မြန်မာနိုင်ငံ စာပေဆုများ (စာအုပ်)

From Wikipedia, the free encyclopedia

မြန်မာနိုင်ငံ စာပေဆုများ (စာအုပ်)
Remove ads

မြန်မာနိုင်ငံ စာပေဆုများ စာအုပ်ကို ဒဂုန်ရွှေမျှား က ရေးသားခဲ့သည်။ ယူနက်စကို၏ အကူအညီနှင့် စာပေဗိမာန်က ၁၉၇၂ ခုနှစ်တွင် အုပ်ရေ ၂၅,၀၀၀ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။[] ဗြိတိသျှအစိုးရလက်ထက် စာပေဆုများမှသည် ၁၉၇၀ ခုနှစ် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုအထိ ပါဝင်သည်။ ဆုရစာအုပ်အကျဉ်းနှင့်အတူ စာရေးဆရာ၏ အတ္ထုပ္ပတ္တိကိုပါ ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

အချက်တိုများ စာရေးသူ, နိုင်ငံ ...
Remove ads

ဗြိတိသျှအစိုးရလက်ထက် စာပေဆုများ

ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် ပေးအပ်ချီးမြှင့်ခဲ့သော ဂျာဒင်းဆု၊ ‌ဝေလမင်းသားဆုမြန်မာနိုင်ငံ သုတေသနအသင်းဆု၊ သစ္စဝါဒီဆု၊ သစ္စဝါဒီ ဋီကာဆု၊ မဲဇာတောင်ခြေဆု၊ ကျောင်းသုံးစာအုပ်ဆုများ အ‌ကြောင်းပါဝင်သည်။

စာပေဗိမာန်ဆု

၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းကို ဖွဲ့စည်းခဲ့ပြီး[] စာပေဗိမာန်ဆု ဟူသော စာပေဆု တစ်ရပ် တီထွင်ချီးမြှင့်ခဲ့သည်။ ၁၉၄၈ ခုနှစ်မှစ၍ တစ်နှစ်အတွင်း ထွက်ပေါ်ခဲ့သော စာအုပ်များအနက်မှ အကောင်းဆုံးကို ရွေးချယ်ကာ ဆုချီးမြှင့်ခဲ့သည်။ ၁၉၄၈-၁၉၆၁ ခုနှစ်အတွင်း ချီးမြှင့်ခဲ့သော ဆုရစာအုပ်များအ‌ကြောင်းကို ဖော်ပြထားသည်။

အနုပညာ စာပေဆိုင်ရာဆု

စာပေဗိမာန်ဆုကို ၁၉၆၂ ခုနှစ်မှ စ၍ အနုပညာ စာပေဆိုင်ရာဆု ဟုအမည်ပြောင်း လိုက်သည်။ ၁၉၆၂-၁၉၆၄ ခုနှစ်အတွင်း ချီးမြှင့်ခဲ့သော ဆုရစာအုပ်များအ‌ကြောင်းကို ဖော်ပြထားသည်။

အမျိုးသား စာပေဆု

ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ ချီးမြှင့်သော အနုပညာ စာပေဆိုင်ရာ ဆုများသည် တစ်မျိုးသားလုံး အတွက် ချီးမြှင့်သော ဆုများ ဖြစ်သည်ဟူသော သဘော သက်ဝင်ငုံမိစေရန် ၁၉၆၅ ခုနှစ်မှ အစပြုကာ အမျိုးသား စာပေဆုဟူသော အမည်သို့ပြောင်းလဲ၍ ချီးမြှင့်သည်။[] ပညာရပ်ကိုးမျိုးအတွက် တစ်မျိုးလျှင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဟူ၍ ဆုလေးဆုစီး ပေးခဲ့သည်။ ၁၉၆၅-၁၉၆၈ ခုနှစ်အတွင်း ချီးမြှင့်ခဲ့သော ဆုရစာအုပ်များအ‌ကြောင်းကို ဖော်ပြထားသည်။

Remove ads

အမျိုးသား စာပေဆု (ပုံစံသစ်)

၁၉၆၉ ခုနှစ်မှ အစပြုကာ ပြိုင်ပွဲပုံစံမှ ရွေးချယ်ပုံစံသို့ ပြောင်းလိုက်သည်။ ဘာသာရပ်တစ်မျိုးလျှင် အကောင်းဆုံးစာအုပ်တစ်အုပ်စီကိုသာ ရွေးချယ်၍ ဆုတစ်ဆုစီသာ ချီးမြှင့်တော့သည်။ ၁၉၆၉ နှင့် ၁၉၇၀ ခုနှစ် ဆုရစာအုပ်များအ‌ကြောင်းကို ဖော်ပြထားသည်။

စာပေဗိမာန်စာမူဆု

အကြောင်းအမျိုးမျိုးကြောင့် စက်တင်ပုံနှိပ်ခြင်းမပြုရသေးသော ကောင်းမွန်ပြောင်မြောက်သော စာမူများကို ဖော်ထုတ်ချီးမြှင့်ရန်နှင့် စာအုပ်အဖြစ် ထွက်ပေါ်လာစေရန်အတွက် ပြိုင်ပွဲကျင်းပပြီး ဆုချီးမြှင့်သည်။ ၁၉၆၉ နှင့် ၁၉၇၀ ခုနှစ် ဆုရစာမူများအ‌ကြောင်းကို ဖော်ပြထားသည်။

ဝိုင် အမ် ဘီ အေ ဆု

ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဝိုင် အမ် ဘီ အေ) က ၁၉၃၉ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သော စာပေဆုများအ‌ကြောင်းကို ၁၉၇၀ ခုနှစ်အထိ ဖော်ပြထားသည်။

တိုင်းရင်းသားစာပေဆုများ

၁၉၅၅- ၁၉၇၀ ခုနှစ်အတွင်း ကျင်းပခဲ့သော မွန်စာပေပြိုင်ပွဲ၊ ကရင်စာပေပြိုင်ပွဲ၊ ရှမ်းစာပေပြိုင်ပွဲများမှ ဆုရစာအုပ်များအ‌ကြောင်းကို ဖော်ပြထားသည်။

အခြားစာပေဆုများ

စာရေးဆရာအသင်းဆု၊ ပါဠိဘာရတီ အစည်းအရုံးဆု၊ ဂရိတ်တားအေရှဆုရှုမဝတထောင်ဆု၊ ချိုတေးသံဆု၊ ဘား​မား​စတား​ဆု၊ ယူနက်စကိုဆုများအကြောင်းကို ဖော်ပြထားသည်။

အခြားကြည့်ရန်များ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads