ယုဇနပလာဇာ

From Wikipedia, the free encyclopedia

Remove ads

ယုဇနပလာဇာ[]သည် ငါးထပ်ရှိသော အဆောက်အဦဖြစ်ပြီး ဗညားဒလလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရန်ကုန်မြို့[] မြန်မာနိုင်ငံ[]တွင် တည်ရှိသည်။ ယုဇနပလာဇာသည် ရန်ကုန်မြို့ရှိ နာမည်ကြီး ပလာဇာများထဲမှ တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများ အကြိုက် ဈေးဝယ်ထွက်ရာနေရာလည်း ဖြစ်သည်။ ပလာဇာသည် သမာရိုးကျဈေးထက် အနည်းငယ်သာပြီး ရှော့ပင်းမောလ် အဟောင်းကြီးနှင့်တူသယောင် ရှိသည်။ မြေညီထပ်သည် လက်ကားရောင်းချရာနေရာကြီးဖြစ်ပြီး ထုပ်ပိုးပြီး အစားအစာများ၊ အဖျော်ယမကာများပါဝင်ပြီး အိမ်မွေးတိရစ္ဆာန်များတောင် ရောင်းချလျက်ရှိသည်။ အပေါ်ထပ်ရှိ ဆိုင်ခန်းများတွင် အီလက်ထရောနစ် ထုတ်ကုန်များ၊ အိမ်သုံးပစ္စည်းများ၊ မိုဘိုင်းဟမ်းဆက်များ၊ ပရိဘောဂပစ္စည်းများအား ရောင်းချကြသည်။ တတိယထပ်တွင်တော့ မိုဘိုင်းဖုန်းပြုပြင်ဆိုင်များ အများအပြားတည်ရှိနေသည်။ ကော်ဖီဆိုင်၊ စားသောက်ဆိုင်၊ ဒိုးနက်ဆိုင်နှင့် အဖျော်ယမကာဆိုင်များသည် အပေါ်ဆုံးထပ်တွင်တည်ရှိသည်။

Remove ads

တည်နေရာ

ယုဇနာပလာဇာသည် သိမ်ဖြူတင်းနစ်ကွင်းမှ တာမွေအဝိုင်းသို့သွားသော ဗညားဒလလမ်းပေါ်တွင် တည်ရှိသည်။ ယုဇာနာပလာဇာသည် မင်္ဂလာဈေးနှင့် ၂၀၀ မီတာအကွာတွင်တည်ရှိပြီး ကန်တော်ကြီးနှင့်လည်း နီးသည်။ ထို့ပြင် ပလာဇာသည် မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တာမွေမြို့နယ်တို့၏ မြို့နယ်ချင်းထိစပ်နေသော ဧရိယာတွင် တည်ရှိသည်။ ဘက်စ်ကားမှတ်တိုင်အနေဖြင့် ယုဇနာပလာဇာမှတ်တိုင်ဟုခေါ်ပြီး ပလာဇာနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

သမိုင်းကြောင်း

ယုဇနပလာဇာကို ၁၉၉၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ပလာဇာရှိ ဆိုင်ခန်းများသည် ၁၉၉၅ ခုနှစ်အစပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။ ပလာဇာတစ်ခုလုံး၏ ပိုင်ရှင်မှာ ဦးဌေးမြင့်[] ဖြစ်ပြီး ယုဇန ဦးဌေးမြင့်ဟု လူသိများကြကာ မြန်မာနိုင်ငံရှိ အချမ်းသာဆုံးသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။ ၉၀ ခုနှစ်များနှောင်းပိုင်းနှင့် ၂၀၀၀ ခုနှစ်များအစောပိုင်းတွင် ယုဇနပလာဇာသည် ဈေးဝယ်လို့ကောင်းသော နေရာတစ်ခုဖြစ်ခဲ့သည်။ ၂၀၀၀ ခုနှစ်များနှောင်းပိုင်းနှင့် ၂၀၁၀ ခုနှစ်များအစောပိုင်းအတွင်းတွင် ပလာဇာအတွင်း ခင်ကျင်းပြသမှုများဖြင့် ပြည့်ကျပ်နေပြီး စိတ်ပျက်ဖွယ်ရာကောင်းသော နေရာတစ်ခုဖြစ်လာခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် မင်္ဂလာဈေးတစ်ခုလုံးနီးပါး မီးလောင်ခံရသောအခါတွင် မင်္ဂလာဈေးမှ ဆိုင်ခန်းများသည် ယုဇနပလာဇာသို့ ပြောင်းရွေ့ရောင်းချကြရာ ၂၀၁၀ ခုနှစ်နောက်ပိုင်းပိုင်းတွင် ယုဇနပလာဇာသည် ရန်ကုန်မြို့ရှိ လူများတိုးမပေါက်အောင် ဝယ်ယူမှုများသော ပလာဇာဖြစ်လာခဲ့သည်။

Remove ads

ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads