်မော်လမြိုင်
- စက်စဲကမ်းခြေ အပန်းဖြေစခန်းသံဖြူဇရပ်
- သံဖြူဇရပ် စစ်သင်္ချိုင်း
- သေမင်းတမန် ရထားလမ်း
- ကဗျာဝကမ်းခြေရေးမြို့နယ်
- ချောင်းနှစ်ခွ အပန်းဖြေစခန်း
- ဝဲကလိရေပူစမ်း
- ဗျိုင်းနှစ်ကောင်
- ပေါ်တော်မူဘုရား
- ရွာလွတ် ကမ္ဘာ့အကြီးဆုံးဆေးတံ
- အလံတစ်ရာစေတီတော် သထုံ
- မဲလံ ဆံတော်ရှင် ဘီးလင်း
- မြသပိတ်တောင် စေတီတော် သထုံ
- Water World ရေလှိုင်းကမ္ဘာ
- ရွှေစာရံစေတီတော် သထုံ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads