တာမွေမြို့နယ်

From Wikipedia, the free encyclopedia

တာမွေမြို့နယ်map
Remove ads

တာမွေမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိသည်။ တာမွေမြို့နယ်၏ မြောက်ဘက်တွင် ရန်ကင်းမြို့နယ်၊ အရှေ့ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ အနောက်ဘက်တွင် ဗဟန်းမြို့နယ်နှင့် တောင်ဘက်တွင် မင်္ဂလာ‌တောင်ညွန့်မြို့နယ်တို့ တည်ရှိသည်။ မြို့နယ်အကျယ်အဝန်းမှာ ၁,၀၉၃ ဧက (၁.၇၀၈ စတုရန်းမိုင်) ဖြစ်သည်။[]

အချက်တိုများ တာမွေမြို့နယ်, နိုင်ငံ ...

တာမွေမြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုဖြင့် ဖွဲ့စည်းထားသည်။ အစိုးရ မူလတန်းကျောင်း (၂၈) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၇) ကျောင်းရှိသည်။[]

Remove ads

သမိုင်းကြောင်း

ရွှေတိဂုံဘုရားသမိုင်းအရ တရုတ်ပြည်မှ ဘုန်းကံရှင် မောင်ကံ အမည်ရှိ ပုဂံသူရဲကောင်းတစ်ဦးသည် မြေလျှိုးမိုးပျံနိုင်သည့်သူ ဖြစ်သဖြင့် ရွှေတိဂုံဘုရားမှ ဓာတ်တော်မွေတော်များ ခိုးယူပင့်ဆောင်နိုင်ရန် ကြံစည်အားထုတ်ရာတွင် နတ်ကောင်း၊ နတ်မြတ်တို့က ကြီးမားသော မြွေကြီးတစ်ကောင်ဖန်ဆင်း၍ တားဆီးခဲ့သည်ကို အကြောင်းပြုပြီး "တားမြွေ" ဟု ခေါ်ခဲ့ရာမှ ကာလရွေ့လျားကာ "တာမွေ" ဖြစ်ခဲ့သည်ဟု ဆိုကြသည်။[]

မွန်သမိုင်းကြောင်းများအရ "တာမွိုင့်" ဟူသော မွန်ဘာသာစကားအရ "တာ" ဆိုသည်မှာ "ထန်း"၊ "မွိုင့်" ဆိုသည်မှာ "တစ်" ဖြစ်သဖြင့်၊ ကြီးမားသော ထန်းပင်ကြီးတစ်ပင်ရှိသည်ကို အကြောင်းပြု၍ တာမွိုင့် မှ တာမွေ ဖြစ်လာသည်ဟုလည်း ဒေသခံများက ယုံကြည်ကြသည်။[]

Remove ads

ကျန်းမာရေး

တာမွေမြို့နယ်တွင် မျက်စိဆေးရုံ၊ အလုပ်သမားဆေးရုံ၊ နား၊ နှာခေါင်းလည်ချောင်းဆေးရုံ တို့ တည်ရှိသည်။

နား၊နှာခေါင်း၊လည်ချောင်း ဆေးရုံကြီး ၏ မျက်စောင်းထိုး တစ်ဖက်ကားလမ်းတွင် သျှင်ပါကူ ဆေးရုံကြီးရှိသည်။ []

ထင်ရှားသော အဆောက်အဦးများ

တာမွေမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

နောက်ထပ် အချက်အလက်များ အမည်, အမျိုးအစား ...
Remove ads

ရပ်ကွက်များ

၁။ မေတ္တာညွန့်ရပ်ကွက်

၂။ တာမွေလေးရပ်ကွက်

၃။ မာန်အောင်ရပ်ကွက်

၄။ တာမွေကြီး(ခ)ရပ်ကွက်

၅။ တာမွေကြီး(က+ဂ)ရပ်ကွက်

၆။ နတ်ချောင်းရပ်ကွက်

၇။ ဗျိုင်းကွက်သစ်ရပ်ကွက်

၈။ ဗျိုင်းရွာမရပ်ကွက်

၉။ မလွှကုန်းဌေးကြွယ်ရပ်ကွက်

၁၀။ ကျားကွက်သစ်ရပ်ကွက်

၁၁။ ပုသိမ်ညွန့်ရပ်ကွက်

၁၂။ ကျောက်မြောင်းအထက်ရပ်ကွက်

၁၃။ ကျောက်မြောင်းအရှေ့ရပ်ကွက်

၁၄။ ကျောက်မြောင်းကြီးရပ်ကွက်

၁၅။ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်

၁၆။ နတ်မောက်ရပ်ကွက်

၁၇။ ပျားရည်ကုန်းရပ်ကွက်

၁၈။ ပုဏ္ဏားကုန်းရပ်ကွက်

၁၉။ အရိုးကုန်းရပ်ကွက်

၂၀။ မအူကုန်းရပ်ကွက်[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads