မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်

From Wikipedia, the free encyclopedia

Remove ads

မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (အင်္ဂလိပ်: Journal of the Burma Research Society) သည် ၁၉၁၁ ခုနှစ်မှ ၁၉၈၀ ခုနှစ်အကြားတွင် မြန်မာနိုင်ငံ သုတေသနအသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံဆိုင်ရာ လေ့လာမှုဘာသာရပ်များ ပါဝင်သော ပညာရပ်ဆိုင်ရာ ဂျာနယ်တစ်စောင် ဖြစ်သည်။ ၁၉၁၁ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီးနောက် ဂျာနယ်သည် မြန်မာနိုင်ငံဆိုင်ရာ လေ့လာမှုများကို အလေးပေးထားသော ပထမဆုံးသော ပညာရပ်ဆိုင်ရာ ဂျာနယ်တစ်စောင် ဖြစ်ခဲ့သည်။[] ၆၉ နှစ်ကျော် ကာလအတွင်း အတွဲပေါင်း ၅၉ တွဲနှင့် ဂျာနယ် ၁၃၂ စောင်ထုတ်ဝေနိုင်ခဲ့ပြီး ဆောင်းပါးပေါင်း ၁၃၀၀ ကျော် ဖော်ပြနိုင်ခဲ့သည်။[] အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် ရန်ကုန်တက္ကသိုလ် ပရဝုဏ်မှနေ၍[] ထုတ်ဝေခဲ့သည်။[]

အချက်တိုများ အတိုကောက်အမည် (ISO 4), ဘာသာရပ် နယ်ပယ် ...

၁၉၈၀ ခုနှစ် မပိတ်သိမ်းမီအချိန်ထိ ဂျာနယ်သည် မြန်မာနိုင်ငံ၏ အရေးပါသော ပညာရပ်ဆိုင်ရာ ထုတ်ဝေမှု ဖြစ်ခဲ့သည်။[] ဂျာနယ်တွင် မြန်မာ့ ယဉ်ကျေးမှုနှင့် မြန်မာ့သမိုင်းဆိုင်ရာများအား ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ထားသည်များ ပါဝင်သလို လူမျိုးခွဲဗေဒ လေ့လာမှုများ၊ မြန်မာစာပေ ၊ ရှေးရိုးစဉ်လာများ၊ ဂီတ၊ ဘာသာရေးယုံကြည်မှုများ၏ ဘာသာပြန်များနှင့် သုံးသပ်ချက်များ၊ ဒေသရင်း တိရစ္ဆာန်များ၊ ပထဝီဝင်နှင့် ရှေးဟောင်းသုတေသန အစီရင်ခံစာများ၊ မြန်မာဘာသာ၊ ပါဠိ၊ မွန်နှင့် အခြားဘာသာစကားများမှ ဘာသာပြန်ထားသော သမိုင်းဆိုင်ရာ စာတမ်းများနှင့် မှတ်ချက်များ ပါဝင်သည်။[]

၁၉၆၂ ခုနှစ်တွင် ဂျာနယ်သည် အစိုးရလက်အောက်ခံ ဖြစ်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ဂျာနယ်နှင့် မြန်မာနိုင်ငံ သုတေသနအသင်းအား မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မှ ပိတ်သိမ်းခဲ့သည်။[]

Remove ads

ကိုးကား

ကျမ်းကိုးစာစုစာရင်း

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads