မျိုးပွားခြင်း
From Wikipedia, the free encyclopedia
Remove ads
မျိုးပွားခြင်း ဆိုသည်မှာ ကလေးငယ် ကဲ့သို့သော သက်ရှိအသစ် တစ်ဦး/တစ်ကောင်ကို ဖန်တီးခြင်း သို့မဟုတ် ပြန်လည်ဖန်တီးယူခြင်းအတွက် ပြုလုပ်ရသော ဇီဝလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ဇီဝဗေဒဘာသာရပ်တွင် မျိုးပွားခြင်းအား လိင်ဖြင့် မျိုးပွားခြင်း နှင့် လိင်မဲ့ မျိုးပွားခြင်းဟူ၍ နှစ်မျိုးနှစ်စား အကြမ်းဖျဉ်းသတ်မှတ်ထားသည်။ လိင်ဖြင့် မျိုးပွားခြင်းတွင် မျိုးစိတ်တူသော သက်ရှိနှစ်ဦးမှ ပါဝင်ဆောင်ရွက်ရပြီး တစ်ဦးချင်းစီမှ ထက်ဝက်စီထောက်ပံ့ပေးသော မျိုးဗီဇသည် သက်ရှိအသစ်ထံသို့ ဆင်းသက်သွားသည်။ လိင်မဲ့ မျိုးပွားခြင်းတွင်မူ သက်ရှိတစ်ဦးတည်းသာ ပါဝင်လေ၏။ လိင်မဲ့ မျိုးပွားခြင်းသည် ဆဲလ်များကို ပိုင်းခြားခြင်း (သို့) ခွဲထုတ်ခြင်းဖြင့် သက်ရှိအသစ်တစ်ဦးကို ဖြစ်စေလေသည်။ ဘက်တီးရီးယား အများစုသည် လိင်မဲ့ မျိုးပွားခြင်းဖြင့်သာ မျိုးပွားကြသည်။ အချို့သောသက်ရှိများမှာ လိင်ဖြင့်ရော လိင်မဲ့ပါ မျိုးပွားနိုင်ကြလေသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads