ရန်ကုန်စတော့အိတ်ချိန်း
From Wikipedia, the free encyclopedia
Remove ads
ရန်ကုန်စတော့အိတ်ချိန်း (အင်္ဂလိပ်: Yangon Stock Exchange၊ အတိုကောက် YSX) သည် ယခင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြဝတီဘဏ် (ရန်ကုန်ဌာနချုပ်)တို့ ဖွင့်လှစ်ခဲ့သော အဆောက်အဦးနေရာတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ၌ ဖွင့်လှစ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဂျပန်ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် Daiwa Securities Group ၏ သုတေသနဌာနဖြစ်သော Daiwa Institute of Research နှင့် Japan Exchange Group တို့သည် အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်နှင့် ဖက်စပ်လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ခဲ့သည်။ ဖက်စပ်ကုမ္ပဏီဖြစ်သည့် Yangon Stock Exchange-Joint Venture Limited ၏ လုပ်ငန်းမတည်ငွေသည် US$၃၁ သန်းဖြစ်သည်။ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ကမ္ဘောဇဘဏ်ကို YSX ၏ အခြေချဘဏ်အဖြစ် ရွေးချယ်ခဲ့သည်။
Remove ads
အဆောက်အဦးသမိုင်း

ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် တည်ရှိသော YSX အဆောက်အဦးသည် ယခင်က မြန်မာနိုင်ငံတော်ဗဟိုဘဏ် တည်ရှိသည်။[၁] နီယိုဂန္ထဝင်ဗိသုကာ ပုံစံကို G Douglas Smartမှ ဒီဇိုင်းထုတ်ကာ ၁၉၃၉ ခုနှစ်တွင် Reserve Bank of India ၏ ရန်ကုန်ရုံးခွဲအဖြစ် ဖွင့်လှစ်ခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် ဗြိတိသျှအိန္ဒိယမှ ခွဲထွက်ပြီးသည့်တိုင် ဗြိတိသျှမြန်မာ၏ ဘဏ္ဍာရေးစနစ်ကို စီမံခန့်ခွဲခဲ့သည်။
အဆောက်အဦးသည် ဗြိတိန်နိုင်ငံမှ လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံဘဏ် (ပြည်တောင်စုဘဏ်)၏ တည်နေရာ ဖြစ်လာပြီး ပထမဦးဆုံး မြန်မာကျပ်ငွေကို ၁၉၅၂ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေပေးနိုင်ခဲ့သည်။ ၁၉၉၃ ခုနှစ်အထိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နေရာအဖြစ် ထားရှိခဲ့ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ်အထိ တပ်မတော်ပိုင် မြဝတီဘဏ်၏ ရန်ကုန်ရုံးချုပ်နေရာ ဖြစ်လာခဲ့သည်။[၁]
Remove ads
စာရင်းဝင်ကုမ္ပဏီများ
စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသော ကုမ္ပဏီ ၆ ခုရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads