မြောက်ယဉ်စွန်းတန်း
From Wikipedia, the free encyclopedia
Remove ads
မြောက်ယဉ်စွန်းတန်းသည် ကမ္ဘာမြေကြီး၏ မျက်နှာပြင်ပေါ်သို့ နေအလင်းတန်း တည့်တည့်မတ်မတ် ကျရောက်သည့် မြောက်ဖက်ဆုံး နေရာကို မှတ်သားထားသည့် လတ္တီတွဒ်မျဉ်း ဖြစ်သည်။ ဤအဖြစ်အပျက်သည် မြောက်ကမ္ဘာလုံးခြမ်း နေဘက်သို့ အဆုံးစွန် တိမ်းစောင်းသည့် နွေယဉ်စွန်းချိန်တွင် တစ်နှစ်တစ်ကြိမ် ဖြစ်ပွားသည်။ ကမ္ဘာ့မြေပုံပေါ်တွင် အဓိက သတ်မှတ်ထားသည့် လတ္တီတွဒ်မျဉ်းကြောင်း ၅ ကြောင်းအနက် တစ်ကြောင်း အပါအဝင်ဖြစ်သည်။ မြောက်ယဉ်စွန်းတန်းသည် ၀° (သုညဒီဂရီ) အဖြစ် သတ်မှတ်ထားသည့် အီကွေတာမျဉ်း၏ မြောက်ဖက် ၂၃° ၂၆′ ၁၆″ တွင် တည်ရှိသည်။ ဝန်ရိုးစွန်းမှာ ၉၀° ဖြစ်သည်။ တောင်ကမ္ဘာလုံးခြမ်းတွင် အလားတူ အကွာအဝေး၌ တောင်ယဉ်စွန်းတန်း တည်ရှိသည်။

မြန်မာနိုင်ငံ၌ မြောက်ယဉ်စွန်းတန်းသည် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွားသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads