မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်
shwehmoneaလေမောင်ပြုံးsoeLinကုမဏီပိုင်ရှင် From Wikipedia, the free encyclopedia
မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(အင်္ဂလိပ်: Myanma Investment and Commercial Bank; အတိုကောတ် MICB)သည် နိုင်ငံတော်ပိုင် ဘဏ်တစ်ခု[၁]ဖြစ်ပြီး အဓိကအားဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဘဏ်ခွဲများထားရှိသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်သည် စီးပွားရေးလုပ်ငန်းများ၊ ပြည်တွင်းငွေကြေးကို စီးပွားရေးလုပ်ငန်းများအတွက် ချေးငှားခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကအားဖြင့် လုပ်ဆောင်သည်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံခြားငွေများကို ထိန်းသိမ်းခြင်းဆောင်ရွက်သည်။[၂] မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်သည်လည်း နိုင်ငံခြားသားများ ရင်းနှီးမြှပ်နှံမှုအတွက် ဘဏ်အကျိုးတော်ဆောင်အဖြစ် ကြားဝင်ဆောင်ရွက်ပေးသည်။[၂]
![]() | |
အမျိုးအစား | နိုင်ငံတော်ပိုင်ဘဏ် |
---|---|
လုပ်ငန်း | ဘဏ် |
တည်ထောင်သည့်နှစ် | ၁၅ ဖေဖော်ဝါရီ ၁၉၉၆ |
ဌာနချုပ် | အမှတ်၊ ၁၇၀-၁၇၆၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်၊ မြန်မာ |
ဝက်ဘ်ဆိုက် | micb.gov.mm |
၁၉၉၀ပြည့်နှစ်၊ ဇူလိုင်လ(၄)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံတော် ငွေရေး ကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်အား မြန်မာ့စီးပွားရေးဘဏ်မှ ခွဲ၍တည်ထောင်ခဲ့ပြီး၊ ယင်း ဥပဒေနှင့် အညီ နိုင်ငံတကာ ဘဏ်လုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်ပိုင် ဘဏ်တစ်ခု ဖြစ်သည်။[၁]
ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့အား အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။[၃][၄]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.