မွန်ပြည်နယ်၏ အလံတော်

ပြည်နယ်အလံ From Wikipedia, the free encyclopedia

မွန်ပြည်နယ်၏ အလံတော်
Remove ads

မွန်ပြည်နယ်အလံ မှာ အနီရောင်နောက်ခံတွင် ရွှေရောင်ဟင်္သာငှက်ရုပ်ပုံကို ရေးထိုးထားသည်။ အလံတော်၏ အရွယ်အစားမှာ အလျား ၆ ပေ၊ အနံ ၄ ပေ ဖြစ်သည်။ အလံသစ်ကို ၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသော ဒုတိအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေး (သတ္တမနေ့) တွင် အတည်ပြုခဲ့သည်။[][]

အချက်တိုများ အသုံးပြုခြင်း, အချိုးအစား ...
Remove ads

သမိုင်းကြောင်း

ယခင်အစိုးရများ လက်ထက်က မွန်ပြည်နယ် ကိုယ်စားပြုအလံသည် ရွှေဟင်္သာ (အဖို) နှင့် နောက်ခံအပြာရောင်ဖြစ်ပြီး ရွှေဟင်္သာ၏ အောက်ခြေ၌ မွန်ပြည်နယ် ဟု စာတမ်းပါရှိသည့် အလံကို အသုံးပြုခဲ့သည်။[]

မွန်ပြည်နယ် အစိုးရအဖွဲ့တွင် တရားဝင် အသုံးပြုမည့် အလံသစ်ကိစ္စကို ၂၀၁၈ခုနှစ် ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့၌ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က ဆွေးနွေးခဲ့ကြပြီး ရွှေဟင်္သာပါသည့် အလံတော်၏ နောက်ခံရောင်ကို အနီနှင့် အပြာ နှစ်မျိုး ရွေးချယ်ကာ ဇွန် ၇ ရက်က ပြည်နယ် လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် နောက်ခံအနီရောင်ကို ရွေးချယ် အတည်ပြုခဲ့သည်။[]

Remove ads

အလံသစ်အဆိုပြုမှုများ

အောက်ပါတို့မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က ဆွေးနွေးခဲ့ကြသော အလံဒီဇိုင်းများဖြစ်ကြသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads