မြင့်ဟန် (တရားသူကြီး)
From Wikipedia, the free encyclopedia
Remove ads
တရားလွှတ်တော်တရားသူကြီး ဦးမြင့်ဟန် ကို ၁၉၆၃ ခုနှစ်တွင် မိတ္ထီလာမြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (စာပေးစာယူသင်တန်း) မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။[၁]
Remove ads
ဝန်ထမ်းဘဝ
ဦးမြင့်ဟန်သည် တရားရေးဝန်ထမ်းဘဝကို ၁၉၉၁ ခုနှစ်တွင် တရားရေးဝန်ထမ်းအဆင့် (၄) အဖြစ် စတင်ခဲ့သည်။ ထို့နောက် အဆင့်ဆင့် ရာထူးတိုးမြှင့်ခံခဲ့ရပြီး ချင်းပြည်နယ်တရားရေးဦးစီးမှူးအဆင့်အထိ တရားရေးဝန်ထမ်းလုပ်သက် (၃၀) နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီး အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။
မိသားစု
ဦးမြင့်ဟန်သည် အိမ်ထောင်ရှိပြီး သား (၂) ဦးနှင့် သမီး (၂) ဦး ထွန်းကားခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads