မြန်မာ့ခရီးသွားဘဏ်

From Wikipedia, the free encyclopedia

မြန်မာ့ခရီးသွားဘဏ်
Remove ads

မြန်မာ့ခရီးသွားဘဏ် (အင်္ဂလိပ်: Myanma Tourism Bank; အတိုကောက် MTB)သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ဘဏ်တစ်ခုဖြစ်သည်။[] ဘဏ်ရုံးချုပ်ကို ရန်ကုန်မြို့ ၊ ပြည်လမ်းမကြီးပေါ်ရှိ စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် ဖွင့်လှစ်ထားသည်။[] ၂၀၂၂ စက်တင်ဘာလနောက်ဆုံးစာရင်းများအရ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မူဆယ်နှင့် မြဝတီ စသည့်မြို့များတွင် စုစုပေါင်းဘဏ်ခွဲ ၁၂ ခုဖြင့် ဘဏ်လုပ်ငန်းများဆောင်ရွက်နေသည်။[][]

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...
Thumb
မန္တလေးမြို့ရှိ မြန်မာ့ခရီးသွားဘဏ်ခွဲတစ်ခုအား ညပိုင်းမြင်တွေ့ရစဉ်
Remove ads

ဘဏ်သမိုင်းကြောင်း

မြန်မာ့ခရီးသွားဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၈ တွင် ဘဏ်လုပ်ငန်းလိုင်စင်ကို ရရှိခဲ့သည်။ ဘဏ်ရုံးချုပ်ကို ၂၀၁၉ ခုနှစ် မေလ ၆ ရက်နေ့က ရန်ကုန်တွင် ဖွင့်လှစ်ခဲ့သည်။ ခရီးသွားလုပ်ငန်းများနှင့်ဆက်စပ်နေသည့် ဘဏ်ဖြစ်သည့်အလျောက် မြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍအား ချေးငွေများ အဓိကထား ထုတ်ပေးသည်။[][] ယင်းအပြင် အခြားသောစီးပွားရေးကဏ္ဏများကိုပါ ငွေကြေးအရကူညီထောက်ပံ့မှုလည်း ဆောင်ရွက်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads