မြန်မာနိုင်ငံ ဂီတအစည်းအရုံး

From Wikipedia, the free encyclopedia

မြန်မာနိုင်ငံ ဂီတအစည်းအရုံး
Remove ads

မြန်မာနိုင်ငံဂီတအစည်းအရုံး (အင်္ဂလိပ်: Myanmar Music Association) သည် မြန်မာနိုင်ငံရှိ ဂီတအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မဟာဂီတအလွှာ၊ ကာလပေါ်အလွှာ၊ စတီရီယိုအလွှာ၊ ခေတ်သစ်အလွှာ၊ အသံဖမ်းစက်မှုအလွှာ နှင့် ထုတ်လုပ်ဖြန့်ချိအလွှာ ဟူ၍ ဖွဲ့စည်းထားသည်။[]

အချက်တိုများ ဖွဲ့စည်းခြင်း, ဌာနချုပ် ...
Remove ads

သမိုင်းကြောင်း

မြန်မာနိုင်ငံခေတ်ပေါ်ဂီတကောင်စီ (၁၉၆၃-၁၉၆၅)

၁၉၆၂ ခုနှစ်တော်လှန်ရေးကောင်စီခေတ်၌ မြန်မာ့အသံတွင် အသံလွှင့်နေသော တီးဝိုင်းများမှ ဂီတပညာရှင်များပေါင်းစု၍ ရန်ကုန်မြို့ ဦးဝိစာရလမ်း (မြို့မကျောင်းရှေ့ မိုင်ဒါဘောလုံးကွင်းအနီး)ရှိ တပ်မတော်ကပွဲရုံတွင် ခေတ်ပေါ်ဂီတနှီးနှော ဖလှယ်ပွဲကို ကျင်းပပြုလုပ်ပြီး မြန်မာနိုင်ငံခေတ်ပေါ် ဂီတကောင်စီ ကို စတင်ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံဂီတကောင်စီ (ဗဟို) (၁၉၆၅ - ၁၉၇၉)

တော်လှန်ရေးကောင်စီမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအဖြစ် ပြန်လည် ဖွဲ့စည်းသည့်ကာလ၌ ခေတ်ပေါ်ဂီတကောင်စီတွင် မဟာဂီတအလွှာမပါဝင်ခဲ့၍ ဂီတအလွှာအားလုံးပါဝင်လာစေရန် အတွက်မြန်မာနိုင်ငံဂီတကောင်စီ (ဗဟို)ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံဂီတကောင်စီ စည်းရုံးရေးကော်မတီ (ဗဟို)(၁၉၇၉ - ၁၉၈၈)

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့် ဗဟိုဦးစီး စနစ်အရ မြန်မာနိုင်ငံဂီတကောင်စီ စည်းရုံးရေးကော်မတီ (ဗဟို)ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ၁၉၆၃ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိဖွဲ့စည်းခဲ့သည့် ဂီတအဖွဲ့အစည်းများသည် တစ်နှစ်လျှင် တစ်ကြိမ် ညီလာခံကျင်းပ၍ ဂီတလောကသားတို့၏ ဆန္ဒသဘောထားတို့ဖြင့်သာ မဲပေးရွေးချယ်တင်မြောက်ခဲ့ကြသည်။

မြန်မာနိုင်ငံဂီတပညာရှင်များအဖွဲ့ချုပ် (၁၉၉၀ - ၁၉၉၂)

၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အုပ်ချုပ်သည့် ကာလတွင် ဂီတပညာရှင်များ စုစည်း၍ မြန်မာနိုင်ငံဂီတပညာရှင်များအဖွဲ့ချုပ် ကိုတည်ထောင်ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး (၁၉၉၂ - ၂၀၁၂)

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖြစ် ပြောင်းလဲအုပ်ချုပ်သည့် ကာလတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး ဟုပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဗဟိုဦးစီးစနစ်နှင့် မဲပေးရွေးချယ်သည့် စနစ်တို့ ပေါင်းစပ်၍ ပြန်ကြားရေးဝန်ကြီးဋ္ဌာန လက်အောက်တွင် ထားရှိခဲ့သည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး ( ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ၊ ၁၄ ရက်နေ့ မှ ယနေ့အထိ)

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့် အညီလွတ်လပ်၊ ပွင့်လင်း၍ တရားမျှတသော ရွေးကောက်ပွဲများမှတဆင့် ဂီတလောကသားအများစု၏ မဲဆန္ဒ သဘောထားများဖြင့် မြန်မာနိုင်ငံဂီတအစည်းအရုံး အလုပ်အမှုဆောင်သစ်များကို ရွေးကောက် တင်မြောက်ခဲ့ကြသည်။

Remove ads

တာဝန်ထမ်းဆောင်ခဲ့ကြသူများ

ဥက္ကဋ္ဌများ

  1. အလင်္ကာကျော်စွာ ရွှေပြည်အေး သက်တမ်း (၂) ကြိမ်
  2. ဂီတလုလင်မောင်ကိုကို သက်တမ်း (၂) ကြိမ်
  3. စန္ဒရားချစ်ဆွေ သက်တမ်း (၁) ကြိမ်
  4. ဦးလေးလွင် သက်တမ်း (၁) ကြိမ်
  5. ဗိုလ်ကလေးတင့်အောင်
  6. စန္ဒရားလှထွတ်
  7. အကော်ဒီယံအုန်းကျော်
  8. ဦးမောင်မောင်လတ်
  9. ဦးတင်ဦးလေး

အတွင်းရေးမှူးများ

  1. ဦးလွင်မြင့်
  2. ဒေါ်မာမာအေး
  3. ကံကော်တောမျိုးအောင်
  4. ပလေးဘွိုင်းသန်းနိုင်
  5. ဦးကိုကိုလွင်
  6. ဒေါ်ဖြူဖြူကျော်သိန်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads