အမရပူရမြို့နယ်

From Wikipedia, the free encyclopedia

အမရပူရမြို့နယ်
Remove ads

အမရပူရမြို့နယ် သည် မန္တလေးတိုင်းဒေသကြီးအမရပူရခရိုင်တွင် တည်ရှိသည်။

အချက်တိုများ အမရပူရမြို့နယ်, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

မြန်မာသက္ကရာဇ် ၁၁၄၄ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ရက်၊ခရစ်နှစ် ၁၇၈၂ခု၊ အောက်တိုဘာလ၁၁ရက်နေ့တွင် ဗဒုံမင်းသည် တောင်သမန်အင်း၊ဒုဋ္ဌဝတီမြစ်၊ရွှေတချောင်းနှင့် တက်သေးအင်း၊ အောင်ပင်လယ်ကန် ဝိုင်းရံလျက် ထီးပေါင်းကားအရပ်၌ မြို့တော်တည်သောနှစ်ကို အင်းအိုင်ဝိုက်လည် အမရတည် ဟုဖော်ပြခဲ့သည်။[]

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၄မိနစ်နှင့် ၂၂ဒီဂရီ ၄၆မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၀မိနစ်နှင့် ၉၆ဒီဂရီ ၀၃မိနစ် အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၄မိုင်၊ တောင်မှမြောက်သို့ ၅.၇၁မိုင်ရှိပြီး ၈၀.၁၁စတုရန်းမိုင် ကျယ်ဝန်းသည်။[]

နယ်နိမိတ်

အမရပူရမြို့နယ်၏ အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊တောင်ဘက်တွင် ဒုဋ္ဌဝတီမြစ်ခြား၍ စဉ့်ကိုင်မြို့နယ်၊အနောက်ဘက်တွင် ဒုဋ္ဌဝတီမြစ်ခြား၍ တံတားဦးမြို့နယ်နှင့် ဧရာဝတီမြစ်ခြား၍ စစ်ကိုင်းမြို့နယ်၊မြောက်ဘက်တွင် ချမ်းမြသာစည်မြို့နယ်တို့တည်ရှိသည်။ အမရပူရမြို့နယ်တွင် အမရပူရမြို့နှင့် မြစ်ငယ်မြို့ဟု ထားရှိသည်။

မြေမျက်နှာသွင်ပြင်

အမရပူရမြို့နယ်သည် မြေပြန့်လွင်ပြင်ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ၂၅၀အထက်တွင်ရှိသည်။ မြို့နယ်၏ အရှေ့ပိုင်းသည် ကုန်းမြင့်ပိုင်းဖြစ်ကာ အနောက်ဘက်နှင့်တောင်ဘက်သည် ဒုဋ္ဌဝတီမြစ်နှင့် ဧရာဝတီမြစ်တို့ ဆုံရာဒေသဖြစ်၍ အနောက်တောင်ဘက်တွင် နှစ်စဉ် ရေဝင်ရောက်လေ့ရှိသည်။

ဤမြို့နယ်သည် မြစ်၊ချောင်းများ ပေါများသည်။ ထင်ရှားသော မြစ်များမှ အရှေ့နှင့်အနောက် စီးဆင်းနေသော ဒုဋ္ဌဝတီမြစ်နှင့် မြောက်မှတောင် စီးဆင်းနေသော ဧရာဝတီမြစ်တို့ဖြစ်သည်။

Remove ads

လူဦးရေ

အမရပူရမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ချင်း၊ရှမ်း၊ရခိုင်၊ကရင်၊ကချင် လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။

စီးပွားရေး

အမရပူရမြို့နယ်သည် မန္တလေးမြို့ရှိ စီးပွားရေး အသင့်အတင့်ဖွံ့ဖြိုးသော မြို့နယ်ဖြစ်သည်။ မြို့နယ်အတွင်းရှိ ပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ယက္ကန်းလုပ်ငန်းလုပ်ကိုင်သည်။ အမရပူရမြို့နယ်မှ ချိတ်လုံချည်သည် နာမည်ကျော်ကြားသည်။ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ချည်မျှင်ရှည်ဝါတို့ စိုက်ပျိုးသည်။ နိုင်ငံတော်ပိုင် မြစ်ငယ်မီးရထားတွဲစက်ရုံနှင့် သစ်ခွဲစက်တို့ တည်ရှိသည်။ သစ်ခွဲ အလုပ်ရုံ၂ရုံလည်းရှိသည်။

Thumb
ယက္ကန်းလုပ်ငန်း

ဈေးများ

  • သိမ်ကြီးဈေး
  • နန်းရတနာဈေး
  • မြစ်ငယ်ဈေး
Remove ads

ပို့ဆောင်ဆက်သွယ်ရေး

အမရပူရမြို့နယ်အတွင်းရှိ အမရပူရမြို့တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်း၊စစ်ကိုင်း-မန္တလေးလမ်းများသည် ဤမြို့နယ်အတွင်းမှ ဖြတ်သွားသည်။

ပညာရေး

အဆင့်မြင့်ပညာ

အမရပူရမြို့နယ်အတွင်းတွင်

တို့တည်ရှိသည်။

အခြေခံပညာ

အထက

အထက်တန်းကျောင်း ၆ကျောင်းရှိသည်။

  • အထက မြစ်ငယ်
  • အထက ပလစ-၂
  • အထက ၁
  • အထက ၂
  • အထက ရွှေကြက်ယက်
  • အထက တမုတ်ဆိုး

အထက (ခွဲ)/အလက

  • အလက (ထ(ခွဲ)) ကုက္ကို
  • အလက (ထ(ခွဲ)) ရေကြည်ပေါက်
  • အလက (ထ(ခွဲ)) လိပ်ဆံခွန်
  • အလက (ထ(ခွဲ)) ကြည်မြင့်တိုင်
  • အလက (ထ(ခွဲ)) ယန္တရား
  • အလက မှန်တန်း
  • အလက ကင်းဘက်
  • အလက တလင်းကြီး
  • အလက ဆောက်တောဝ (တောင်)

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၈၈ကျောင်းရှိသည်။

Remove ads

ကျန်းမာရေး

ဆေးရုံများ

  • ပြည်သူ့ဆေးရုံ
  • မန္တလေး စိတ္တဇရောဂါကုဆေးရုံ
  • ရဲလွန်းကျော်
  • တလင်းကြီး
  • တမုတ်ဆိုး

ထင်ရှားသောနေရာများ

ဘာသာရေး

အခြား


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads