မော်လမြိုင်လေဆိပ်

လေဆိပ် From Wikipedia, the free encyclopedia

မော်လမြိုင်လေဆိပ်map
Remove ads

မော်လမြိုင်လေဆိပ် သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ လေဆိပ်တစ်ခုဖြစ်သည်။

အချက်တိုများ မော်လမြိုင်လေဆိပ်, အချက်အလက်များ ...
Remove ads

သမိုင်း

ဒုတိယကမ္ဘာစစ်

မော်လမြိုင်လေဆိပ်ကို ၁၉၄၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတော်ဝင်လေတပ်ကွင်းဖြစ်ခဲ့သည်။[] ၎င်းကို ဗြိတိသျှတို့သာမက အမေရိကန် လေသရဲအဖွဲ့ဖြစ်သည့် ကျားပျံ(Flying Tigers) တို့လည်း အသုံးပြုခဲ့သည်။

၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အရှေ့တောင်အာရှ၏ အဓိကလေကြောင်းစစ်ဆင်ရေးအဖြစ် ဂျပန်တို့သည် တိုက်လေယာဉ် ၆၅ စင်းဖြင့် မော်လမြိုင်လေယာဉ်ကွင်းနှင့် မုဒုံရှိ ၎င်း၏ဆက်သွယ်ရေးစခန်းကို တိုက်ခိုက်ခဲ့သည်။[] ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဂျပန်ဗိုလ်ချုပ်ကြီး အိုဘာတာသည် မော်လမြိုင် လေယာဉ်ကွင်းကို လာရောက်ကြည့်ရှုခဲ့ပြီး ရန်ကုန် မင်္ဂလာဒုံ လေယာဉ်ကွင်းကို တိုက်ခိုက်ရန်အတွက် ဂျပန် ဆောက်လုပ်ရေး ပညာရှင် ၄၅၀ ဖြင့် မော်လမြိုင်လေယာဉ်ကွင်းကို ပြန်လည်တည်ဆောက်ခဲ့ပြီး ဂျပန်လေတပ်ဌာနချုပ်အဖြစ် အသုံးပြုခဲ့သည်။[]

လွတ်လပ်ရေးရပြီး

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မြန်မာ့လေကြောင်းလိုင်း (Union of Burma Airways) ကို တည်ထောင်ခဲ့ပြီး မော်လမြိုင် လေဆိပ် အပါအဝင် ပြည်တွင်းလေဆိပ်များသို့ ပြည်တွင်း ဝန်ဆောင်မှုများ စတင်ပေးခဲ့သည်။

၁၉၄၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် မြန်မာ့လေကြောင်းလိုင်း၏ မှတ်ပုံတင်အမှတ် XY-ABO ၏ De Havilland DH.104 Dove 1 သည် မင်္ဂလာဒုံလေဆိပ်မှ မော်လမြိုင်လေဆိပ်သို့ ပျံသန်းစဉ် မုတ္တမပင်လယ်ကွေ့၌ ပျက်ကျခဲ့သည်။ ခရီးသည် ကိုးဦးနှင့် အမှုထမ်း နှစ်ဦး (လေယာဉ်မှူး ကပ္ပတိန် P.H. Sparrow နှင့် ရေဒီယိုအရာရှိ L.A. Stephens) တို့ ပျောက်ဆုံးသွားခဲ့သည်။[] မြန်မာ့လေကြောင်းသမိုင်းတွင် ပထမဆုံးသော အရပ်သား လေယာဉ်ပျက်ကျမှုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ

၂၀၁၃ခုနှစ် စက်တင်ဘာလတွင် ထိုင်းလေကြောင်းလိုင်း Nok Air Mini သည် ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် တည်ရှိသော မြို့တော်တစ်ခု ဖြစ်သော ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်နှင့် မော်လမြိုင်ကြား ပျံသန်းမှု စတင်ခဲ့သည်။ ၎င်းသည် ၁၉၄၈ခုနှစ်နောက်ပိုင်း နိုင်ငံတကာလေကြောင်းခရီးစဉ်များကို မော်လမြိုင်လေဆိပ်မှ ပထမဆုံးအကြိမ် ကိုင်တွယ်ဆောင်ရွက်ခဲ့ပါသည်။[] သို့သော်လည်း ထိုင်းNok Air Mini သည် ပြေးလမ်းနှင့် အဆောက်အဦများ ညံ့ဖျင်းမှုကြောင့် ၎င်း၏ ဝန်ဆောင်မှုကို ရပ်ဆိုင်းခဲ့သည်။

Remove ads

ခေတ်မီရေး

မော်လမြိုင်လေဆိပ်၏ ပြေးလမ်းအား ၂၀၁၈ ဘတ်ဂျက်နှစ်တွင် အဆင့်မြှင့်တင်လျက်ရှိသည်။ ပြေးလမ်းအဆင့်မြှင့်တင်ရန်အတွက် စုစုပေါင်းကျပ် ၁၁၄ သန်း သုံးစွဲမည်ဖြစ်သည်။[]

လေကြောင်းလိုင်းနှင့် ဆိုက်ရောက်ရာများ

နောက်ထပ် အချက်အလက်များ လေကြောင်းလိုင်းများ, ပျံသန်းရာနေရာ ...

ဂန္ထဝင်ရုပ်ရှင်

မော်လမြိုင်လေဆိပ်သည် ၁၉၇၇ ခုနှစ်တွင် ကျော်ကြားခဲ့သော ဝင်းဦး၏ မြန်မာကဗျာဆန်ဆန် "တိမ်ဦးလေပြေမောင့်ကိုစေ" ဇာတ်ကား ရိုက်ကူးသော နေရာဖြစ်ခဲ့သည်။

ပြင်ပလင့်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads