ရတ်နို မာဆုဒီ
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး From Wikipedia, the free encyclopedia
Remove ads
ရတ်နို မာဆုဒီသည် အင်ဒိုနီးရှားနိုင်ငံ၏ ၁၇ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ကာ ပထမဦးဆုံးသော အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။[၁]ယခင်က နယ်သာလန်၊အိုင်ယာလန်၊နော်ဝေ စသည့်နိုင်ငံများအတွက် အင်ဒိုနီးရှားနိုင်ငံ၏ သံအမတ်အဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။[၂]
၂၀၂၃ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီးနောက် ရတ်နို မာဆုဒီသည် မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းခဲ့သည့်ကိစ္စနှင့်ပက်သက်၍ အာဆီယံအထူးကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ခုနှစ်တွင် ဘရူနိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က ထိရောက်စွာမဖော်ဆောင်နိုင်ခဲ့သည့် မြန်မာ့အရေးအတွက် ၎င်းအနေဖြင့် တက်ကြွစွာ လှုပ်ရှားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းကာ ၎င်းကိုယ်တိုင် ဦးဆောင်မည်ဟု ၂၀၂၃ခုနှစ် နှစ်ဦးပိုင်းတွင် ပြောကြားခဲ့သည်။[၃]
Remove ads
ဘဝအစနှင့် ပညာရေး
ဆီမာရန်းမြို့တွင် မွေးဖွားခဲ့သည်။၁၉၈၅ခုနှစ်တွင် ဂါဒတ်ချ်မဒါ တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပညာဖြင့် ဘွဲ့ရရှိခဲ့သည်။ထို့နောက် ဟိတ်မြို့ရှိ တက္ကသိုလ်မှ ဘွဲ့လွန်ဘွဲ့ ရရှိခဲ့သည်။
သံတမန်ဘဝ
၁၉၉၇မှ ၂၀၀၁ခုနှစ်အတွင်း နယ်သာလန်နိုင်ငံ ဟိတ်မြို့ရှိ အင်ဒိုနီးရှား သံရုံးတွင် စီးပွားရေးဆိုင်ရာ ပထမအတွင်းဝန်အဖြစ် လုပ်ကိုင်ခဲ့သည်။၂၀၀၅ခုနှစ်တွင် နော်ဝေနှင့် အိုင်ယာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ် ဖြစ်လာခဲ့သည်။၂၀၁၂တွင် နယ်ယာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ် ဖြစ်လာခဲ့သည်။
နိုင်ငံရေးလှုပ်ရှားမှု
၂၀၁၄ခုနှစ် အောက်တိုဘာ ၂၇ရက်နေ့တွင် သမ္မတ ဂျိုကို ဝီဒိုဒိုက သူ၏ အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ [၄]

ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads