မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်မာနိုင်ငံ၏အစိုးရဝန်ကြီးဌာန From Wikipedia, the free encyclopedia

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန
Remove ads

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ပတ်သက်၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

မြန်မာနိုင်ငံ၏ သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းများကို ၁၉၈၂-၁၉၈၃ ဘဏ္ဍာရေးနှစ်အထိ လယ်ယာနှင့် သစ်တောဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့ရာမှ လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းရန် ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော် ကောင်စီ၏ (၃/၆) ကြိမ်မြောက် အစည်းအဝေးက ဆုံးဖြတ်ခဲ့သဖြင့် ၁၉၈၃ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းခဲ့သည်။ ယခင်စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန ကို ၁၉၈၃ ခုနှစ် ၊ မေလ(၁) ရက်နေ့တွင် အရာထမ်း (၁၀) နေရာ ၊ အမှုထမ်း (၇၄) နေရာ ၊ စုစုပေါင်း ရာထူး (၈၄) နေရာဖြင့် ဖွဲ့စည်းခဲ့သည်။ စီမံကိန်း နှင့် စာရင်းအင်းဦးစီးဌာနကို ၁၉၉၇ ခုနှစ် မေလ ၁၅ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၁၉/၉၇) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ မွေးမြူရေးနှင့် ရေလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ (၉) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၆၇/၂၀၁၃) ဖြင့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး၏ သဘောတူညီချက်အရ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (Ministry of Livestock and Fisheries) ကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (Ministry of Livestock, Fisheries and Rural Development) အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။[]

Remove ads

ဦးစီးဌာနများ

မျှော်မှန်းချက်

ထောင်စုနှစ် ရည်မှန်းချက်နှင့်အညီ ကျေးလက်ဒေသများ ဖွံ့ဖြိုးလာစေရန်၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမြင့်မားစေရန်နှင့် ကျေးလက် မြို့ပြဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းလာစေရန် မျှော်မှန်းသည်။

မူဝါဒ

ကျေးလက်ဒေသစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအစာ ဘေးကင်းမှု ရှိစေရန်ဆောင်ရွက်ရေး။

ရည်မှန်းချက်

  • နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သော ပြည်သူလူထုကို အခြေပြုပြီး ဆင်းရဲမှု နှုန်းအား ၂၀၁၅ ခုနှစ်တွင် (၁၆%) အထိ လျော့ချနိုင်ရန် အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရန်နှင့်ရေရှည် တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်ရန်၊
  • ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန် လူထုအခြေပြု အဖွဲ့အစည်းများ အားကောင်းလာစေရန်နှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်များ ဖြစ်ပေါ်လာစေရန်။
  • မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက ကျေးလက်ဒေသများ၌ တုံ့ပြန်ဆောင်ရွက်နိုင်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်။
  • သားငါးကဏ္ဍ၏ စုစုပေါင်းထုတ်လုပ်မှု တန်ဖိုးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပုံမှန်ဈေးနှုန်းအရ အခြေခံနှစ်အပေါ် (၁.၃၁)ဆ ဖြစ်ပေါ်ရန်နှင့် ယခင်နှစ် အပေါ် (၇.၈%) တိုးတက်ရေး ဆောင်ရွက်ရန်။
  • ပုဂ္ဂလိက အသားထုတ်လုပ်မှုကို (၉.၅%) တိုးတက် ဖြစ်ပေါ်အောင် ဆောင်ရွက်ရန်။
  • ပုဂ္ဂလိက ငါးပုစွန်ထုတ်လုပ်မှုကို (၆.၁%) တိုးတက် ဖြစ်ပေါ်အောင် ဆောင်ရွက်ရန်။
Remove ads

လုပ်ငန်းစဉ်

  • ကျေးလက်ဒေသစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်မဟာဗျူဟာ မူဘောင်(၅) ချက်အတိုင်းဆောင်ရွက်သွားမည်။
  • ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်။
  • လူထုဗဟိုပြုစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည်။
  • ကျေးလက်လူငယ်များ ဖွဲ့စည်း၍ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သင်တန်းများပို့ချ၍ လေ့ကျင့် ပျိုးထောင်ပေးသွားမည်။
  • Public Private Partnership စနစ်များ ကျင့်သုံး၍ အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်။
  • နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူ၍ ဖက်စပ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။
  • လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက် နေသည့် ပုဂ္ဂလိကနှင့်အဖွဲ့အစည်းများ အကာအကွယ်ပေးသည့် ဥပဒေနှင့် နည်းဥပဒေများ ညှိနှိုင်းရေးဆွဲသွားမည်။
  • အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန ဓာတ်ခွဲခန်းများကို ISO အဆင့်နှင့် BSL 2 အဆင့်သို့ မြှင့်တင်ရန် နည်းပညာ လိုအပ်ချက်နှင့် နိုင်ငံတကာ အကူအညီများရရှိရေး ညှိနှိုင်းဆောင်ရွက်သွားမည်။
  • ငါးလုပ်ငန်းစစ်ဆေးရေးနှင့်အရည်အသွေးထိန်းသိမ်းရေးဓာတ်ခွဲခန်းများကို အဆင့်မြှင့် တိုးချဲ့ဆောင်ရွက်သွားမည်။
  • ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အခြေခံအဆောက်အဦ လိုအပ်ချက်ဖြစ်သော ကျေးလက်လမ်း၊ရေ၊ အိမ်ရာနှင့်မီးလင်းရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။
  • Focal Ministry ဖြစ်သည်နှင့်အညီ မြို့ပြကျေးလက်ဖွံ့ဖြိုးရေး ကျဉ်းမြောင်း စေရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့များနှင့် ညှိနှိုင်းဆက်စပ်ပူးပေါင်း၍ ကောင်းမွန်သောအုပ်ချုပ်မှု၊ ပွင့်လင်း မြင်သာမှု၊ သတင်းများဖြန့်ချိခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမည်။
  • ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံစာရင်းဇယား အချက်အလက်များ စုစည်းခြင်း၊သုံးသပ်ခြင်းအား ဆက်စပ်ဝန်ကြီးဌာန များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်။
Remove ads

အကိုးအကား

ပြင်ပအဆက်အသွယ်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads