ယိုကိုဟားမားမြို့

From Wikipedia, the free encyclopedia

ယိုကိုဟားမားမြို့map
Remove ads

ယိုကိုဟားမားမြို့သည် ဟွန်ရှူးကျွန်း အရှေ့ဘက်ကမ်းပေါ် တွင် တည်ရှိ၍ တိုကျိုမြို့မှ အနောက်တောင်ဘက် ၁၈ မိုင်ခန့် ကွာဝေးသည်။ ဂျပန်နိုင်ငံတွင် ပဉ္စမမြို့ကြီးဖြစ်၍ ထင်ရှားသော သင်္ဘောဆိပ်မြို့လည်း ဖြစ်သည်။ ဆိပ်ကမ်းအပြင်ဘက်တွင် ကြီးကျယ်ခိုင်ခံ့သော ရေကာတံတိုင်းကို ဆောက်လုပ်ထားသဖြင့် ပင်လယ်ကူးသင်္ဘောကြီးများအတွက် လုံခြုံစိတ်ချရသည်။ တိုကျိုမြို့နှင့် မီးရထားလမ်းဖြင့် ဆက်သွယ်လျက် ရှိ၏။ ယိုကိုဟားမား မြို့ကွက်သည် မြေပြန့်ဖြစ်၍ တောင်ကုန်း များ ရံလျက်ရှိသည်။ ပင်လယ်ကမ်းဘက်၌ သင်္ဘောကုမ္ပဏီ များ၊ ကုန်သွယ်ရေးကုမ္ပဏီများ ရှိသည်။ အတွင်းဘက်တွင် အရောင်းအဝယ်ဖြင့် စည်ကားသော လူနေရပ်ကွက် ရှိလေ သည်။ ကြေးရတတ် ဂျပန်အမျိုးသားများနှင့် နိုင်ငံခြားသား များကမူ မြို့တော်ဘက်ရှိ တောင်ကုန်းဒေသပေါ်၌ နေထိုင်ကြ သည်။ တိုကျိုပင်လယ်အော်ကို ထိုတောင်ကုန်းဒေသပေါ်မှ စီး၍ မြင်နိုင်၏။

အချက်တိုများ Yokohama 横浜市, City of Yokohama ...
Thumb
သင်္ဘောပြတိုက် "氷川丸"
အချက်တိုများ ဂျပန်အမည်, Kyūjitai ...

၁၈၅၄ ခုနှစ်တွင် ယိုကိုဟားမားမြို့သည် တံငါရွာမျှ လောက်သာ ဖြစ်သည်။ ၁၉၅၉ ခုနှစ်သို့ ရောက် သောအခါ ဂျပန်အစိုးရသည် အနောက်နိုင်ငံများနှင့် အဆက်အသွယ်မရှိဘဲ၊ အထီးတည်းနေသော ဝါဒကို စွန့်ပြီးလျှင် နိုင်ငံခြားနှင့်ကူးသန်း ရောင်းဝယ်ရေးကို လိုက်လျောခွင့်ပြုလိုက်လေသည်။ ထိုအခါမှ စ၍ ယိုကိုဟားမားတွင် ကုန်သွယ်ရေးအတွက် နိုင်ငံခြားသား မြောက်မြားစွာ လာရောက်နေထိုင်ကြလေသည်။ ယိုကိုဟားမား သည်လည်း ကြီးကျယ်စည်ကားသောမြို့ကြီး ဖြစ်လာသည်။ သို့ရာတွင် ၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အလွန်ပြင်းထန်သော ငလျင်ဒဏ်ကြောင့် တစ်မြို့လုံးနီးပါးမျှ ပျက်စီးခဲ့ရလေသည်။ မြို့ကို အသစ်ပြန်တည်ရာ၌ လမ်းများကို လည်း ချဲ့ထွင်ကြ၏။ အဆောက်အအုံများကိုလည်း ခေတ်မီ အောင် တည်ဆောက်ကြ၏။ တစ်ဖန် ၁၉၄၅ ခုနှစ်တွင် အမေ ရိကန် လေတပ်က ဗုံးကြဲတိုက်ခိုက်သောကြောင့် သင်္ဘောဆိပ် ကမ်းတစ်လျှောက်ရှိ ရပ်ကွက်မှတစ်ပါး ကျန်ရပ်ကွက်တို့မှာ ပျက်စီးကုန်၏။ စစ်ပြီးခေတ်တွင် မြို့ကို ပြန်လည် ထူထောင် လျက် ရှိကြသည်။

ယိုကိုဟားမားမြို့သည် ဂျပန်နိုင်ငံတွင် ကုန်သွယ်ရေး အတွက် အချက်အချာမြို့ ဖြစ်သည်။ ပိုးခြည်၊ ပိုးထည်၊ လက် ဖက်ခြောက်၊ ယွန်းထည်၊ ကြေးနီ၊ ကျောက်မီးသွေးတို့သည် ထင်ရှားသောထွက်ကုန်များဖြစ်၍၊ သိုးမွေးထည်၊ ဝါချည်၊ သကြားတို့ကို တင်သွင်းသည်။ သင်္ဘောတည်ဆောက်သည့် လုပ်ငန်းသည်လည်း အရေးကြီးသောလုပ်ငန်းတစ်ရပ် ဖြစ်လေ သည်။

ယိုကိုဟားမားမြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၇ဝ ခန့်ရှိ၍ လူဦးရေသည် ၁၆၁၉ဝဝဝ ယောက် (၁၉၆၄) ဖြစ်လေ သည်။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads