ရတနာပုံတက္ကသိုလ်
From Wikipedia, the free encyclopedia
Remove ads
ရတနာပုံတက္ကသိုလ်သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအနီးတွင် တည်ရှိသော ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တစ်ခုဖြစ်သည်။
Remove ads
သမိုင်းကြောင်း
ရတနာပုံတက္ကသိုလ်အား ၂၀၀၀ ခုနှစ်တွင် မန္တလေးမြို့တောင်ပိုင်း အမရပူရမြို့နယ်တွင် ရတနာပုံကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ရတနာပုံတက္ကသိုလ်တွင် မန္တလေးမြို့နှင့် အနီးအနားရှိ မြို့များမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်တက်ရောက်ကြသည်။ ၂၀၀၃ ခုနှစ်တွင် ရတနာပုံကောလိပ်မှ ရတနာပုံတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ရတနာပုံတက္ကသိုလ်၏ ပထမဦးဆုံး ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၀၃ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၄၁၈ ဦးကို သက်ဆိုင်ရာဘွဲ့များ အပ်နှင်းခဲ့သည်။
Remove ads
သင်တန်းနှင့်ပေးအပ်သောဘွဲ့များ
ရတနာပုံတက္ကသိုလ်(မန္တလေး)တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီဝင်၊ စီးပွားရေးပညာ၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့်သုတပညာ၊ မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှုပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ ဥပဒေပညာ၊ သင်္ချာ၊ ကွန်ပျူတာသိပ္ပံပညာ၊ ဓာတုဗေဒ၊ ဇီဝဓာတုဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ ရူပဗေဒ၊ နျူကလိယရူပဗေဒ၊ ရုက္ခဗေဒ၊ အဏုဇီဝဗေဒ၊ သတ္တဗေဒ၊ ဘူမိဗေဒ၊ မနုဿဗေဒဘာသာရပ်တို့ကို တက်ရောက်လေ့လာ သင်ယူနိုင်သည်။ ရတနာပုံတက္ကသိုလ်တွင် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့များအပြင် မဟာဘွဲ့သင်တန်းများလည်း တက်ရောက်နိုင်သည်။ ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့များအတွက် သင်တန်းကာလ ၄ နှစ်ဖြစ်ပြီး ဂုဏ်ထူးတန်းတက်ရောက်ခွင့်ရပါက နောက်ထပ် တစ်နှစ် ထပ်မံတက်ရောက်ရပြီး မဟာဘွဲ့သင်တန်းအတွက် နောက်ထပ် ၂ နှစ် တက်ရောက်ရမည်ဖြစ်သည်။
Remove ads
ရတနာပုံ တက္ကသိုလ် နှင့် ၂၀၂၅ ငလျင်
၂၀၂၅ ခု မတ်လ ၂၈ ရက်တွင် လှုပ်ခပ်သော ၇.၇ မက်ဂနီကျု ပြင်းအားရှိ ငလျင် ကြောင် မန်းလေး မြို့ နှင့် စစ်ကိုင်းမြို့ရှိ လူနေအိမ် အဆောက်အဦ၊ သာသနိကာ အဆောက်အဦများ၊ ကျောင်းများ အပါ အဝင် များစွာ ပျက်စီးခဲ့ရသည်။
ဓာတ်ပုံများ
- ရတနာပုံတက္ကသိုလ်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads