မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန

From Wikipedia, the free encyclopedia

မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန
Remove ads

မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန (အင်္ဂလိပ်: Livestock Breeding and Veterinary Department) သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်း​ကြောင်း

နိုင်ငံတော်၏ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် ဝန်ဆောင်မှုအရ မွေးမြူထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆောင်ရွက်ခြင်းနှင့် တိရစ္ဆာန် ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိရစ္ဆာန်ကျန်းမာရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူထုတ်လုပ်မှု ဆိုင်ရာလုပ်ငန်းများအား စီမံခန့်ခွဲဆောင်ရွက်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။[]

၁၈၇၄ ခုနှစ်ခန့်က မြန်မာနိုင်ငံ၏တိရစ္ဆာန်ဆေးကုသရေးလုပ်ငန်းကို အင်္ဂလိပ်စစ်တပ်မှ တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် တိရစ္ဆာန်ဆေးကုဌာနခွဲအဖြစ် ဖွဲ့စည်းကာ ညွှန်ကြားရေးဝန် ခန့်ထားခဲ့သည်။ (၁၅-၃-၁၉၇၂) ရက်တွင် တိရစ္ဆာန်ဆေးကုဌာနခွဲနှင့် မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းမှ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့်မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

မွေးမြူရေးလုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနမှခွဲထွက်၍ မွေးမြူရေးလုပ်ငန်းကော်ပိုရေးရှင်း (ယခုမွေးမြူရေး၊  အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကိုသီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ် တော ဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့သည်။ (၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်း ဌာနကို သွတ်သွင်းဖွဲ့စည်းရန် သဘောတူခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း၏ ဖွဲ့စည်းပုံအား စာရင်းရှင်းလင်းဖျက်သိမ်းပြီး မွေးမြူရေးဌာနခွဲအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနလက်အောက်သို့ (၃-၄-၂၀၁၄) ရက်တွင်ကျင်းပ ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၄)မှ သဘောတူခွင့်ပြုပြီး မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းမှ  အရာထမ်း(၅၆) ဦး၊ အမှုထမ်း (၁၀၀) ဦး စုစုပေါင်း (၁၅၆) ဦး အားသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၆၅၄) ဦး၊ အမှုထမ်း (၃၄၄၉)ဦး စုစုပေါင်း (၄၁၀၃) ဦးဖြင့် ဖွဲ့စည်းပုံတိုးမြှင့်ခဲ့သည်။ (၉-၆-၂၀၁၆) ရက်တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၆) သဘောတူခွင့်ပြုချက်အရ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအား အရာထမ်း (၉၇၈) ဦး၊ အမှုထမ်း (၃၇၈၉) ဦး စုစုပေါင်း (၄၇၆၇) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[]

Remove ads

လုပ်ငန်းတာဝန်များ

မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။[]

  • တစ်နိုင်ငံလုံး၏ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ခြင်း၊
  • တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းများ ကောက်ယူပြုစုခြင်း၊
  • တိရစ္ဆာန်ရောဂါ ကုသ/ကာကွယ်ဆေးများ ထုတ်လုပ်ခြင်းနှင့် ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • တိရစ္ဆာန်စားကျက် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊
  • တိရစ္ဆာန်မျိုးကောင်းမျိုးသန့် တိုးပွားရေးအတွက် မေထုံမဲ့သားစပ်လုပ်ငန်း ဆောင်ရွက်ခြင်း၊
  • တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပညာပေးခြင်း၊ သုတေသနလုပ်ငန်းများနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • ပုဂ္ဂလိကမွေးမြူရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် မွေးမြူရေးဇုန်များ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊
  • ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများတွင် မွေးမြူရေးနှင့် သားငါးကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊
  • တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ပို့ကုန်သွင်းကုန် စစ်ဆေးထောက်ခံခြင်း၊ တိရစ္ဆာန်ကျန်းမာရေး ထိန်းသိမ်းစစ်ဆေးရေးစခန်း (Animal Quarantine Station) လုပ်ငန်းဆောင်ရွက်ခြင်း၊ နယ်စပ်တိရစ္ဆာန် ဖြတ်သန်းသွားလာမှု စစ်ဆေးရေးစခန်း (Check Point) လုပ်ငန်းဆောင်ရွက်ခြင်း၊
  • ပြည်နယ်/တိုင်းဒေကြီးအသီးသီး၌ မွေးမြူရေးဘဏ်စနစ်အရ မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊
  • နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • စံပြမွေးမြူရေးခြံများ ထူထောင်၍ သိပ္ပံနည်းကျ မွေးမြူထုတ်လုပ်မှု ဆောင်ရွက်ခြင်း။
Remove ads

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads