မင်းနောင် (ဝန်ကြီး)

From Wikipedia, the free encyclopedia

Remove ads

ဦးမင်းနောင် သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ လက်ရှိ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။[] နစကက ၎င်း ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ခန့်အပ်ခဲ့သည်။ယခင်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်သည်။

အချက်တိုများ မင်းနောင်, စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ...
Remove ads

စစ်မှုထမ်းခြင်း

ဦးမင်းနောင်သည် ရန်ကုန်တက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်သည့်အပြင် ရန်ကုန်တက္ကသိုလ်မှ တက္ကသိုလ်အရန်တပ်ဖွဲ့(ယူတီစီ) တပ်ဖွဲ့ဝင်ကျောင်းသားဟောင်းတစ်ဦးလည်းဖြစ်သည်။[] ဘွဲ့ရပြီးနောက် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ အပတ်စဉ်(၆၆)သို့တက်ရောက်သည်။ ရာထူးအဆင့်ဆင့်တိုးပြီး ဗိုလ်မှူးကြီး ရာထူးဖြင့် တပ်မ ၅၅ တွင် နည်းဗျူဟာမှူး၊၂၀၁၀ ဩဂုတ်လတွင် အမှတ် ၁၀၁ တပ်မမှူး အဖြစ်တာဝန်ထမ်းဆောင်သည်။ ၂၀၁၁ ခုနှစ်တွင် ဗိုလ်မှူးချုပ်ရာထူးတိုးခဲ့ကာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ဩဂုတ်လတွင် အမှတ်-၄ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာခဲ့သည်။[][] ၂၀၁၆ မတ်လ နောက်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး အဖြစ်ရာထူးတိုးကာ ၂၀၁၈ ခုနှစ်တွင် တပ်မတော် စစ်ဆေးရေး အရာရှိချုပ် နှင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် အမှတ်- ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်များထမ်းဆောင်ခဲ့သည်။ ၂၀၂၀ နိုဝင်ဘာ ၉ ရက်နေ့တွင် တပ်မတော်အရန်အင်အားဖြင့် [] ထိုရာထူးတာဝန်များမှနေ၍ အနားယူကာ တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဝင် အဖြစ်တာဝန်ထမ်းဆောင်သည်။[][] [] ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် တွင် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဝင်အဖြစ် ဆက်လက်တာဝန်ပေးခံရပြီးနောက်ပိုင်း [] ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ တွင် အတွင်းရေးမှူးတာဝန်ပါ ထမ်းဆောင်ခဲ့သည်။[၁၀][၁၁] ၂၀၂၃ ဖေဖော်ဝါရီ ၁ရက်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ပေးခံရသည်။

Remove ads

အပ်နှင်းခံရသည့် ဘွဲ့များ

၂၀၁၆ မတ် ၁ ရက်နေ့တွင် ဇေယျကျော်ထင်ဘွဲ့ [၁၂] ၊ ၂၀၂၂ နိုဝင်ဘာ ၁၇ တွင် စည်သူဘွဲ့[၁၃] များအပ်နှင်းခံရသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads