မြောက်ဥက္ကလာပဆေးရုံ
မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၏ မြို့တော် From Wikipedia, the free encyclopedia
Remove ads
မြောက်ဥက္ကလာပဆေးရုံသည် ဆေးတက္ကသိုလ်(၂)ရန်ကုန်နှင့် တွဲဖက်ထားသော သင်ကြားရေးဆေးရုံကြီးဖြစ်သည်။ ရန်ကုန်မြို့အရှေ့ပိုင်းတွင်ရှိသော မြောက်ဥက္ကလာပမြို့နယ်တွင် တည်ရှိသည်။

မြောက်ဥက္ကလာပဆေးရုံကို ဆေးတက္ကသိုလ်(၂)ရန်ကုန်၏ သင်ကြားရေးဆေးရုံအဖြစ် ၁၉၇၀ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ ၁၉၉၆ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ယခုလက်ရှိနေရာသို့ ပြောင်းရွှေ့ခဲ့သည်။ မြောက်ဥက္ကလာပဆေးရုံမှာ ယခင်က ကုတင် ၄၀၀ဆံ့ဆေးရုံဖြစ်သည်။ ယခုအခါ ဆေးရုံအဆောက်အဦးအား မတိုးချဲ့သော်လည်း ကုတင် ၈၀၀ဆံ့အဖြစ် တိုးမြှင့်ထားသည်။ ၂၀၀၂ခုနှစ်တွင် မြန်မာနိုင်ငံရှိ ၄ခုမြောက် ဦးနှောက်နှင့် အာရုံကြောဌာနအား မြောက်ဥက္ကလာပဆေးရုံတွင် ဖွင့်လှစ်ခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads