စာပေဗိမာန်ဆု
From Wikipedia, the free encyclopedia
Remove ads
၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းကို ဖွဲ့စည်းခဲ့ပြီး စာပေဗိမာန်ဆု ဟူသော စာပေဆုတစ်ရပ်ကို တီထွင်ချီးမြှင့်ခဲ့သည်။ [၁]၁၉၄၈ ခုနှစ်မှစ၍ တစ်နှစ်အတွင်း ထွက်ပေါ်ခဲ့သော စာအုပ်များအနက် အကောင်းဆုံးကို ရွေးချယ်ကာ ဆုငွေ ကျပ် ၁၀၀၀ ချီးမြှင့်ခဲ့သည်။
![]() |
၁၉၄၉ ခုနှစ်တွင် ဆုချီးမြှင့်ရန် သင့်လျော်သော စာအုပ်ဟူ၍ မတွေ့ရှိရသဖြင့် ဆုမချီးမြှင့်ခဲ့ရပေ။ ထို့နောက် ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခု နှစ်အထိ အဆက်မပြတ် ချီးမြှင့်ခဲ့သည်။
စာပေဗိမာန်ဆုသည် မူလက ကာလပေါ် မြန်မာဝတ္ထုရှည်ဆု တစ်ဆုသာ သတ်မှတ်ခဲ့သော်လည်း ၁၉၅၀ ပြည့်နှစ်တွင် စာပဒေသာဆုနှင့် ဘာသာပြန်ဆု၊ ၁၉၅၃ ခုနှစ်တွင် သုတပဒေသာဆု၊ ၁၉၅၉ ခုနှစ်တွင် ဝတ္ထုတိုပေါင်းချုပ်ဆု၊ ပြဇာတ်ဆုနှင့် ကဗျာဆုတို့ကို အသီးအသီး တိုးချဲ့ကာ ခုနစ်ဆုအထိ ဖြစ်လာသည်။ ချီးမြှင့်သော ဆုငွေမှာ ဘာသာပြန်ဆုအတွက် ကျပ် ၇၅ဝ ဖြစ်ပြီး ကျန်ခြောက်ဆုမှာ တစ်ဆုလျှင် ငွေကျပ် ၁ဝဝဝ ဖြစ်၏။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အစိုးရ အပြောင်းအလဲဖြစ်၍ ထိုနှစ်အတွက် စာပေဗိမာန်ဆု မချီးမြှင့်နိုင်သော်လည်း ၁၉၆၂ ခုနှစ် အတွက်ဆုကို အနုပညာ စာပေဆိုင်ရာဆုဟု အမည်ပြောင်းကာ တော်လှန် ရေးအစိုးရက ၁၉၆၄ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သည်။ ၁၉၆၅ ခုနှစ်မှစ၍ အမျိုးသားစာပေဆု ဟူ၍ အမည်ပြောင်းကာ ဆက်လက်ချီးမြင့်ခဲ့ရာ ယနေ့တိုင် ဖြစ်လေသည်။[၂]
Remove ads
၁၉၄၈ ခုနှစ်
၁၉၄၉ ခုနှစ်
၁၉၅၀ ခုနှစ်
၁၉၅၁ ခုနှစ်
၁၉၅၂ ခုနှစ်
၁၉၅၃ ခုနှစ်
၁၉၅၄ ခုနှစ်
၁၉၅၅ ခုနှစ်
၁၉၅၆ ခုနှစ်
၁၉၅၇ ခုနှစ်
၁၉၅၈ ခုနှစ်
၁၉၅၉ ခုနှစ်
၁၉၆၀ ခုနှစ်
၁၉၆၁ ခုနှစ်
အခြားကြည့်ရန်များ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads