ဂျိုကို ဝီဒိုဒို
အင်ဒိုနီးရှားနိုင်ငံသမ္မတ From Wikipedia, the free encyclopedia
Remove ads
ဂျိုကို ဝီဒိုဒို (အင်္ဂလိပ်: Joko Widodo) သည် နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ သတ္တမမြေက် ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပြီး အင်ဒိုနီးရှားသမ္မတများတွင် နိုင်ငံရေး အထက်တန်းလွှာမိသားစု သို့မဟုတ် စစ်တပ်နောက်ခံမဟုတ်သော ပထမဆုံးသမ္မတ ဖြစ်လာခဲ့သည်။ သူသည် ယခင်က ဆူရာခတ်တာမြို့တော်ဝန်အဖြစ် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ၊ ဂျာကာတာ အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။
သူသည် ၂၀၀၉ ခုနှစ်တွင် ဆူရာခတ်တာမြို့တော်ဝန်အဖြစ်ဖြင့် နိုင်ငံအတွင်း ထင်ပေါ်ကျော်ကြားခဲ့သည်။ PDI-Pပါတီ၏ အဖွဲ့ဝင်အဖြစ် ၂၀၁၂ ဂျာကာတာမြို့ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အဖြစ် ဘဆူကီ တာဟာဂျာ ပူနာမာ့ နှင့်အတူ ဝင်ရောက်အရွေးခံခဲ့ပြီး လက်ရှိ အုပ်ချုပ်သူ ဖောက်ဇီ ဘိုဝိုကို အနိုင်ရခဲ့သည်။[၁] [၂] [၃]အုပ်ချုပ်သူအဖြစ် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဂျာကာတာ၏ အုပ်ချုပ်ရေးကို ပိုမို အားသစ်လောင်းခဲ့သည်။ မြို့၏ အကျင့်ပျက် ခြစားမှုများကို လျှော့ချကာ ဗျူရိုကရေစီအုပ်ချုပ်ရေးကို တိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ မြို့နေလူထုကျန်းမာရေး အတွက် စောင့်ရှောက်မှု၊ ရေကြီးမှုကို လျှော့ချရန် မြို့၏ အဓိကမြစ်ကြီးကို ထိန်းသိမ်းခြင်း၊ မြို့၏မြေအောက်ရထားစနစ်ကို လုံလောက်စွာ တည်ဆောက်ခြင်း စသည်တို့ ပါဝင်သော မြို့နေလူထု၏ သက်ရှည်ကျန်းမာရေး အစီအစဉ်တစ်ခုကိုလည်း တင်သွင်းခဲ့သည်။[၄]
အင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေးလောက၏ တောက်ပလာသော ကြယ်တစ်ပွင့်အဖြစ် တွေ့မြင်ခဲ့ရပြီး PDI-Pပါတီက ၂၀၁၄ သမ္မတရွေးကောက်ပွဲတွင် ဂျိုကို ဝီဒိုဒိုအား သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။[၅] အဓိကနေရာအများစုကို အနိုင်ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့တွင် သမ္မတလောင်းအဖြစ် ကြေညာခြင်းခံခဲ့ရသည်။ သူ၏ပြိုင်ဘက်ဖြစ်သူ ပရာဘိုဝို ဆူဘီရာနာတိုမှာ ရွေးကောက်ပွဲ ရလဒ်များကို ငြင်းဆိုခဲ့ပြီး ရေတွက်၍ မပြီးခင်အချိန်မှာပင် ရွေးကောက်ပွဲမှ နုတ်ထွက်သွားသည်။[၆]သမ္မတအနေဖြင့် ဂျိုကို ဝီဒိုဒိုသည် အခြေခံအဆောက်အဦးများ၊ ကြန့်ကြာနေသော အမြန်လမ်း၊ အမြန်ရထား၊ လေဆိပ်နှင့် အခြားအဆောက်အဦးများ စသည့် အင်ဒိုနီးရှား ကျွန်းပေါင်းစုံ ဆက်သွယ်ရေးအတွက် ဆောက်လုပ်ရေးအစီအစဉ်များ ပြန်လည်စတင်ခြင်း များကို အဓိကထား ဆောင်ရွက်ခဲ့သည်။[၇]နိုင်ငံခြားရေး မူဝါဒတွင် သူ၏ အုပ်ချုပ်ရေးမှာ အင်ဒိုနီးရှား၏ အချုပ်အခြာအာဏာကို အလေးထားကာကွယ်ခြင်း ဖြစ်သည်။[၈] သမ္မတအဖြစ် ၄ နှစ်အကြာတွင် ဂျိုကို ဝီဒိုဒို၏ လူထုထောက်ခံအားမှာ မြင့်မားဆဲဖြစ်သည်။ ၂၀၁၉ သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် ပြန်လည် ရွေးကောက်ခံရနိုင်ကြောင်းလည်း တွေ့ကြရသည်။
Remove ads
အစောပိုင်းဘဝ
ဂျိုကို ဝီဒိုဒိုသည် ၁၉၆၁ ခုနှစ် ဇွန်လ ၂၁ ရက်၌ ဂျာဗားမျိုးနွယ်မှ ငယ်နာမည် မူလန်နိုအဖြစ် မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်အနက် အကြီးဆုံးဖြစ်ကာ နိုတို မဟာဂျိုနှင့် ဆူဂျီအက်မီ နိုတို မဟာဂျိုတို့၏ တစ်ဦးတည်းသောသား ဖြစ်သည်။ ဆရီယမ်တီနယ်၊ အီတာယတီနှင့် တိုင်တစ် ရီလဝါတီဆိုသော ညီမငယ် ၃ ယောက်ရှိသည်။[၉]ဖခင်ဖြစ်သူမှာ ကရိန်းကာနရာမှဖြစ်ပြီး ဘိုးဘွားများမှာ ဘွိုင်ရော်လော်လီရှိ ရွာတစ်ရွာမှ ဖြစ်သည်။ အသက် ၁၂ နှစ်အရွယ်တွင် သူ့အဖေ၏ ပရိဘောဂဆိုင်တွင် အလုပ်လုပ်ခဲ့သည်။ ငယ်ရွယ်စဉ်အခါက အိမ်မှ ၃ ကြိမ် နှင်ထုတ်ခံခ့ရခြင်းက သူ့အား တွေးခေါ်မှုများကို သင်ကြားပေးခဲ့ပြီး နောက်ပိုင်းတွင် ဆူရတ်ခါတာမြို့တော်ဝန် ဖြစ်လာစေခဲ့သည်။[၁၀]ဂျိုကိုဝီ ဒိုဒို၏ အမည်ပြောင်မှာ ဂျိုကိုဝီဖြစ်သည်။
ပညာရေးနှင့် စီးပွားရေးလုပ်ငန်း
သူ၏ မူလတန်းပညာကို ချမ်းသာကြွယ်ဝသူ နည်းပါးသည့်ကျောင်းဖြစ်သော အစိုးရမူလတန်းကျောင်း ၁၁၁ တွင် သင်ကြားခဲ့သည်။[၁၁] ထို့နောက် ဆူရတ်ခါတာရှိ အစိုးရ ဂျူနီယာအထက်တန်းကျောင်းတွင် ပညာသင်ခဲ့သည်။ ဆူရတ်ခါတာရှိ အစိုးရစီနီယာ အထက်တန်းကျောင်း အမှတ် ၁ တွင် ဆက်လက် ပညာသင်ကြားလိုသော်လည်း ဝင်ခွင့် စာမေးပွဲကို မအောင်မြင်၍ အစိုးရ စီနီယာ အထက်တန်းကျောင်း အမှတ် ၆ တွင်သာ ပညာသင်ခဲ့ရသည်။[၁၂]ဂျိုကို ဝီဒိုဒိုသည် ရော့ရီကာတာရှိ ဂါဒတ်ချ် မဒါတက္ကသိုလ်မှ ၁၉၈၅ ခုနှစ်တွင် သစ်တောဆိုင်ရာဖြင့် ဘွဲ့ရရှိခဲ့သည်။ ထိုနေရာတွင်ပင် အထပ်သားနှင့် ပက်သက်သည့် သင်ကြားမှုနှင့် သုတေသန လုပ်ငန်းပါ လုပ်ကိုင်ခဲ့သည်။ ထို့နောက် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော PT Kertas Kraft Acehတွင် လုပ်ကိုင်ခဲ့သည်။ ထိုနေရာတွင် သစ်တောနှင့် ကုန်ကြမ်း ကြီးကြပ်သူအဖြစ် ၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အလုပ်ဝင်ခဲ့သည်။
သို့သော် ဂျိုကို ဝီဒိုဒိုသည် မကြာခင်တွင် သူ၏လုပ်ငန်းကို စိတ်မဝင်စားတော့ပဲ အိမ်ပြန်ခဲ့သည်။ ထို့နောက် သူ့အဘိုး၏ ပရိဘောဂစက်ရုံတွင် တစ်နှစ်အကြာ လုပ်ကိုင်ခဲ့ပြီးနောက် ရာခါဘူဟူသော အမည်ဖြင့် သူ၏ ကိုယ်ပိုင် ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ထိုအမည်မှာ သူ၏ ပထမဆုံး ငယ်နာမည်ဖြစ်သည်။ ကျွန်းသစ် ပရိဘောဂများကို အဓိက ထုတ်လုပ်သော ထိုကုမ္ပဏီမှာ ဒေဝါလီခံရနီးနီး ဖြစ်ခဲ့သော်လည်း ဂတ်စ်ကုမ္ပဏီမှ ချေးငွေ ရူပီယာ သန်း ၅၀၀ ဖြင့် အသက်ဆက်ရှင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ကုမ္ပဏီမှာ နိုင်ငံတကာဈေးကွက်သို့ပင် တင်ပို့ရောင်းချလာရသည်။ သူတို့ရောင်းအားတက်ခဲ့ရသည်မှာ ပြင်သစ်တွင် ပထမဆုံး ဥရောပဈေးကွက် ရောင်းချခဲ့ရသည်ပင် ဖြစ်ခဲ့သည်။ ပြင်သစ်မှ ဝယ်ယူသူ ဘားနတ်ကြောင့် ဂျိုကို ဝီဒိုဒိုမှာ ဂျိုကိုဝီအဖြစ် အမည်ပြောင် ပေးခံခဲ့ရခြင်းဖြစ်သည်။[၁၃][၁၄]
၂၀၀၂ ခုနှစ်တွင် ဂျိုကို ဝီဒိုဒိုမှာ ဆူရတ်ခါတာမြို့ ပရိဘောဂထုတ်လုပ်သူများ အသင်း၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဥရောပတွင်ရှိသော မြို့များ၏ သေရပ်လှသော မြို့ကွက်များကို အရောင်းမြှင့်တင်စဉ်က တွေ့ရှိခဲ့ရ၍ သူ၏ ဆူရတ်ခါတာမြို့ကို ပြန်လည်ပြုပြင်ရန်အတွက် နောက်ဆုံးတွင် ဂျိုကို ဝီဒိုဒိုက နိုင်ငံရေးလောကအတွင်း ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။
Remove ads
နိုင်ငံရေးသမား
ဆူရတ်ခါတာ မြို့တော်ဝန်
၂၀၀၄ ခုနှစ်တွင် PDI-Pပါတီသို့ ဝင်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် အက်ဖ် အိတ်စ် ဟယ်ဒီ ရူဒီရာမိုနှင့်အတူ PDI-Pပါတီနှင့် NAPပါတီတို့၏ ထောက်ပံ့မှုဖြင့် ဆူရတ်ခါတာ မြို့တော်ဝန်ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သည်။[၁၅]သူတို့အတွဲမှာ ၃၆.၆၂% ဖြင့် လက်ရှိမြို့တော်ဝန် ဆလာမတ် ဆူရီအန်တိုနှင့် အခြား ၂ ယောက်ကို အနိုင်ရခဲ့သည်။ ဂျိုကို ဝီဒိုဒိုမှာ မြို့တော်ဝန်နေရာကို ပထမဆုံး ရယူအပြီး ပရိဘောဂနှင့် စီးပွားရေးလုပ်ငန်းများကို မေးခွန်းထုတ်ခံခဲ့ရသည်။ စာတမ်းတစ်ခုမှ ဂျိုကို ဝီဒိုဒို၏ အုပ်ချုပ်မှုပုံစံ အောင်မြင်ရခြင်းမှာ ပြည်သူများနှင့် အပြန်အလှန် နားလည်မှုကြောင့် ဟုဆိုသည်။ သူ စီးပွားရေးလုပ်စဉ်က မကြာခဏသွားရောက်ခဲ့သော ဥရောပမြို့များ၏ ပုံစံကို နမူနာယူကာ ဆူရတ်ခါတာမြို့၏ ပုံစံသစ် ချမှတ်ခဲ့သည်။
ဆူရတ်ခါတာမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ၇ နှစ်အတွင်း အောက်ပါ မူဝါဒများ ပါဝင်သည်။
- ရိုးရာဈေး အသစ်များ တည်ဆောက်ရန်နှင့် ရှိရင်းစွဲ ဈေးအသစ်များကို ပြန်လည် မွန်းမံရန်
- ဆူရတ်ခါတာ အဓိက လမ်းမကြီးတွင် ၃ မီတာအကျယ်ရှိကာ ၇ ကီလိုမီတာ ရှည်လျားသည့် လူသွားလျှောက်လမ်းတစ်ခု တည်ဆောက်ရန်
- ဘလယ်ကမ်ဘမ်နှင့် ဆရီဝီဒါ ဥယျာဉ်များ ပြန်လည် စိမ်းလန်းရန်
- မြို့၏ အဓိက လမ်းမများတွင် သစ်ပင်ခုတ်ခြင်းများကို တင်းကျပ်ရန်
- ဆူရတ်ခါတာကို ဂျာဗား၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဗဟိုဌာနအဖြစ် ပြန်လည်လုပ်ဆောင်ရန်
- မြို့အား အစည်းအဝေးများ၊ ပြပွဲကြီးများ၏ အဓိကဌာန တစ်ခုဖြစ်လာစေရန်
- သူ၏ မိသားစုဝင်များအား မြို့၏ စီမံကိန်းများတွင် ပါဝင်ရန် တားမြစ်ခြင်းဖြင့် အကျင့်ပျက်ခြစားမှုကို လျော့ကျစေသည်။
- နေထိုင်သူအားလုံးအတွက် ကျန်းမာရေးနှင့် ပညာရေး အာမခံချက်ရှိရန်
- BRT ဘတ်စ်ကားစနစ်
သူ့ကို ထောက်ခံသူများက သူ့လက်ထက်အတွင်း မြို့၏ တိုးတက်ပြောင်းလဲလာမှုများကို ထောက်ပြကြသည်။ ဆူရတ်ခါတာကို ပြန်လည် မွန်းမံခြင်းဖြင့် ကမ္ဘာ့ အမွေအနှစ်မြို့များအဖွဲ့အစည်းသို့ အဖွဲ့ဝင်ရန် လျှောက်ထားခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ခွင့်ပြုချက်ရကာ အဖွဲ့၏ ၂၀၀၈ ခုနှစ် ညီလာခံကို ထိုမြို့တွင် ကျင်းပခဲ့သည်။ ၂၀၀၇ ခုနှစ်ကလည်း ကမ္ဘာ့ဂီတပွဲတော်ကို လက်ခံကျင်းပခဲ့ပြန်သည်။
၂၀၁၀ တွင် မြို့တော်ဝန်အဖြစ် ဒုတိယအကြိမ် ပြန်လည် အရွေးခံရပြန်သည်။ ဤတစ်ကြိမ်တွင်လည်း အက်ဖ် အိတ်စ် ဟယ်ဒီ ရူဒီရာမိုနှင့်ပင် ဖြစ်သည်။ သူတို့အတွဲသည် မဲရုံ တစ်ခုတွင်သာ ရှုံးနိမ့်ခဲ့ကာ ၉၀.၀၉% ဖြင့် အနိုင်ရရှိခဲ့သည်။
ဂျာကာတာ အုပ်ချုပ်ရေးမှူ

ဂျာကာတာမြို့ကို နိုင်ငံ၏ မြို့တော်ဖြစ်သဖြင့် ပြည်နယ်အဆင့်နှင့် အညီ အုပ်ချုပ်ကာ မြို့တော်ဝန်မထားပဲ အုပ်ချုပ်ရေးမှူးက အုပ်ချုပ်သည်။ ဂျိုကို ဝီဒိုဒိုက ၂၀၁၂ ဂျာကာတာ အုပ်ချုပ်သူရွေးပွဲကို လက်ရှိ အုပ်ချုပ်ရေးမှူး ဖောက်ဇီ ဘိုဝိုကို အနိုင်ရကာ အုပ်ချုပ်သူဖြစ်လာသည်။ မြို့တော်ဝန်အဖြစ် ဂျိုကို ဝီဒိုဒိုမှာ သာမန်ဝတ်စုံဖြင့် ပြည်သူများကြားထွက်ကာ အစားအစာ ဈေးနှုန်း၊ အိမ်ရာ အခက်အခဲများ စသည်တို့ကို နားထောင်လေ့ရှိသည်။
အုပ်ချုပ်ရေးမှူးဖြစ်လာပြီးနောက် ဒေသ၏ အခွန်နှင့် ဘတ်ဂျက်များ သိသိသာသာ တိုးလာခဲ့သည်။

ကျန်းမာရေး ကဏ္ဍတွင် "ဂျာကာတာ ကတ်"ဆိုသော ကျန်းမာရေး အစီအစဉ်တစ်ခု ဆောင်ရွက်ခဲ့သည်။ သူ၏ အခြား ထင်ရှားသော အုပ်ချုပ်ရေးမူဝါဒများမှာ ဗျူရိုကရတ်တစ် စုဆောင်းမှုလည်း ပါဝင်သည်။
Remove ads
သမ္မတ ရွေးကောက်ပွဲ
၂၀၁၄
မီဂါဝတီသည် သူ့ပါတီ၏ သမ္မတလောင်းကို ဂျိုကို ဝီဒိုဒိုအား ရွေးချယ်ခဲ့သည်။ စစ်တမ်းများ၏ ရလဒ်များကို လျင်မြန်စွာ တွက်ချက်ပြီးနောက် ဇူလိုင် ၉ ရက်နေ့တွင် ဂျိုကို ဝီဒိုဒိုက အနိုင်ရကြောင်း ကြေညာခဲ့သည်။ သို့သော် ပြိုင်ဖက်ဖြစ်သူ ပရာဘိုဝို ဆူဘီရာနာကလည်း သူအနိုင်ရကြောင်း ကြေညာခဲ့ပြန်ရာ ပြည်သူများအကြား ရှုပ်ထွေးစေခဲ့သည်။ ဇူလိုင် ၂၂ ရက်နေ့ တရားဝင် မဲရလဒ်များ မထွက်မီ နာရီပိုင်း အလိုတွင် ပရာဘိုဝိုမှ နုတ်ထွက်သွားသည်။ ရွေးကောက်ပွဲ ကော်မရှင်က ဂျိုကို ဝီဒိုဒိုအား ၅၃.၁၅% (၇၀, ၉၉၇, ၈၅၉)၊ ပရာဘိုဝိုအား ၄၆.၈၅% (၆၂, ၅၇၆, ၄၄၄)ဖြင့် ကြေညာခဲ့သည်။
၂၀၁၉
၂၀၁၈ တွင် ဂျိုကို ဝီဒိုဒိုက သူ့အနေဖြင့် ၂၀၁၉ သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖွယ်ရှိကြောင်း ကြေညာခဲ့သည်။ သူ၏ ဒုတိယသမ္မတ ဂျူးဆက်ကာလာမှာမူ ဆက်လက်အရွေးခံရန် မဖြစ်တော့ပေ။ အကြောင်းမှာ ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ သမ္မတ ဆိုဆီလိုလက်ထက်တွင် ဒုသမ္မတ လုပ်ခဲ့ပြန်ရာ တာဝန်သက်တမ်း ၂ ကြိမ် ပြည့်ပြီဖြစ်သည်။ ဂျိုကို ဝီဒိုဒို၏ မိတ်ဖက်အဖြစ် ယခင် ကာကွယ်ရေးဝန်ကြီးနှင့် ဖွဲ့စည်းပုံခုံရုံး၏ တရားသူကြီးချုပ် မားဖတ် အမ်ဒီ ဖြစ်လာနိုင်သည်ဟု ယူဆခဲ့ကြသည်။ ၂၀၁၈ ဩဂုတ် ၉ရက်တွင် ဂျိုကို ဝီဒိုဒိုက မားရတ် အမင်ကို သူ၏ မိတ်ဖက်အဖြစ်ရွေးနိုင်ကြောင်း ကြေညာခဲ့သည်။
နိုင်ငံတော် သမ္မတ

အစိုးရအဖွဲ့

၂၀၁၄ခုနှစ် အောက်တိုဘာ ၂၆ရက်နေ့တွင် သူ၏ ၃၄ယောက်ပါသော အစိုးရအဖွဲ့ကို ကြေညာခဲ့သည်။ ထိုအထဲတွင် အင်ဒိုနီးရှား၏ ပထမဆုံးသော အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ပါဝင်သည်။
စီးပွားရေး
၂၀၁၅ အစောပိုင်းက နိုင်ငံ၏ GDPမှာ ၄.၉၂% တိုးတက်ခဲ့သည်။
လူ့အခွင့်အရေး
အင်ဒိုနီးရှားတွင် သမ္မတအမိန့်ဖြင့် သေဒဏ်ပေးနိုင်သည်။ သူက မည်သည့် မူးယစ်အမှုမျိုးကိုမဆို အာမခံရန် ငြင်းဆိုခဲ့သည်။
နိုင်ငံခြားရေး မူဝါဒ

ယခင်သမ္မတ ဆူဆီလိုက ဖော်ပြလျက်တစ်ခုတွင် မိတ်ဆွေတစ်ထောင် ရန်သူမရှိ ဟု ပြောခဲ့သည်။ ဂျိုကို ဝီဒိုဒိုက နိုင်ငံနှင့်နိုင်ငံသားတို့၏ အချုပ်အခြာကို အလေးပေးသည်။
Remove ads
မိသားစုနှင့် ပုဂ္ဂိုလ်ရေးဘဝ
ဂျိုကို ဝီဒိုဒိုသည် သူ့၏ ဇနီး အရီနာ ဂျိုကို ဝီဒိုဒိုကို ၁၉၈၆ တွင် လက်ထပ်ခဲ့သည်။ ကလေး ၃ ယောက်ရရှိခဲ့သည်။ ဂျိုကို ဝီဒိုဒိုကို မွတ်စလင်ဖြစ်သော်လည်း သူ၏အပြင်လောကကို အမြင်ကျယ်သူဟု ဖော်ပြကြသည်။ [၁၆]၂၀၁၃တွင် ဂျိုကိုဝီဟု အမည်ပေးထားသော သူ၏ငယ်ဘဝအကြောင်း ရိုက်ကူးထားသည့် ဇာတ်ကား ထွက်ရှိခဲ့သည်။
ရော့ခ်သီချင်းများ စိတ်ဝင်စားခြင်း
The Economist အရ ဂျိုကို ဝီဒိုဒိုမှာ ရော့ခ်ဂီတကို နှစ်သက်ကာ ရောဘတ်၏ လက်မှတ်ပါသော ဘေ့စ်ဂီတာရှိသည်ဟု ဆိုသည်။
Remove ads
ဆုတံဆိပ်များ
- National honours
အင်ဒိုနီးရှားနိုင်ငံ
- Star of Service Rank of Utama – ၂၀၁၁
Star of the Republic of Indonesia Rank of Adipurna – 2014
- Foreign honours
ဘရူနိုင်းနိုင်ငံ
The Most Esteemed Family Order of Brunei (DK) – ၇ ဖေဖော်ဝါရီ ၂၀၁၅
ဆော်ဒီအာရေဗျနိုင်ငံ
အရှေ့တီမောနိုင်ငံ
Great-collar of the Order of Timor-Leste - ၂၆ ဇန်နဝါရီ ၂၀၁၆
ဆွီဒင်နိုင်ငံ
Knight of the Royal Order of the Seraphim - ၂၂ မေ ၂၀၁၇
အာဖဂန်နစ္စတန်
- Medal of Ghazi Amanullah - ၂၉ ဇန်နဝါရီ ၂၀၁၈
Remove ads
ကိုးကားချက်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads