ဆေးတက္ကသိုလ် (၂) ရန်ကုန်
From Wikipedia, the free encyclopedia
Remove ads
ဆေးတက္ကသိုလ်(၂) ရန်ကုန်သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းတွင် တည်ရှိပြီး ရန်ကုန်မြို့တွင်းမှ ၁၂ မိုင်ခန့်ကွာဝေးသည်။ ဆေးတက္ကသိုလ်(၂) ရန်ကုန်သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက်တစ်ကျောင်းလည်း ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၌ မင်္ဂလာဒုံမြို့နယ်တွင် ဆေးကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၏ မဟာဌာနတစ်ခုအဖြစ် စတင်ခဲ့သော်လည်း ၁၉၆၄ တွင် သီးခြား တက္ကသိုလ်(အင်စတီကျု)တစ်ခုအဖြစ် ကူးပြောင်းခဲ့သည်။
၁၉၇၃ ခု၊ အောက်တိုဘာ ၁ တွင် ပညာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၏ လက်အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုစဉ်က ဆေးပညာဌာန (ယခု ဆေးသိပ္ပံ) ၏ လက်အောက်တွင် စီမံခန့်ခွဲခဲ့သည်။
၁၉၉၆ ခု၊ စက်တင်ဘာ ၂၅ တွင် တက္ကသိုလ်၏ တည်နေရာကို မင်္ဂလာဒုံတပ်နယ်မြေမှ မြောက်ဥက္ကလာပမြို့နယ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၅ ခုနှစ် ဇွန်လတစ်ရက်နေ့တွင် အင်စတီကျုမှ တက္ကသိုလ်အဆင့်သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။
Remove ads
ဦးဆောင်မှု

၁၉၆၃ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ်(၂) ရန်ကုန်ကို ပါမောက္ခချုပ်မှ ဦးဆောင်အုပ်ချုပ်သည်။ တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ-
- ၁၉၆၃–၁၉၆၇: ဒုတိယဗိုလ်မှူးကြီး ကိုကိုကြီး
- ၁၉၆၇–၁၉၇၃: ပါမောက္ခ ဒေါက်တာ ဦးအေး
- ၁၉၇၃-၁၉၇၉: ပါမောက္ခ ဒေါက်တာ ရွှေတင်
- ၁၉၇၉–၁၉၈၂: ဒေါက်တာ ခင်မောင်ငြိမ်း
- ၁၉၈၂–၁၉၈၇: ပါမောက္ခ ဒေါက်တာ တင်အောင်ဆွေ
- ၁၉၈၇–၁၉၈၉: ပါမောက္ခ ဒေါက်တာ မျိုးသွယ်
- ၁၉၈၉–၁၉၉၂: ပါမောက္ခ ဒေါက်တာ ကိုလေး
- ၁၉၉၂–၂၀၀၄: ပါမောက္ခ ဒေါက်တာ သာလှရွှေ[၁]
- ၂၀၀၄–၂၀၀၇: ပါမောက္ခ ဒေါက်တာ သန်းနုရွှေ
- ၂၀၀၇–၂၀၁၅: ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ်
- ၂၀၁၄–၂၀၁၅: ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး
- ၂၀၁၅–၂၀၁၇: ပါမောက္ခ ဒေါက်တာ အေးအောင်
- ၂၀၁၇–၂၀၂၁: ပါမောက္ခ လောက် အေးထွန်း
- ၂၀၂၁-၂၀၂၅: ပါမောက္ခ ဒေါက်တာအေးအေးခင်
- ၂၀၂၅- လက်ရှိ: ပါမောက္ခ ဒေါက်တာမိုးဝင့်အောင်
Remove ads
ကျောင်းသားများသမဂ္ဂ
ဆေးတက္ကသိုလ် - ၂ ရန်ကုန် ကျောင်းသားများသမဂ္ဂ ကို ၂၀၁၅ခုနှစ်တွင် ကျောင်းသားများမှ စတင်တည်ထောင်ခဲ့ပြီး ယနေ့ အချိန်ထိ ဆေး-၂ ကျောင်းသား ကိုယ်စားပြု အဖွဲ့အစည်း အဖြစ် ကျောင်းစီမံခန့်ခွဲရေး၊ ပညာရေး၊ ကျောင်းသားအရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားလျက်ရှိသည်။
ဘာသာရပ်များ
ပထမနှစ် အမ်ဘီဘီအက်စ်
- မြန်မာစာ
- အင်္ဂလိပ်စာ
- သင်္ချာ နှင့် စာရင်းအင်း ပညာ
- ရူပဗေဒ
- ဓာတုဗေဒ
- ဇီဝဗေဒ(ရုက္ခဗေဒနှင့် သတ္တဗေဒ)
- လူ့အကျင့်ဆိုင်ရာ သိပ္ပံပညာ
- လူသားခန္ဓာဗေဒ မိတ်ဆက်
- ဇီဝကမ္မဗေဒ နှင့် ဇီဝဓာတုဗေဒ
ဒုတိယနှစ် အမ်ဘီဘီအက်စ်
တတိယနှစ် အမ်ဘီဘီအက်စ်
သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ်
နောက်ဆုံးနှစ် အပိုင်း(က) အမ်ဘီဘီအက်စ်
- မှုခင်းဆေးပညာ
- ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ (နယ်ကွင်းဆင်းသင်တန်း ၃ပတ်)
- ရောဂါဗေဒ နှင့် သွေးရောဂါပညာ
သင်ကြားရေး ဆေးရုံများတွင် ဆေးပညာ၊ ခွဲစိတ်ပညာ၊ သားဖွားနှင့် မီးယပ်ရောဂါပညာ၊ ကလေးကျန်းမာပညာနှင့် ပတ်သက်သော သင်ကြားပို့ချချက်များကို နားထောင်ပြီး လူနာဆောင်များနှင့် ဆေးခန်းများတွင် လေ့လာသင်ယူရသည်။ မြို့ပြကျန်းမာရေးဌာနများသို့လည်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်အတွက် သွားရောက်လေ့လာရသည်။
နောက်ဆုံးနှစ် အပိုင်း(ခ) အမ်ဘီဘီအက်စ်
- ဆေးပညာ
- ခွဲစိတ်ပညာ
- သားဖွားနှင့် မီးယပ်ပညာ
- ကလေးကျန်းမာပညာ
အလုပ်သင်ဆရာဝန်
နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးဆုံးသူတိုင်း ရန်ကုန်(သို့မဟုတ်) တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ-
အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူပြီးမှ ဆေးပညာဘွဲ့ (M.B.,B.S.) အပ်နှင်းခြင်း ခံရသည်။[၂]
Remove ads
သင်ကြားရေးဌာနများ
ဆေးပညာဌာန
ခွဲစိတ်ကုပညာဌာန
သားဖွားနှင့်မီးယပ်ပညာဌာန
ကလေးကျန်းမာပညာဌာန
ကလေးကျန်းမာပညာဌာနကို ၁၉၆၈ ခုနှစ်က ဆေးတက္ကသိုလ် ၂ ရန်ကုန် တည်ရှိရာ ပြည်လမ်း၊ မင်္ဂလာဒုံမြို့နယ်တွင် စတင်တည်ထာင်ခဲ့သည်။ ထိုအချိန်က သင်ကြားရေးကို တပ်မတော်ဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည်။ တိုးတက်လာသော ကျောင်းသားဦးရေနှင့် မျှတစေရန် ကလေးကျန်းမာပညာ သင်ကြားရေးဌာနများကို မြောက်ဥက္ကလာအထွေထွေရောဂါကုဆေးရုံကြီးတွင် ၁၉၇၇ နှင့် ၁၉၈၂ ခုနှစ်က လည်းကောင်း၊ အင်းစိန်ဆေးရုံနှင့် သင်္ဃန်းကျွန်းဆေးရုံတို့တွင် ၁၉၉၄ ခုနှစ်က လည်းကောင်း၊ တောင်ဥက္ကလာဆေးရုံတွင် ၁၉၉၈ ခုနှစ်က လည်းကောင်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။၂၀၁၁ ခုနှစ်တွင် ရန်ကင်းကလေးဆေးရုံကြီး ဖွင့်လှစ်သည့်အခါ ဆေးတက္ကသိုလ် ၂ ရန်ကုန်၊ ကလေးကျန်းမာပညာဌာန၏ အဓိက သင်ကြားရေးဆေးရုံဖြစ်လာခဲ့သည်[၃]။
ကလေးကျန်းမာပညာဌာန ဌာနမှူးများ
၁။ ဒုတိယဗိုလ်မှူးကြီးဒေါ်စိန်ရီ | ၁၉၆၈-၁၉၈၇ |
၂။ ဒေါက်တာသိန်းသိန်းမြင့် | ၁၉၈၇-၁၉၈၈ |
၃။ ဒေါက်တာမျိုးမင်းအောင် | ၁၉၈၈-၁၉၈၉ |
၄။ ဒေါက်တာသိန်းအုပ်ကျော်မြင့် | ၁၉၈၉-၁၉၉၀ |
၅။ ဒေါက်တာသိန်းအောင် | ၁၉၉၀-၂၀၀၃ |
၆။ ဒေါက်တာသန်းနုရွှေ | ၂၀၀၃-၂၀၀၄ |
၇။ ဒေါက်တာအေးမောင်ဟန် | ၂၀၀၄-၂၀၀၅ |
၈။ ဒေါက်တာဆင်မြူရယ်ကျော်လှ | ၂၀၀၅-၂၀၀၆ |
၉။ ဒေါက်တာခင်ထွေး | ၂၀၀၆-၂၀၀၇ |
၁၀။ ဒေါက်တာကြူကြူခင် | ၂၀၀၇-၂၀၀၉ |
၁၁။ ဒေါက်တာစောဝင်း | ၂၀၀၉-၂၀၁၁ |
၁၂။ ဒေါက်တာရဲမြင့်ကျော် | ၂၀၁၁-၂၀၁၃ |
၁၃။ ဒေါက်တာခင်ညိုသိန်း | ၂၀၁၃-၂၀၂၀ |
Remove ads
ထင်ရှားကျော်ကြားသော ကျောင်းသားဟောင်းများ
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads